Wednesday, December 17, 2014
2:58 AM
Unknown
ချစ်မှုရေးရာ
No comments
https://www.facebook.com/KhunNayTunMedia
ကျမတို့ မိန်းကလေးတွေဟာ ကိုယ်ချစ်တဲ့သူနဲ့ ချစ်သူလို့ဖြစ်လာပြီဆိုရင်
ဘဝတစ်ခုလုံး ပေးအပ်ထားတယ်လို့ ပုံကြီးမချဲ့ ချင်ပေမယ့်
တစ်စိတ်တစ်ပိုင်းတော့ ကိုယ်ချစ်တဲ့သူကိုပေးဆပ်ထားရတာပါ ။
ဒါပေမယ့် အချို့ သော ကိုကိုတွေက အချစ်ကို Sex နဲ့ရောချလာတတ်ပါတယ် ။
ယောင်္ကျားတွေရဲ့ စကားဝိုင်းမှာကြားနေကျ စကားလုံးတွေပေါ့ ။ ယောင်္ကျား
တစ်ယောက်က ချစ်သူရလာပြီဆိုရင် ဘယ်လိုတန်ဖိုးထားချစ်ရမယ်ဆိုတာထက်
ချစ်သူမိန်းကလေးနဲ့ ဘာလုပ်ပြီးပြီလဲ ၊ ဘယ်အခြေအနေရောက်ပြီလဲ ၊ ဟိုတယ် သွားပြီးပြီလား ဆိုတဲ့စကားတွေသာ အများဆုံးလွှမ်းမိုးထားတတ်ကြပါတယ် ။
အချစ်တစ်ခုပြည့်စုံဖို့အတွက် SEX ကအရေးကြီးတယ်လို့ ကိုကိုတွေက ထင်မှတ်ထားပုံရတယ် ။ အမှန်တော့ အချစ်က အချစ်ပါ ။ Sex က Sex သက်သက်စီသာရှိပါတယ် ။ အချစ်တစ်ခု တည်ဆောက်တဲ့အခါ နားလည်မှု ၊ ရိုးသားမှု ၊ သစ္စာရှိမှု တွေနဲ့အတူတစ်ယောက်နဲ့တစ်ယောက် နွေးထွေးတဲ့ မေတ္တာတွေနဲ့ ဖွဲ့စည်းထားတာပါ ။
Sex ပါမှ ကျမတို့မိန်းကလေးတွေ ကိုယ့်ချစ်သူကို ပိုပြီးချစ်သွားတယ်ဆိုတာ အမှန်တော့မဟုတ်ပါဘူး ။ ကျမတို့ရဲ့ သွေးသားကို ပေးဆပ်လိုက်ရတဲ့အတွက် ကိုယ့်ချစ်သူ ယောင်္ကျားလေး ဥပေက္ခာပြုသွားမှာ ၊ ကိုယ့်ကို တန်ဖိုးမထားတော့မှာဆိုတဲ့ ကြောက်စိတ်နဲ့သာ ကျမတို့မိန်းကလေးတွေက ခံစားရတာပါ ။ ဒါကိုနားမလည်တဲ့ ကိုကိုတွေက Sex ကိစ္စကြောင့် သူတို့ကို ပိုပြီးစွဲလန်းလာတယ်လို့ ယူဆထားကြတယ် ။ Sex ဆိုတာ သွေးသားရဲ့ တောင်းတမှု ဆန္ဒတစ်ခုသာဖြစ်တယ် ။ ဆန္ဒကို ချုပ်ထိန်းဖို့ဆိုတာ ပုထုဇဉ်တစ်ယောက်အနေနဲ့ မလွယ်ဘူးဆိုတာ ကျမတို့နားလည်ထားပါတယ် ။ နားလည်ထားတဲ့အတွက်ပဲ ရှက်စိတ် ကြောက်စိတ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကျမတို့မိန်းမသားတွေဟာ နောက်ဆုံးတော့လည်း ကိုယ်ချစ်သူ ရဲ့  ပြုသမျှနုခဲ့ရတာပါ ။ ဒါကြောင့် ကိုယ့်ချစ်သူ မိန်းကလေးကို တန်ဖိုးထား ချစ်တတ်ပါစေလို့ ပြောချင်တာထက် သစ္စာရှိရှိ ချစ်နေပေးပါလို့ပဲ ကျမပြောချင်ပါတယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။