ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2
For Zawgyi Font
ျမန္မာျပည္မွာ ရွိတဲ့ တုိင္းရင္းရုိးရာ ဝတ္စားဆင္ယင္မႈနဲ႔ ပတ္သက္လုိ႔ လူမ်ဳိးတုိင္းမွာ အမ်ဳိးမ်ဳိးကြဲျပားၾကတယ္ ။ ဗမာဆုိရင္ ဗမာ့ရုိးရာ ဝတ္စားဆင္ယင္မႈ ၊ တုိင္းရင္းသားေတြမွာ ဆုိရင္လည္း လူမ်ဳိးအလိုက္ ရွမ္းဆုိရင္ ရွမ္းရုိးရာ ဝတ္စားဆင္ယင္မႈ ၊ ကခ်င္ဆုိရင္လည္း ကခ်င္ဝတ္စားဆင္ယင္မႈဆုိၿပီး အသီးသီး ကြဲျပားၾကတယ္ ။ ဒီလုိ ဝတ္စားဆင္ယင္မႈနဲ႔ ပတ္သက္လာရင္ သမိုင္းအဆက္ဆက္ တဆင့္ဆင့္ ေခတ္မွီၿပီးေျပာင္းလဲလာတာကုိေတြ႔ရတယ္ ။ ဒါေပမယ့္ ဒီေျပာင္းလဲမႈမွာ တုိင္းရင္းသားေတြတုိင္းေတာ့ ေျပာင္းလဲသြားတာမ်ဳိး မဟုတ္ပါဘူး ။ ဒါကလည္း ေဒသအလိုက္ ေခတ္မွီဖြံ႔ၿဖဳိးတုိးတက္မႈအေပၚ မူတည္တာရယ္ ၊ လူမ်ဳိးအလိုက္ ထူးခြ်န္တဲ့ အနာဂတ္မ်ဳိးဆက္သစ္ေတြကုိ ေျမေထာင္ ေျမာက္ေပးႏုိင္တဲ့ သူေတြရယ္အေပၚမွာ မႈတည္ပါတယ္ ။ တုိင္းရင္းသား မ်ဳိးႏြယ္စုေတြနဲ႔ ပတ္သက္လုိ႔ ဝတ္စားဆင္ယင္မႈ တီထြင္ ဆန္းသစ္မႈ အပုိင္းမွာ ဗမာ့ယဥ္ေက်းမႈက အျခားေသာ တုိင္းရင္းသားေတြထက္ ပိုၿပီး ေခတ္ေရွ ႔ေျပးတယ္လုိ႔ ဆုိႏုိင္တယ္ ။ အျခားေသာ တုိင္းရင္းသားေတြမွာ ေထြေထြထူးထူး ထင္ေပၚလာတဲ့ ရုိးရာဝတ္စားဆင္ယင္မႈဆုိလုိ႔ ကခ်င္ရုိးရာ အဝတ္အစားေတြကုိ ေခတ္ဆန္ဆန္ ဖန္တီးလာၿပီး ေနရာရလာတာမ်ဳိးေတာ့ေတြ႔ရတယ္ ။ ဒါေပမယ့္ ေခတ္အဆက္ဆက္ ဆန္းသစ္တဲ့ တီထြင္မႈမ်ဳိးကုိေတာ့ တုိင္းရင္းသားမ်ဳိးႏြယ္စုတုိင္း ကန္႔ကြက္ခဲ့တာမ်ဳိးရွိသလုိ ၊ လက္ခံၾကတဲ့ လူေတြကုိလည္း ေတြ႔ရပါတယ္ ။
အခု ဒီအေၾကာင္းကုိ ဆုိလုိရျခင္းက ကြ်န္ေတာ္တုိ႔ ပအုိဝ္ တုိင္းရင္းသားေတြ မွာလည္းယခုလက္ရွိ အလားတူ ဝတ္စားဆင္ယင္ျခင္း ယဥ္ေက်းမႈနဲ႔ ပတ္သက္လုိ႔ ကြဲျပားတဲ့ အယူအဆေတြ ခုလက္ရွိျဖစ္ေပၚေနတာကုိ ေတြ႔ရတယ္ ။ ေျပာင္းလဲျခင္း လုိ႔ ေခၚတဲ့ အခုိက္အတန္႔ တစ္ခုမွာရွိေနတဲ့ အေနအထားပါ ။
ယဥ္ေက်းမႈနဲ႔ပတ္သက္လုိ႔ ေျပာင္းလဲျခင္းကုိေျပာမယ္ဆုိရင္ေျပာင္းလဲျခင္း ႏွစ္မ်ဳိး သတ္မွတ္လုိ႔ ရတယ္ ။ ဝတ္စားဆင္ယင္မႈ ရုိးရာအေမြအနစ္ကုိ ေဖ်ာက္ဖ်က္ၿပီး ယဥ္ေက်းမႈ အသစ္တစ္ခုကုိ ဖန္တီးတဲ့ ေျပာင္းလဲမႈနဲ႔ ရွိၿပီးသား ရုိးရာယဥ္ေက်းမႈကုိ ကုိးကားၿပီး ဆန္းသစ္သြားေအာင္ ဖန္တီးတဲ့ ယဥ္ေက်းမႈ ဆုိတာမ်ဳိးရွိပါတယ္ ။
အခု ပအုိဝ္တုိင္းရင္းသား ရုိးရာအဝတ္အစားအကုိ ဆန္းသစ္တဲ့ ဒီဇုိင္းနဲ႔ တီထြင္မႈအေပၚ ကြ်န္ေတာ့္အေနနဲ႔ ေထာက္ခံခ်င္တယ္လုိ႔ ဆုိခ်င္တယ္ ။ ဘာလုိ႔လည္းဆုိေတာ့ ယခင္ကရွိတဲ့ ယဥ္ေက်းမႈကုိ ေဖ်ာက္ပစ္ တာမ်ဳိးမဟုတ္ပဲ အျခားေသာတုိင္းရင္းသားေတြကပါ လက္ခံလာႏုိင္မယ့္ ဒီဇုိင္းအသစ္တစ္ခုကုိ ဖန္တီးျခင္းလုိ႔သာ ျမင္တယ္ ။
စကၤာပူေခါင္းေဆာင္ လီကြန္ယု ေျပာသြားတဲ့ ဥပမာလုိေျပာရမယ္ဆုိရင္
ကြ်န္ေတာ္တုိ႔ လူမ်ဳိးေတြက သူမ်ားတံခါးလာေခါက္မယ့္ အခ်ိန္ကုိ ေစာင့္ရမယ့္ အေနအထားမဟုတ္ပါဘူး ၊ သူမ်ားတံခါးကုိ သြားေခါက္ၿပီး ကြ်န္ေတာ္တုိ႔ ဘယ္သူလည္းဆုိတာ သိေအာင္လုပ္ရမယ့္အခ်ိန္ပါ ။
ဆုိလုိခ်င္တာက ေခတ္ေဟာင္းစနစ္တစ္ခုမွာပဲ ေနထုိင္ၿပီး အိမ္မွာ ငုတ္တုပ္ထုိင္ေနမယ့္အစား ေျပာင္းလဲမႈ ေခတ္စနစ္တစ္ခုအေပၚ ကြ်န္ေတာ္တုိ႔ ဘယ္ေလာက္ ဆန္းသစ္ႏုိင္သလဲဆုိတာကုိ
ျပရမယ့္အခ်ိန္ပါ ။
နိဂုံးခ်ဳပ္အေနဲ႔ဆုိရရင္ သူတုိ႔ဟာ ရွိၿပီးသား ရုိးရားယဥ္ေက်းမႈအဝတ္အစားကုိ
ဖ်က္စီးၿပီး ေဖ်ာက္ပစ္တာမဟုတ္ပါဘူး ။ ရွိေနၿပီးသားယဥ္ေက်းမႈအကုိ အေျခခံၿပီး ဆန္းသစ္ထားတဲ့ အရာပါ ။ ဒါေၾကာင့္ ဒီဆန္းသစ္မႈအေပၚမွာ ကြ်န္ေတာ့္အေနနဲ႔ ရုိးရာအဝတ္အစားအေဟာင္းကုိလည္း အျမတ္တႏုိး တန္ဖုိးထားသလုိ ၊ ဆန္းသစ္ တည္ထြင္မႈ ရုိးရားအဝတ္အစား ဒီဇုိင္းအသစ္ကုိလည္း ႀကဳိဆုိပါေၾကာင္း ကုိယ္စားျပဳတုိင္းရင္းသား တစ္ေယာက္အေနနဲ႔ ေျပာၾကားျခင္းျဖစ္ပါတယ္ ။
(ယခုေဖာ္ျပထားတဲ့ပုံထဲမွာ နန္းခင္ေဇယ်ာဝတ္ဆင္ထားတာက တီထြင္ဆန္းသစ္ထားတဲ့ ရုိးရာဒီဇုိင္းပါ ။ သူနဲ႔အတူတြဲရုိက္ထားတဲ့ အန္တီဝတ္ဆင္ထားတာက ယခင္ရုိးရာအဝတ္အစား ဒီဇုိင္းျဖစ္ပါတယ္ ။ က်န္တစ္ပုံလည္း အလားတူ ဖန္တီးထားတဲ့ ရုိးရာဒီဇုိင္းေတြျဖစ္ေၾကာင္း အျခားေသာတုိင္းရင္းညီကုိ ၊ ေမာင္ႏွမေတြ သိရွိခြင့္ရေအာင္ မွ်ေဝလုိက္ပါတယ္ ။ )
ခြန္ေန - Khun Nay
www.khunnaymedia.com
Unicode Font
အိမ်မှာနေပြီး ငုတ်တုပ္ထိုင်စောင့်ရမယ့် အချိန်မဟုတ်ပါ
ခွန်နေ - Khun Nay
www.khunnaymedia.com
မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းရိုးရာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ လူမျိုးတိုင်းမှာ အမျိုးမျိုးကွဲပြားကြတယ် ။ ဗမာဆိုရင် ဗမာ့ရိုးရာ ဝတ်စားဆင်ယင်မှု ၊ တိုင်းရင်းသားတွေမှာ ဆိုရင်လည်း လူမျိုးအလိုက် ရှမ်းဆိုရင် ရှမ်းရိုးရာ ဝတ်စားဆင်ယင်မှု ၊ ကချင်ဆိုရင်လည်း ကချင်ဝတ်စားဆင်ယင်မှုဆိုပြီး အသီးသီး ကွဲပြားကြတယ် ။ ဒီလို ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လာရင် သမိုင်းအဆက်ဆက် တဆင့်ဆင့် ခေတ်မှီပြီးပြောင်းလဲလာတာကို
တွေ့ရတယ် ။ ဒါပေမယ့် ဒီပြောင်းလဲမှုမှာ တိုင်းရင်းသားတွေတိုင်းတော့ ပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး ။ ဒါကလည်း ဒေသအလိုက် ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်တာရယ် ၊ လူမျိုးအလိုက် ထူးချွန်တဲ့ အနာဂတ်မျိုးဆက်သစ်တွေကို မြေထောင် မြောက်ပေးနိုင်တဲ့ သူတွေရယ်အပေါ်မှာ မှုတည်ပါတယ် ။ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ပတ်သက်လို့
ဝတ်စားဆင်ယင်မှု တီထွင် ဆန်းသစ်မှုအပိုင်းမှာ ဗမာ့ယဉ်ကျေးမှုက အခြားသော တိုင်းရင်းသားတွေထက် ပိုပြီး ခေတ်ရှေ ့ပြေးတယ်လို့ ဆိုနိုင်တယ် ။ အခြားသော တိုင်းရင်းသားတွေမှာ ထွေထွေထူးထူး ထင်ပေါ်လာတဲ့ ရိုးရာဝတ်စားဆင်ယင်မှုဆိုလို့
ကချင်ရိုးရာ အဝတ်အစားတွေကို ခေတ်ဆန်ဆန် ဖန်တီးလာပြီး နေရာရလာတာမျိုး
တော့တွေ့ရတယ် ။ ဒါပေမယ့် ခေတ်အဆက်ဆက် ဆန်းသစ်တဲ့ တီထွင်မှုမျိုးကိုတော့ တိုင်းရင်းသားမျိုးနွယ်စုတိုင်း ကန့်ကွက်ခဲ့တာမျိုးရှိသလို ၊ လက်ခံကြတဲ့ လူတွေကိုလည်း တွေ့ရပါတယ် ။
အခု ဒီအကြောင်းကို ဆိုလိုရခြင်းက ကျွန်တော်တို့ ပအိုဝ်တိုင်းရင်းသားတွေမှာလည်း
ယခုလက်ရှိ အလားတူ ဝတ်စားဆင်ယင်ခြင်း ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ အယူအဆတွေ ခုလက်ရှိဖြစ်ပေါ်နေတာကိုတွေ့ရတယ် ။ ပြောင်းလဲခြင်း လို့ ခေါ်တဲ့
အခိုက်အတန့် တစ်ခုမှာရှိနေတဲ့အနေအထားပါ ။
ယဉ်ကျေးမှုနဲ့ပတ်သက်လို့ ပြောင်းလဲခြင်းကိုပြောမယ်ဆိုရင်ပြောင်းလဲခြင်း နှစ်မျိုး သတ်မှတ်လို့ ရတယ် ။ ဝတ်စားဆင်ယင်မှု ရိုးရာအမွေအနစ်ကိုဖျောက်ဖျက်ပြီး ယဉ်ကျေးမှု အသစ်တစ်ခုကို ဖန်တီးတဲ့ ပြောင်းလဲမှုနဲ့ ရှိပြီးသား ရိုးရာယဉ်ကျေးမှုကို ကိုးကားပြီး ဆန်းသစ်သွားအောင် ဖန်တီးတဲ့ ယဉ်ကျေးမှု ဆိုတာမျိုးရှိပါတယ် ။
အခု ပအိုဝ်တိုင်းရင်းသား ရိုးရာအဝတ်အစားအကို ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ တီထွင်မှုအပေါ် ကျွန်တော့်အနေနဲ့ ထောက်ခံချင်တယ်လို့ ဆိုချင်တယ် ။ ဘာလို့လည်းဆိုတော့ ယခင်ကရှိတဲ့ ယဉ်ကျေးမှုကို ဖျောက်ပစ် တာမျိုးမဟုတ်ပဲ အခြားသောတိုင်းရင်းသားတွေကပါ လက်ခံလာနိုင်မယ့် ဒီဇိုင်းအသစ်တစ်ခုကို ဖန်တီးခြင်းလို့သာ မြင်တယ် ။
စင်္ကာပူခေါင်းဆောင် လီကွန်ယု ပြောသွားတဲ့ ဥပမာလိုပြောရမယ်ဆိုရင်
ကျွန်တော်တို့ လူမျိုးတွေက သူများတံခါးလာခေါက်မယ့် အချိန်ကိုစောင့်ရမယ့် အနေအထားမဟုတ်ပါဘူး ၊ သူများတံခါးကို သွားခေါက်ပြီး ကျွန်တော်တို့ ဘယ်သူလည်းဆိုတာ သိအောင်လုပ်ရမယ့်အချိန်ပါ ။
ဆိုလိုချင်တာက ခေတ်ဟောင်းစနစ်တစ်ခုမှာပဲ နေထိုင်ပြီး အိမ်မှာ ငုတ်တုတ်ထိုင်နေမယ့်အစား
ပြောင်းလဲမှု ခေတ်စနစ်တစ်ခုအပေါ် ကျွန်တော်တို့ ဘယ်လောက် ဆန်းသစ်နိုင်သလဲဆိုတာကို
ပြရမယ့်အချိန်ပါ ။
နိဂုံးချုပ်အနေဲ့ဆိုရရင် သူတို့ဟာ ရှိပြီးသား ရိုးရားယဉ်ကျေးမှုအဝတ်အစားကို
ဖျက်စီးပြီး ဖျောက်ပစ်တာမဟုတ်ပါဘူး ။ ရှိနေပြီးသားယဉ်ကျေးမှုအကို အခြေခံပြီး ဆန်းသစ်ထားတဲ့ အရာပါ ။ ဒါကြောင့် ဒီဆန်းသစ်မှုအပေါ်မှာ ကျွန်တော့်အနေနဲ့ ရိုးရာအဝတ်အစားအဟောင်းကိုလည်း အမြတ်တနိုးတန်ဖိုးထားသလို ၊ ဆန်းသစ် တည်ထွင်မှု ရိုးရားအဝတ်အစား ဒီဇိုင်းအသစ်ကိုလည်း ကြိုဆိုပါကြောင်း ကိုယ်စားပြုတိုင်းရင်းသား တစ်ယောက်အနေနဲ့ ပြောကြားခြင်းဖြစ်ပါတယ် ။
(ယခုဖော်ပြထားတဲ့ပုံထဲမှာ နန်းခင်ဇေယျာဝတ်ဆင်ထားတာက တီထွင်ဆန်းသစ်ထားတဲ့ ရိုးရာ
ဒီဇိုင်းပါ ။ သူနဲ့အတူတွဲရိုက်ထားတဲ့ အန်တီဝတ်ဆင်ထားတာက ယခင်ရိုးရာအဝတ်အစား ဒီဇိုင်းပါ ။ ကျန်ပုံတွေလည်း အလားတူ ဖန်တီးထားတဲ့ ရိုးရာဒီဇိုင်းတွေဖြစ်ကြောင်း အခြားသောတိုင်းရင်း
ညီကို ၊ မောင်နှမတွေ သိရှိခွင့်ရအောင် မျှဝေလိုက်ပါတယ် ။ )
ခွန်နေ - Khun Nay
www.khunnaymedia.com
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။