Friday, May 15, 2015
3:32 AM
Unknown
လူငယ္ႏွင့္လုပ္ငန္းခြင္
No comments
For Zawgyi Font
ခြန္ေန - Khun Nay
www.facebook.com/nay.tun2
ငွက္ကေလးတစ္ေကာင္ ေမြးဖြားလာတယ္ ။ ေမြးဖြားခါစ အသက္ရွင္သန္ဖုိ႔အတြက္ ငွက္ေမေမရဲ ႔ ျပဳစုယုယမႈနဲ႔အတူ အေတာင္ေတြစုံလာတယ္ ။ အေတာင္ေတြစုံ လာေတာ့လည္း အျမင့္ဆုံးကုိ ပ်ံသန္းႏုိင္ဖုိ႔အတြက္ ေလ့က်င့္ရျပန္တယ္ ။ ငွက္ကေလး စတင္ပ်ံသန္းႏုိင္သြားတယ္ ။ သူေရာက္ရွိႏုိင္မယ့္
အျမင့္ဆုံး တစ္ေနရာကုိပါ ။
ေနာက္ထပ္ငွက္တစ္ေကာင္ တူညီတဲ့ ေလာကႀကီးမွာပဲ ပထမငွက္ေလးလုိ
ေမြးဖြားရွင္သန္လာတယ္ ။ အရြယ္ေရာက္လာလုိ႔ ပ်ံသန္းတယ္ ။ ဒါေပမယ့္ သူအျမင့္ဆုံးကုိ ေရာက္ရွိဖုိ႔ ပ်ံသန္းေနခ်ိန္မွာပဲ ေလွာင္အိမ္ထဲ ကုိေရာက္ရွိသြားတယ္ ။ ေလွာင္အိမ္ သခင္ေလးရဲ ႔ ေန႔စဥ္အစာေၾကြး ၊ ေရတုိက္ျပဳစုလုိ႔ အျပင္မွာပ်ံသန္းေနတဲ့ အျခားငွက္ေတြထက္ ရွာေဖြစားေသာက္ဖုိ႔ ေလွာင္အိမ္ထဲကငွက္မွာ ပုိၿပီးျပည့္စုံ ေနလိမ့္မယ္ ။ ဒါေပမယ့္ သူေရာက္ရွိမယ့္ အျမင့္ဆုံးတစ္ေနရာကေတာ့ ေမ်ာ္လင့္ခ်က္ ရွိေပမယ့္ ပ်ံသန္းခြင့္ေတာ့ ရွိလာမွာမဟုတ္ပါဘူး ။
ကြ်န္ေတာ္တုိ႔ လူငယ္ေတြမွာလည္း တစ္ခါတစ္ေလ ငွက္ဥပမာနဲ႔ တူတာမ်ဳိးေတြ ရွိပါတယ္ ။ စိန္ေခၚမႈေတြ ၊ ၿပဳိင္ဆုိင္မႈေတြနဲ႔ လုပ္ငန္းခြင္ဝင္ေနၾကတဲ့ လူငယ္ေတြ အျမင့္ဆုံးကုိ ပ်ံသန္းဖုိ႔ ႀကဳိးစားေနတဲ့သူေတြရွိသလုိ မိသားစုထဲမွာပဲေနၿပီးေတာ့ အျပင္ေလာကကုိ စြန္႔စားဖု႔ိ ေတြေဝေနတဲ့ လူငယ္ေတြလည္း အမ်ားအျပားပါပဲ ။ အိမ္မွာေနလုိ႔ မိဘရွိတာ ပူပန္စရာမရွိ ေလွာင္အိမ္ထဲက ငွက္ေလးလုိ အားလုံးျပည့္စုံႏုိင္လိမ့္ေပမယ့္ အျပင္မွာ ပ်ံသန္းေနၾကတဲ့ ငွက္ေတြလုိ ဒီထက္ျမင့္တဲ့တစ္ေနရာကုိေရာက္ဖုိ႔ ႀကဳိးစားရန္ လိုအပ္ပါတယ္ ။
ၿပီးေတာ့ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္ ၊ မိသားစုမွာပဲျဖစ္ျဖစ္ အနာဂတ္မွာ ဦးေဆာင္ႀကီးျပင္းလာမယ့္ လူငယ္ေတြကုိ အျမင့္ဆုံး ပ်ံသန္းခြင့္ ေပးဖုိ႔ အခ်ိန္တန္ၿပီလုိ႔ထင္ပါတယ္ ။ ကုိယ့္သားသမီးမုိ႔ ပင္ပင္ပန္းပန္း အလုပ္လုပ္တာ မၾကည့္ရက္လုိ႔ အိမ္မွာပဲ ေနခိုင္းတာမ်ဳိးေတြ မိဘရဲ ႔ေစတနာ မွန္ေပမယ့္ အျမင့္ကုိ ပ်ံသန္းခ်င္ၾကတဲ့လူငယ္ေတြရဲ ႔ အေတြးေခၚေတြကုိ အခ်ိန္တန္ရင္ေတာ့ ပ်ံသန္းခြင့္ေပးတတ္ဖုိ႔လုိပါတယ္ ။
လုပ္ငန္းခြင္မွာလည္း ဒီလုိပါပဲ ။ လူငယ္ေတြ အလုပ္လုပ္လာၾကတယ္ ။
လူငယ္ေတြ အစြမ္းျပခြင့္ လူငယ္ေတြရဲ ႔အရည္အခ်င္းကုိ အျပည့္အဝ အသုံးခ်ခြင့္ေတြကုိ စီနီယာေတြ ေနရာေပးႏုိင္ၿပီလား ဆုိတာပါ ။ လူငယ္ေတြဘက္ကလည္း ေပးတဲ့လစာယူ ၊ ခိုင္းတာပဲလုပ္ ေလွာင္အိမ္ထဲမွာ ပိတ္ေလွာင္ေနရမယ့္ အခ်ိန္မဟုတ္သလုိ အနာဂတ္မွာ ကုိယ္က ဦးေဆာင္သူတစ္ေယာက္ျဖစ္ဖုိ႔ဆုိတာ အရွိန္ေကာင္းေကာင္း ၊ အေတြ႔အႀကဳံမ်ားမ်ား ရွိဖုိ႔ လိုအပ္ပါတယ္ ။
ၿပဳိင္ဆုိင္မႈေတြနဲ႔ စိန္ေခၚမႈေတြမ်ားလာတဲ့ ဒီလုိအခ်ိန္မွာ အေတြးအေခၚေတြ ပိတ္ေလွာင္မေနပဲ ျပင္ပေလာကမွာရွိတဲ့ အေတြ႔အႀကဳံေတြကုိ အေကာင္းဆုံး ရင္ဆုိင္ ၿပီးအျမင့္ဆုံးကုိ ပ်ံသန္းဖုိ႔ လုိေနၿပီဆုိတဲ့အေၾကာင္း ခြန္အားမ်ားရွိဖုိ႔ တုိက္တြန္းေရးသား လိုက္ရပါတယ္ ။
ခြန္ေန - Khun Nay
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
For Unicode Font
ကျွန်တော်တို့ ဘယ်လိုငှက်မျိုးလဲ
ခွန်နေ - Khun Nay
www.facebook.com/nay.tun2
ငှက်ကလေးတစ်ကောင် မွေးဖွားလာတယ် ။ မွေးဖွားခါစ အသက်ရှင်သန်ဖို့အတွက် ငှက်မေမေရဲ ့ ပြုစုယုယမှုနဲ့အတူ အတောင်တွေစုံလာတယ် ။ အတောင်တွေစုံ လာတော့လည်း
အမြင့်ဆုံးကို ပျံသန်းနိုင်ဖို့အတွက် လေ့ကျင့်ရပြန်တယ် ။
ငှက်ကလေး စတင်ပျံသန်းနိုင်သွားတယ် ။ သူရောက်ရှိနိုင်မယ့်
အမြင့်ဆုံး တစ်နေရာကိုပါ ။
နောက်ထပ်ငှက်တစ်ကောင် တူညီတဲ့ လောကကြီးမှာပဲ ပထမငှက်လေးလို
မွေးဖွားရှင်သန်လာတယ် ။ အရွယ်ရောက်လာလို့ ပျံသန်းတယ် ။ ဒါပေမယ့် သူအမြင့်ဆုံးကို ရောက်ရှိဖို့ ပျံသန်းနေချိန်မှာပဲ လှောင်အိမ်ထဲ ကိုရောက်ရှိသွားတယ် ။ လှောင်အိမ် သခင်လေးရဲ ့ နေ့စဉ်အစာကြွေး ၊ ရေတိုက်ပြုစုလို့ အပြင်မှာပျံသန်းနေတဲ့ အခြားငှက်တွေထက် ရှာဖွေစားသောက်ဖို့ လှောင်အိမ်ထဲကငှက်မှာ ပိုပြီးပြည့်စုံ နေလိမ့်မယ် ။ ဒါပေမယ့် သူရောက်ရှိမယ့် အမြင့်ဆုံးတစ်နေရာကတော့ မျော်လင့်ချက် ရှိပေမယ့် ပျံသန်းခွင့်တော့ ရှိလာမှာမဟုတ်ပါဘူး ။
ကျွန်တော်တို့ လူငယ်တွေမှာလည်း တစ်ခါတစ်လေ ငှက်ဥပမာနဲ့ တူတာမျိုးတွေ ရှိပါတယ် ။ စိန်ခေါ်မှုတွေ ၊ ပြိုင်ဆိုင်မှုတွေနဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူငယ်တွေ အမြင့်ဆုံးကို ပျံသန်းဖို့ ကြိုးစားနေတဲ့သူတွေရှိသလို မိသားစုထဲမှာပဲနေပြီးတော့ အပြင်လောကကို စွန့်စားဖို့ တွေဝေနေတဲ့ လူငယ်တွေလည်း အများအပြားပါပဲ ။ အိမ်မှာနေလို့ မိဘရှိတာ ပူပန်စရာမရှိ လှောင်အိမ်ထဲက ငှက်လေးလို အားလုံးပြည့်စုံနိုင်လိမ့်ပေမယ့် အပြင်မှာ ပျံသန်းနေကြတဲ့ ငှက်တွေလို ဒီထက်မြင့်တဲ့တစ်နေရာကိုရောက်ဖို့ ကြိုးစားရန် လိုအပ်ပါတယ် ။
ပြီးတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ၊ မိသားစုမှာပဲဖြစ်ဖြစ် အနာဂတ်မှာ ဦးဆောင်ကြီးပြင်းလာမယ့် လူငယ်တွေကို အမြင့်ဆုံး ပျံသန်းခွင့် ပေးဖို့ အချိန်တန်ပြီလို့ထင်ပါတယ် ။ ကိုယ့်သားသမီးမို့ ပင်ပင်ပန်းပန်း အလုပ်လုပ်တာ မကြည့်ရက်လို့ အိမ်မှာပဲ နေခိုင်းတာမျိုးတွေ မိဘရဲ ့စေတနာ မှန်ပေမယ့် အမြင့်ကို ပျံသန်းချင်ကြတဲ့လူငယ်တွေရဲ ့ အတွေးခေါ်တွေကို အချိန်တန်ရင်တော့ ပျံသန်းခွင့်ပေးတတ်ဖို့လိုပါတယ် ။
လုပ်ငန်းခွင်မှာလည်း ဒီလိုပါပဲ ။ လူငယ်တွေ အလုပ်လုပ်လာကြတယ် ။
လူငယ်တွေ အစွမ်းပြခွင့် လူငယ်တွေရဲ ့အရည်အချင်းကို အပြည့်အဝ အသုံးချခွင့်တွေကို စီနီယာတွေ နေရာပေးနိုင်ပြီလား ဆိုတာပါ ။ လူငယ်တွေဘက်ကလည်း ပေးတဲ့လစာယူ ၊ ခိုင်းတာပဲလုပ် လှောင်အိမ်ထဲမှာ ပိတ်လှောင်နေရမယ့် အချိန်မဟုတ်သလို အနာဂတ်မှာ ကိုယ်က ဦးဆောင်သူတစ်ယောက်ဖြစ်ဖို့ဆိုတာ အရှိန်ကောင်းကောင်း ၊ အတွေ့အကြုံများများ ရှိဖို့ လိုအပ်ပါတယ် ။
ပြိုင်ဆိုင်မှုတွေနဲ့ စိန်ခေါ်မှုတွေများလာတဲ့ ဒီလိုအချိန်မှာ အတွေးအခေါ်တွေ ပိတ်လှောင်မနေပဲ ပြင်ပလောကမှာရှိတဲ့ အတွေ့အကြုံတွေကို အကောင်းဆုံး ရင်ဆိုင် ပြီးအမြင့်ဆုံးကို ပျံသန်းဖို့ လိုနေပြီဆိုတဲ့အကြောင်း ခွန်အားများရှိဖို့ တိုက်တွန်းရေးသား လိုက်ရပါတယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။