Wednesday, December 17, 2014
3:00 AM
Unknown
ချစ်မှုရေးရာ
No comments
ခွန်နေ - Khun Nay
စိတ်ဆိုးပြီး အော်ဟစ်သောင်းကျန်း တတ်တဲ့သား ကို တစ်နေ့တော့ အဖေဖြစ်သူကစကားခေါ်ပြောတယ် ။ " သား မင်းစိတ်ဆိုးတဲ့အခါတိုင်း အော်ဟစ်သောင်းကျန်း နေမယ့်အစား စိတ်တစ်ခါဆိုးတိုင်း ပြတင်းပေါက်ကို သံမှိုတစ်ချက်စီ ရိုက် ၊ ဟုတ်ပြီလား "
အစကတော့ အဖေရဲ့  ပြောစကားကိုသားက သဘောမပေါက်ခဲ့ဘူး ။
ဒီလိုနဲ့ ကောင်လေးဟာ စိတ်ဆိုးတိုင်း ပြတင်းပေါက်ကို သံမှို တစ်ချက်ရိုက်တယ် ။ စိတ်ဆိုးတိုင်း အမြဲရိုက်တယ် ။ ကောင်လေး စိတ်ဆိုးပြေလာတဲ့ နေ့ရောက်တော့အဖေဖြစ်သူက ခေါ်ပြီး ရိုက်ခဲ့တဲ့ သံမှိုတွေကို တစ်ခုချင်းစီ ဆွဲထုတ်ပြတယ် ။
" သားဒီမှာတွေ့လား ၊ မင်းကတော့ အခု စိတ်ဆိုးပြေသွား ပေမယ့် ပြတင်းပေါက်လေးမှာ တော့သံမှိုရာလေးတွေ ကျန်ခဲ့တယ် ။ အကောင်း ပကတိအတိုင်း မဖြစ်တော့ဘူး "
့
ဒီလိုပါပဲ ချစ်သူသမီးရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဆိုး စိတ်ကောက်တာ တွေအနည်းငယ်ရှိကြမှာပါပဲ ။ ဒါပေမယ့် အကြိမ်ရေများလာအောင် ကိုယ့်ချစ်သူကိုစိတ်ဆိုးအောင် ၊ စိတ်ဆင်းရဲအောင် လုပ်နေမယ်ဆိုရင်တော့ ခုနကပြောတဲ့ ပြတင်းပေါက်လေးလိုပေါ့ ။ ကိုယ်ကတောင်းပန်လို့ ချစ်သူက စိတ်ဆိုးပြေသွားပေမယ့် အကြိမ်ရေများတဲ့အခါ အရင်လို အကောင်းပကတိ အတိုင်းတော့ ဘယ်ဖြစ်နိုင်ပါ တော့မလဲ ။ ဒါကြောင့် ကိုယ်ချစ်တဲ့ သူကို စိတ်ဒါဏ်ရာတွေ ထပ်ခါထပ်ခါ မပေးမိအောင် ဆင်ခြင်နိုင်ပါစေလို့ ခံစားချက်နဲ့ သတိပေး ဆန္ဒပြုလျက် ။
(ဖတ်ခဲ့ဖူးတဲ့စာလေးကြာပါပြီ မှတ်မိသလောက်ပြန်ရေးပေးလိုက်တယ်)
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။