Tuesday, May 19, 2015
ခွန်နေ - Khun Nay
(Zawgyi and Unicode Font တွဲလျက်ဖော်ပြပေးထားပါတယ်)
ခွန်နေ - Khun Nay
www.khunnaymedia.com
For Unicode
ခွန်နေ - Khun Nay
Huawei ရဲ ့ စီးရီးတွေထဲမှာ လူကြိုက်များတဲ့ Honor တွေဟာ
နောက်ထွက်တဲ့ စမတ်ဖုန်းတွေမှာ ဒီဇိုင်းပိုင်း အသားပေး
တည်ဆောက်လာတာကို တွေ့ရတယ် ။ ယခင် Honor တွေက
ဒီဇိုင်းပိုင်းမှာ အနောက်ကာဗာကို အခုံးပုံစံ တည်ဆောက်ထားတာများပြီး
အဖြူ ၊ အမည်းရိုးရိုး ဖိုက်ဗာသား ကိုယ်ထည် အများဆုံးအသုံးပြုတာကို တွေ့ရတယ် ။
ဒါပေမယ့် Honor 6 Plus မှတော့ ထူးခြားတာက အရှေ ့၊ အနောက် ဖန်ကိုယ်ထည်ဒီဇိုင်းဖြစ်တဲ့ ဖိုက်ဗာကော်အကြည်သားကို အသုံးပြုထားတယ် ။ အရင် Honor စီးရီး တွေမှာ အဖြူ ၊ အမည်း Color နှစ်မျိုးသာ ထွက်လေ့ရှိပြီး အခု 6Plus မှာတော့ ရွှေရောင်ဒီဇိုင်းကိုပါ ထပ်တိုး ပေးထားတယ် ။
မျက်နှာပြင်အကျယ် ၅.၅ လက်မရှိတဲ့ Honor 6Plus ဟာ 1080 x 1920 pixels HD Version အထိ ကြည်လင်ပြတ်သားပြီး IPS LCD capacitive touchscreen, 16M colors အသုံးပြုထားတာကို
တွေ့ရတယ် ။ OS ကိုတော့ ထုံးစံအတိုင်း 4.4.2 သုံးထားတယ် ။ 3G နဲ့ LTE Network ဆိုပြီး Model နှစ်မျိုး ထုတ်လုပ်ထားတယ် ။ သိုလှောင်မှုအပိုင်းမှာ 3G Model က internal 16GB နဲ့ 4G LTE Network သုံး Model ကတော့ internal 32GB အထိပါဝင်တယ် ။ Model နှစ်မျိုးလုံးအတွက် မလုံလောက်ရင် 128GB ထပ်တိုးအသုံးပြုလို့ရတယ် ။ ပြီးတော့ RAM ကို တန်းမြင့် စမတ်ဖုန်းတွေမှာ အသုံးပြုလေ့ရှိတဲ့ RAM 3GB အထိပါဝင်တာကို တွေ့ရတယ် ။
အသုံးပြုသူတွေရဲ ့ အဆိုပြုချက်အရ ကင်မရာ စွမ်းဆောင်ရည်ကောင်းတယ်လို့ မှတ်ချက်ပေးတယ် ။
အရှေ ့အနောက် ကင်မရာ 8MP ပါဝင်တယ် ။ ထူးခြားတာက နောက်ကင်မရာ 8MP ဆိုပေမယ့် အခြား စမတ်ဖုန်းတွေနဲ့မတူ ၂ လုံးပူး ပါဝင်လာတာကို တွေ့ရတယ် ။ ကင်မရာ ၂ လုံးပူးတည်ဆောက်ထားမှု အတွက် Technology ပိုင်းမှာ ဘယ်လိုထူးခြားသွားတယ် ဆိုတာ သေချာ မသိရပေမယ့် Panorama Mode မှာ အတော်လေး စွမ်းဆောင်ရည်ကောင်းသလို 360 App လို Third Party Software
မသုံးပဲ ပုံထွက်အတော်လေးကောင်းတာကိုတွေ့ရတယ် ။ စျေးနှုန်း ၄၀၀,၀၀၀ ကျပ် ဝန်းကျင်နဲ့ Huawei အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပါတယ် ။ ကျန်ရှိသေးတဲ့ Specification အသေးစိတ်အချက်လက်
ဇယားကို အောက်မှာဖော်ပြပေးထားပါတယ် ။
ခွန်နေ - Khun Nay
www.facebook.com/KhunNayTunMedia
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook