Saturday, May 2, 2015

ခွန်နေ - Khun Nay

ဆယ်ကျော်သက် လူငယ် နှစ်ယောက် အွန်လိုင်းမှာ တွေ့ကြတယ် ။

တစ်ယောက်နဲ့ တစ်ယောက် စကားပြောလို့ ခင်မင်ရင်းနှီးသွားတယ် ။
ကောင်လေးက အဆင့်တက်ပြီး ကောင်မလေးရဲ့  ပုံကိုကြည့်ချင်လို့
ဓာတ်ပုံလေးပြဖို့ တောင်းဆိုတယ် ။
ကောင်မလေးက ငါအရမ်းရုပ်ဆိုးတဲ့အတွက် မကြည့်ပါနဲ့လို့ ကောင်လေး
ကို ပြန်ပြောတယ် ။
" ငါ့ပုံကိုမြင်ရင် နင့်ငါ့ကိုခင်တော့မှာမဟုတ်ဘူး "
" ရုပ်ဆိုးလည်း ကြည့်ချင်တယ် ခင်တယ်ဆိုရင်ပြပါ "
မတတ်နိုင်တော့တဲ့အဆုံး ကောင်မလေးက
သူမပုံကို ကောင်လေးကိုပြလိုက်တယ် ။
ဒါပေမယ့် ကောင်လေးက ဓာတ်ပုံကိုမြင်မြင်ချင်း
ကောင်မလေးကို ချစ်မိသွားတယ် ။
ကောင်မလေး အရမ်းလှတယ်ဆိုတဲ့အကြောင်း
ကောင်မလေးကိုပြောလို့ နှစ်ယောက်သား
စကြနောက်ကြနဲ့ ခင်မင်ရင်းနှီးမှုတွေပိုလာတယ် ။
တဆင့်တက်လို့ ဖုန်းတွေနဲ့ အပြန်အလှန်
မက်ဆေ့စ်ပို့တဲ့ အထိဖြစ်လာတယ် ။
တစ်ရက်တော့ ကောင်လေးဟာ ခံစားချက်တွေ
မထိန်းချုပ်နိုင်လို့ ဖုန်းနဲ့ မက်ဆေ့စ်ပို့ ပြီး
သူ့ရင်ကခံစားချက်တွေ ဖွင့်ပြောလို့ ကောင်မလေးကို ချစ်ရေးဆိုလိုက်တယ် ။
ကောင်လေး ချစ်ရေးဆိုလိုက်တဲ့ အချိန်မှာပဲ ကောင်မလေးဟာ မျက်ရည်စို့နင့်
ဝမ်းနည်းသွားတယ် ။ ကောင်မလေးက မက်ဆေ့စ်ပြန်ပို့တယ်
" ငါ့ကိုသူငယ်ချင်းလိုပဲခင်နေပေးပါ.. ငါအပြင်မှာ တကယ်ရုပ်ဆိုးလို့ပါ "
ကောင်လေးက လက်မခံဘူး ။ မက်ဆေ့စ်ပို့တာ အားမရလို့ ဖုန်းဆက်ပြီးပြောတယ် ။ ကောင်မလေးက ဖုန်းကိုင်တယ် ။ ဒါပေမယ့် ကောင်လေး ဘာပြောပြော ပြန်မပြောပဲ ဖုန်းချပစ်လိုက်တယ် ။ ကောင်လေးဖုန်းဆက်တိုင်း ဖုန်းမကိုင်ပဲ ဖုန်းချပစ်တယ် ။
ကောင်လေးက သူ့အချစ်ကို လက်မခံဘူးအထင်နဲ့ ဝမ်းနည်းခဲ့ရပေမယ့်
ကောင်မလေးကတော့ နဂိုအတိုင်း အခင်အမင်မပျက်
မက်ဆေ့စ်တွေပို့ကြလို့ သံယောဇဉ်တွေ ဖြစ်လာခဲ့ရတယ် ။
နှုတ်က ဖွင့်မပြောခဲ့ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နားလည်လာကြတယ် ။
တစ်နေ့တော့ ကောင်မလေးရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို လာဖို့ ကောင်လေးကို
သူ့အိမ်ကို ဖိတ်တယ် ။ ကောင်လေးက အားရဝမ်းသာဖြစ်ပြီး မွေးနေ့အတွက် ပြင်ဆင်လို့
ကောင်မလေးရဲ့ မွေးနေ့ပွဲကိုရောက်ရှိလာတယ် ။ မွေးနေ့ပွဲမှာ ကောင်မလေးကို မြင်မြင်ချင်း
ရင်ခွင်ထဲကို ပွေ့ဖက်လို့ နှစ်ယောက်သား မပြောပဲနားလည်တဲ့ ဘာသာစကားနဲ့ ကြည့်နှုးနေကြတယ် ။ ပြီးတော့ ကောင်မလေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး
အပြင်ကိုပြေးထွက်လို့ နှစ်ယောက်သား မိုးမမြင်လေမမြင်ကြည်နှုး နေခိုက် အပျော်လွန်ပြီး ကောင်မလေး နှလုံးဖောက်လို့ မူးမေ့သွားတယ် ။
ကောင်လေးအသည်းအသန်ဖြစ်လို့ ကောင်မလေးကိုဆေးရုံပို့ နှလုံးရောဂါကြောင့် မျော်လင့်ချက်မရှိတော့တဲ့ ချစ်သူလေးရဲ့  လက်ကို ဖမ်းဆုပ်လို့ ကောင်လေးက
" နင်ငါ့ကို ချစ်တယ်ဆိုတာလေး ပြောခဲ့ဦးလေ " နှစ်ယောက်လုံး
မျက်ရည်တွေ ရွှဲနစ်လို့ ကောင်မလေးက ဖုန်းကိုတောင်းလိုက်တယ် ။ ပြီးတော့ ဖုန်းထဲမှာရေးလိုက်တာက " ငါဘဝမှာ ဒီနေ့အပျော်ရွှင်ဆုံးပဲ ၊ ငါနင့်ကို အရမ်းချစ်ပါတယ် " လို့ပြောပြီး ကောင်မလေး သေဆုံးသွားတယ် ။ နှုတ်က ဖွင့်မပြောခဲ့တဲ့ ချစ်သူကို သူနားမလည်ခဲ့ပေမယ့် နောက်မှ သိလိုက်ရတာက
ငယ်ငယ် ကျန်မာရေး ချို့ ယွင်းချက်ကြောင့် ကောင်မလေးဟာ စကားမပြောတတ်ခဲ့ဘူး ။
ဝမ်းနည်းစွာ ငိုကြွေးလို့ ကောင်လေး သဘောပေါက်လိုက်တာက
" အချစ်ဆိုတာ လူချင်းနီးဖို့လဲ မလိုဘူး ၊ နှုတ်ကနေလည်း တဖွဖွပြောနေဖို့မလိုဘူး ၊
တကယ်တော့ နှလုံးသားချင်း နီးစပ်နေဖို့ပဲလိုတာပါ "


Translate by - Khun Nay - ခွန်နေ
https://www.khunnaymedia.com/



0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook