Monday, June 8, 2015


ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2
For Zawgyi Font


တစ္ကုိယ္တည္းေနတဲ့ လူပ်ဳိႀကီး Friday Night ျဖစ္တဲ့အတြက္ Night Out ထြက္ဖုိ႔ သားနားစြာျပင္ဆင္ထားတယ္ ။ အျပင္မထြက္ခင္မွာပဲ တံခါးေခါက္
သံၾကားလိုက္တယ္ ။ ဒါနဲ႔ တံခါးဖြင့္ၾကည့္လုိက္ေတာ့ ေဘးအိမ္က သူသေဘာက်တဲ့ မိန္းမေခ်ာေလး ျဖစ္ေနတာကုိ ေတြ႔ၿပီး ရင္ခြင္တစ္ခုလုံး ေျဗာင္းဆန္သြားတယ္ ။ Friday Night ျဖစ္ေနတာကလည္း ပါေတာ့အတုိင္းထက္ အလြန္ေပါ့ ။
ဒီလုိနဲ႔ မိန္းမေခ်ာေလးက စိတ္ပ်က္ညဳိးငယ္ေနတဲ့အၾကည့္နဲ႔ လူပ်ဳိႀကီးကုိ စၿပီး စကားဆုိတယ္ ။
" ရွင္ ဒီညအားရင္ တစ္ခုေလာက္ကူညီပါလား ၊ ကြ်န္မ စိတ္ေတြအရမ္းညစ္ၿပီး....... "
လူပ်ဳိႀကီးက မိန္းမေခ်ာရဲ ႔စကားမဆုံးခင္မွာပဲ ဝမ္းသာအားရ
သူ႔ ဂြင္ထဲဝင္ၿပီလုိ႔အထင္နဲ႔ -
" သိပ္အားတာေပါ့.. ကြ်န္ေတာ္ဘာမ်ားကူညီေပးရမလဲေျပာ "
" ဒါဆုိရင္ ကြ်န္မရဲ ႔ တူေလးေတြကုိ ဒီည ရွင္ ခနၾကည့္ေပးထားပါလား.. ကြ်န္မအျပင္ခနေလးသြားခ်င္လုိ႔ပါ "
" ငင္ "

ဇာတ္လမ္းကေပးတဲ့ သင္ခန္းစာ -
ဒီႏုိင္ငံျခားဟာသကုိ ဖတ္ဖူးတဲ့ သူေတြလည္းရွိမွာပါ ။ ရယ္ခ်င္စရာဆုိေပ
မယ့္ ယူတတ္ရင္ ရတဲ့ သင္ခန္းစာေလးရွိပါတယ္ ။ ကြ်န္ေတာ္တုိ႔ အျပင္
ေလာကမွာလည္း တခါတေလ လူေတြနဲ႔ ဆက္ဆံတဲ့အခါ သူမ်ားစကား
မဆုံးခင္မွာ ျဖတ္ေျပာၿပီး ကုိယ္ထင္တဲ့ အရာကုိ အလ်င္အျမန္ မွားမွားယြင္းယြင္း ေျပာဆုိေလ့ရွိၾကပါတယ္ ။ အထက္ပါ ဇာတ္လမ္းကလည္း အလားတူပါပဲ ။ ဒါေၾကာင့္ ပညာရွိႀကီး အုိင္းစတုိင္းေျပာသလုိ
" သူမ်ားစကားေျပာေနတဲ့ အခ်ိန္ ျဖတ္ၿပီးမေျပာပါနဲ႔ " ဆုိတဲ့ သင္ခန္းစာ
ေလးရေစပါတယ္ ။

ခြန္ေန - Khun Nay
http://www.khunnaymedia.com/
https://www.facebook.com/KhunNayTunMedia

For Unicode Font
ဆန္ဒမစောနဲ့

ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီး Friday Night ဖြစ်တဲ့အတွက် Night Out ထွက်ဖို့ သားနားစွာပြင်ဆင်ထားတယ် ။ အပြင်မထွက်ခင်မှာပဲ တံခါးခေါက်
သံကြားလိုက်တယ် ။ ဒါနဲ့ တံခါးဖွင့်ကြည့်လိုက်တော့ ဘေးအိမ်က သူသဘောကျတဲ့ မိန်းမချောလေး ဖြစ်နေတာကို တွေ့ပြီး ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်သွားတယ် ။ Friday Night ဖြစ်နေတာကလည်း ပါတော့
အတိုင်းထက် အလွန်ပေါ့ ။
ဒီလိုနဲ့ မိန်းမချောလေးက စိတ်ပျက်ညိုးငယ်နေတဲ့အကြည့်နဲ့ လူပျိုကြီးကို စပြီး စကားဆိုတယ် ။
" ရှင် ဒီညအားရင် တစ်ခုလောက်ကူညီပါလား ၊ ကျွန်မ စိတ်တွေအရမ်းညစ်ပြီး....... "
လူပျိုကြီးက မိန်းမချောရဲ ့စကားမဆုံးခင်မှာပဲ ဝမ်းသာအားရ
သူ့ ဂွင်ထဲဝင်ပြီလို့အထင်နဲ့ -
" သိပ်အားတာပေါ့.. ကျွန်တော်ဘာများကူညီပေးရမလဲပြော "
" ဒါဆိုရင် ကျွန်မရဲ ့ တူလေးတွေကို ဒီည ရှင် ခနကြည့်ပေးထားပါလား.. ကျွန်မအပြင်ခနလေးသွားချင်လို့ပါ "
" ငင် "

ဇာတ်လမ်းကပေးတဲ့ သင်ခန်းစာ -
ဒီနိုင်ငံခြားဟာသကို ဖတ်ဖူးတဲ့ သူတွေလည်းရှိမှာပါ ။ ရယ်ချင်စရာဆိုပေ
မယ့် ယူတတ်ရင် ရတဲ့ သင်ခန်းစာလေးရှိပါတယ် ။ ကျွန်တော်တို့ အပြင်
လောကမှာလည်း တခါတလေ လူတွေနဲ့ ဆက်ဆံတဲ့အခါ သူများစကား
မဆုံးခင်မှာ ဖြတ်ပြောပြီး ကိုယ်ထင်တဲ့ အရာကို အလျင်အမြန် မှားမှားယွင်းယွင်း ပြောဆိုလေ့ရှိကြပါတယ် ။ အထက်ပါ ဇာတ်လမ်းကလည်း အလားတူပါပဲ ။ ဒါကြောင့် ပညာရှိကြီး အိုင်းစတိုင်းပြောသလို
" သူများစကားပြောနေတဲ့ အချိန် ဖြတ်ပြီးမပြောပါနဲ့ " ဆိုတဲ့ သင်ခန်းစာ
လေးရစေပါတယ် ။

ခွန်နေ - Khun Nay
http://www.khunnaymedia.com/
https://www.facebook.com/KhunNayTunMedia

0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook