Monday, May 18, 2015
4:39 AM
Unknown
ပညာေပးစာတုိ
No comments
For Zawgyi Font
ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2
လူႀကီးတစ္ေယာက္ ကားေရေဆး ေနတယ္ ။
ေရးေဆးၿပီးတဲ့ကားကုိ ပုိမုိေတာက္ေျပာင္ေစဖုိ႔အတြက္
ေပါလစ္တင္လုိ႔ အျပတ္သားနားေအာင္လုပ္ထားတယ္ ။
ကားေရးေဆးတဲ့ လူႀကီးရဲ ႔ ေလးႏွစ္အရြယ္သားေလးက
ေဆာ့ကစားလုိ႔ ေက်ာက္ခဲေလးကုိေကာက္ၿပီး ေျပာင္လက္ေနတဲ့
ကားကုိ ေက်ာက္ခဲေလးနဲ႔ ျခစ္ေဆာ့ေနတယ္ ။
ကေလး ကစားေနတာကုိ အေဖျဖစ္သူက ျမင္ၿပီး
ေဒါသတႀကီး ျဖစ္လုိ႔ ဒီလုိေဆာ့ရမလားဆုိၿပီး ကေလးရဲ ႔လက္ကုိ
ျပင္းထန္စြာ လိမ္ဆြဲလုိ႔ မွတ္ေလာက္သားေလာက္ေအာင္ ဆုံးမ
ပစ္လိုက္တယ္ ။ ႏုနယ္လြန္းတဲ့ ကေလးရဲ ႔လက္က
ၾကမ္းတမ္းတဲ့ လူႀကီးလက္ရဲ ႔ ဒါဏ္ေၾကာင့္
ေဆးရုံတင္လိုက္ရတဲ့ အထိ ဒါဏ္ရာျပင္းထန္သြားတယ္ ။
ဒီလုိနဲ႔ လက္ဒါဏ္ရာ ရသြားတဲ့ ကေလးက အေဖ့ကုိေမးတယ္ ။
" ေဖေဖ သားရဲ ႔လက္ ဘယ္ေတာ့ ျပန္ေကာင္းလာမွာလဲဟင္ "
ဖခင္တစ္ေယာက္အေနနဲ႔ ေဖာ္မျပႏုိင္တဲ့ခံစားခ်က္နဲ႔ ျပင္းထန္စြာ ငိုေၾကြးလ်က္ ။
ၿပီးေတာ့ သူ႔ရဲ ႔ကားဆီကုိသြားတယ္ ။ ကားကုိ မွန္ေတြရုိက္ခြဲလုိ႔ အားပါးတရ
ဖ်က္စီးပစ္လိုက္တယ္ ။ ခံစားခ်က္ေၾကာင့္ ငိုေၾကြးၿပီး ပ်က္စီးသြားတဲ့ သူ႔ရဲ ႔ကားကုိၾကည့္လုိ႔ သားေလး ျခစ္ေဆာ့ထားတဲ့ အမွတ္အသားေလးကုိ အမွတ္မထင္ ၾကည့္လိုက္မိတယ္ ။ ျခစ္ေဆာ့ထားတဲ့အရာကုိ စိုက္ၾကည့္လိုက္ေတာ့ မညီမညာတဲ့ စာလုံးေလး ျဖစ္ေနတာကုိေတြ႔လိုက္ရတယ္ ။
ေသခ်ာ ဖတ္ၾကည့္လိုက္ေတာ့ ကေလးငယ္ျခစ္ေဆာ့ထားတဲ့ အရာေလးက
" I lOVE YOU DADDY " ဆုိတဲ့ စာလုံးေလးျဖစ္ေနတယ္ ။ ဖခင္တစ္ေယာက္ရဲ ႔ ယူႀကဳံးမရတဲ့ ခံစားမႈနဲ႔အတူ ကမာၻပ်က္မတတ္ ရင္တစ္ခုလုံး ပူေလာင္သြားတယ္ ။
(ဇာတ္လမ္းေလးကေပးတဲ့ အေတြးစ)
လူႀကီးေတြနားမလည္ႏုိင္တဲ့ ကေလးတစ္ေယာက္ရဲ ႔
ခံစားခ်က္ကုိ အေပၚကဇာတ္လမ္းေလးက သင္ခန္းစာရေစတယ္ ။
ကုိယ့္ရဲ ႔ရူးသြပ္မႈေတြအတြက္ အခ်ဳိ ႔မိဘေတြဟာ ကုိယ့္ရဲ ႔ရင္ေသြးငယ္ေတြရဲ ႔
ခံစားခ်က္ကုိ ေမ့ေလ်ာ့ေနၾကတာမ်ဳိးေတြရွိတယ္ ။ တခါတေလ လူႀကီးေတြ မစဥ္းစားႏုိင္တဲ့ ကေလးတစ္ေယာက္ရဲ ႔အေတြးက ပိုၿပီးေလးနက္ ေနတာမ်ဳိးေတြရွိတယ္ ။ I LOVE YOU DADDY
လုိ႔ေခၚတဲ့ သင္ခန္းစားနည္းတူ ျပင္ပေလာကမွာလည္း
တူညီတဲ့ ခံစားခ်က္ေတြ ရွိတတ္လိုက္မယ္ ။
အကယ္လုိ႔ ဒီသင္ခန္းစာ ဇာတ္ေကာင္မွာ မိဘေနရာက သင္ျဖစ္ေနမယ္
ဆုိရင္ ???? သတိျပဳမိေစဖုိ႔အတြက္ ေဝမွ်ေရးသားေပးလုိက္ပါတယ္ ။
ခြန္ေန - Khun Nay
www.facebook.com/KhunNayTunMedia
www.khunnaymedia.com
For Unicode Font
" ဖခင်တစ်ယောက်ရဲ ့ နောင်တမျက်ရည်"
လူကြီးတစ်ယောက် ကားရေဆေး နေတယ် ။
ရေးဆေးပြီးတဲ့ကားကို ပိုမိုတောက်ပြောင်စေဖို့အတွက်
ပေါလစ်တင်လို့ အပြတ်သားနားအောင်လုပ်ထားတယ် ။
ကားရေးဆေးတဲ့ လူကြီးရဲ ့ လေးနှစ်အရွယ်သားလေးက
ဆော့ကစားလို့ ကျောက်ခဲလေးကိုကောက်ပြီး ပြောင်လက်နေတဲ့
ကားကို ကျောက်ခဲလေးနဲ့ ခြစ်ဆော့နေတယ် ။
ကလေး ကစားနေတာကို အဖေဖြစ်သူက မြင်ပြီး
ဒေါသတကြီး ဖြစ်လို့ ဒီလိုဆော့ရမလား ကလေးရဲ ့လက်ကို
ပြင်းထန်စွာ လိမ်ဆွဲလို့ မှတ်လောက်သားလောက်အောင် ဆုံးမ
ပစ်လိုက်တယ် ။ နုနယ်လွန်းတဲ့ ကလေးရဲ ့လက်က
ကြမ်းတမ်းတဲ့ လူကြီးလက်ရဲ ့ ဒါဏ်ကြောင့်
ဆေးရုံတင်လိုက်ရတဲ့ အထိ ဒါဏ်ရာပြင်းထန်သွားတယ် ။
ဒီလိုနဲ့ လက်ဒါဏ်ရာ ရသွားတဲ့ ကလေးက အဖေ့ကိုမေးတယ် ။
" ဖေဖေ သားရဲ ့လက် ဘယ်တော့ ပြန်ကောင်းလာမှာလဲဟင် "
ဖခင်တစ်ယောက်အနေနဲ့ ဖော်မပြနိုင်တဲ့ခံစားချက်နဲ့ ပြင်းထန်စွာ ငိုကြွေးလျက် ။
ဒီလိုနဲ့ သူ့ရဲ ့ကားဆီကိုသွားတယ် ။ ကားကို မှန်တွေရိုက်ခွဲလို့ အားပါးတရ
ဖျက်စီးပစ်လိုက်တယ် ။ ဖခင်တစ်ယောက်ရဲ ့ ခံစားချက်ကြောင့် ငိုကြွေးပြီး ပျက်စီးသွားတဲ့ သူ့ရဲ ့ကားကိုကြည့်လို့ သူ့သားလေး ခြစ်ဆော့ထားတဲ့ အမှတ်အသား လေးကို အမှတ်အထင် ကြည့်လိုက်မိတယ် ။ ခြစ်ဆော့ထားတဲ့အရာကို စိုက်ကြည့်လိုက်တော့ မညီမညာတဲ့ စာလုံးလေး ဖြစ်နေတာကိုတွေ့လိုက်ရတယ် ။
သေချာ ဖတ်ကြည့်လိုက်တော့ ကလေးငယ်ခြစ်ဆော့ထားတဲ့ အရာလေးက
မညီမညာနဲ့ " I lOVE YOU DADDY " ဆိုတဲ့ စာလုံးလေးဖြစ်နေတယ် ။ ဖခင်တစ်ယောက်ရဲ ့ ယူကြုံးမရတဲ့ ခံစားမှုနဲ့အတူ ကမ္ဘာပျက်မတတ် ရင်တစ်ခုလုံး ပူလောင်သွားတယ် ။
(ဇာတ်လမ်းလေးကပေးတဲ့ အတွေးစ)
လူကြီးတွေနားမလည်နိုင်တဲ့ ကလေးတစ်ယောက်ရဲ ့
ခံစားချက်ကို အပေါ်ကဇာတ်လမ်းလေးက သင်ခန်းစာရစေတယ် ။
ကိုယ့်ရဲ ့ရူးသွပ်မှုတွေအတွက် အချို ့မိဘတွေဟာ ကိုယ့်ရဲ ့ရင်သွေးငယ်တွေရဲ ့
ခံစားချက်ကို မေ့လျော့နေကြတာမျိုးတွေရှိတယ် ။ တခါတလေ လူကြီးတွေ မစဉ်းစားနိုင်တဲ့ ကလေးတစ်ယောက်ရဲ ့အတွေးက ပိုပြီးလေးနက် နေတာမျိုးတွေရှိတယ် ။ I LOVE YOU DADDY
လို့ခေါ်တဲ့ သင်ခန်းစားနည်းတူ ပြင်ပလောကမှာလည်း
တူညီတဲ့ ခံစားချက်တွေရှိ တတ်လိုက်မယ် ။
အကယ်လို့ ဒီသင်ခန်းစာ ဇာတ်ကောင်မှာ မိဘနေရာက သင်ဖြစ်နေမယ်
ဆိုရင် ???? သတိပြုမိစေဖို့အတွက် ဝေမျှရေးသားပေးလိုက်ပါတယ် ။
ခွန်နေ - Khun Nay
www.facebook.com/KhunNayTunMedia
www.khunnaymedia.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။