Thursday, May 14, 2015



Zawgyi Font
ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2

လူေတြကုိခြဲျခားတဲ့အခါမွာ
ကုိးကြယ္တဲ့ ဘာသာေပၚမူတည္ၿပီးေတာ့
မေကာင္းတဲ့လူ ၊ ေကာင္းတဲ့လူ ဆုိၿပီး
သတ္မွတ္လုိ႔မရဘူး ။
လူမ်ဳိးေရးနဲ႔လည္း မဆုိင္သလုိ ၊
ေမြးဖြားရာ ေနရာေဒသနဲ႔လည္း မဆုိင္ဘူး ။
ဘယ္ ဘာသာကုိပဲ ကုိးကြယ္ေနပါေစ ၊
ဘယ္ေနရာေဒသမွာပဲ ေမြးဖြားဖြား
လူတစ္ေယာက္မွာ အေရးႀကီးဆုံးက အမူအက်င့္ပဲ ။
ကုိးကြယ္ဆည္းကပ္ၾကတဲ့ ဘာသာေရးကုိ ခဏေမ့ၿပီးေတာ့
လူတစ္ေယာက္ရဲ ႔အက်င့္၊ သူ႔ရဲ ႔ေျပာဆုိပုံ ကုိ
ၾကည့္ၿပီးေတာ့သာ ခြဲျခားလုိ႔ရႏုိင္တယ္ ။
ရုပ္ဆင္းရူပကာ လွပၿပီး ျပည့္စုံေနေပမယ့္
မေကာင္းတဲ့ အမူအက်င့္ ၊ မေကာင္းတဲ့ စိတ္ဓာတ္ရွိေနရင္
လူယုတ္ ျဖစ္မွာပဲ ။ ရုပ္မလွလုိ႔ စိတ္ထားေကာင္းတဲ့
အမူအက်င့္ရွိသူက လူျမတ္ျဖစ္မွာပဲ ။
ဥပမာ ၾကမ္းၾကမ္းတစ္ခုေပးရမယ္ဆုိ
ေရွးဘဝ ကုသုိလ္ကံ အက်ဳိးေပးညံ့ခဲ့လုိ႔
ယခုဘဝမွာ မေကာင္းတဲ့အလုပ္
ျပည့္တန္ဆာမတစ္ေယာက္ ျဖစ္ေနေပေသာ္လည္း
စိတ္ထားေကာင္းတဲ့ အမူအက်င့္ ရွိေနရင္
မိန္းမယုတ္လုိ႔ ဆုိလုိ႔မရျပန္ဘူး ။
ဘဝ အက်ဳိးေပးေကာင္းခဲ့လုိ႔ ဒီဘဝမွာ
ျပည့္စုံေနေပေသာ္လည္း လူေတြအေပၚ
မေကာင္းတဲ့ အမူအက်င့္ စိတ္ထားရွိေနမယ္ဆုိရင္
ဘယ္ေလာက္ပဲ ျပည့္စုံေနပါေစ ယုတ္ညံ့တဲ့ သူမ်ဳိးသာ ျဖစ္လိမ့္မယ္ ။
လူဆုိး လူမုိက္ ၊ မေကာင္းတဲ့ ေကာင္းတဲ့လူ ၊
လူယုတ္ လူျမတ္ လုိ႔ေခၚတဲ့ အတန္းစားမွာ
ဆင္းရဲျခင္း ခ်မ္းသာျခင္း ဆုိတာလည္းမရွိဘူး ။
လူမ်ဳိးေရး နဲ႔ခြဲျခားလုိ႔လည္းမရသလုိ
ကုိးကြယ္ရာ ဘာသာေရးကုိ ေခါင္းစဥ္တပ္ၿပီး ခြဲျခားလုိ႔
လည္းမရႏုိင္ဘူးဆုိတာ လူငယ္မ်ားသတိျပဳမိေစဖုိ႔
ေဝမွ်ေရးသား ေပးလုိက္ပါတယ္ ။

ခြန္ေန - Khun Nay
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia

Unicode Font
မကောင်းတဲ့လူနဲ့ ကောင်းတဲ့လူ
ခွန်နေ - Khun Nay
လူတွေကိုခွဲခြားတဲ့အခါမှာ
ကိုးကွယ်တဲ့ ဘာသာပေါ်မူတည်ပြီးတော့
မကောင်းတဲ့လူ ၊ ကောင်းတဲ့လူ ဆိုပြီး
သတ်မှတ်လို့မရဘူး ။
လူမျိုးရေးနဲ့လည်း မဆိုင်သလို ၊
မွေးဖွားရာ နေရာဒေသနဲ့လည်း မဆိုင်ဘူး ။
ဘယ် ဘာသာကိုပဲ ကိုးကွယ်နေပါစေ ၊
ဘယ်နေရာဒေသမှာပဲ မွေးဖွားဖွား
လူတစ်ယောက်မှာ အရေးကြီးဆုံးက အမူအကျင့်ပဲ ။
ကိုးကွယ်ဆည်းကပ်ကြတဲ့ ဘာသာရေးကို ခဏမေ့ပြီးတော့
လူတစ်ယောက်ရဲ ့အကျင့်၊ သူ့ရဲ ့ပြောဆိုပုံ ကို
ကြည့်ပြီးတော့သာ ခွဲခြားလို့ရနိုင်တယ် ။
ရုပ်ဆင်းရူပကာ လှပပြီး ပြည့်စုံနေပေမယ့်
မကောင်းတဲ့ အမူအကျင့် ၊ မကောင်းတဲ့ စိတ်ဓာတ်ရှိနေရင်
လူယုတ် ဖြစ်မှာပဲ ။ ရုပ်မလှလို့ စိတ်ထားကောင်းတဲ့
အမူအကျင့်ရှိသူက လူမြတ်ဖြစ်မှာပဲ ။
ဥပမာ ကြမ်းကြမ်းတစ်ခုပေးရမယ်ဆို
ရှေးဘဝ ကုသိုလ်ကံ အကျိုးပေးညံ့ခဲ့လို့
ယခုဘဝမှာ မကောင်းတဲ့အလုပ်
ပြည့်တန်ဆာမတစ်ယောက် ဖြစ်နေပေသော်လည်း
စိတ်ထားကောင်းတဲ့ အမူအကျင့် ရှိနေရင်
မိန်းမယုတ်လို့ ဆိုလို့မရပြန်ဘူး ။
ဘဝ အကျိုးပေးကောင်းခဲ့လို့ ဒီဘဝမှာ
ပြည့်စုံနေပေသော်လည်း လူတွေအပေါ်
မကောင်းတဲ့ အမူအကျင့် စိတ်ထားရှိနေမယ်ဆိုရင်
ဘယ်လောက်ပဲ ပြည့်စုံနေပါစေ ယုတ်ညံ့တဲ့ သူမျိုးသာ ဖြစ်လိမ့်မယ် ။
လူဆိုး လူမိုက် ၊ မကောင်းတဲ့ ကောင်းတဲ့လူ ၊
လူယုတ် လူမြတ် လို့ခေါ်တဲ့ အတန်းစားမှာ
ဆင်းရဲခြင်း ချမ်းသာခြင်း ဆိုတာလည်းမရှိဘူး ။
လူမျိုးရေး နဲ့ခွဲခြားလို့လည်းမရသလို
ကိုးကွယ်ရာ ဘာသာရေးကို ခေါင်းစဉ်တပ်ပြီး ခွဲခြားလို့
လည်းမရနိုင်ဘူးဆိုတာ လူငယ်များသတိပြုမိစေဖို့
ဝေမျှရေးသား ပေးလိုက်ပါတယ် ။

ခွန်နေ - Khun Nay
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia

0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook