www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
" Guiyang police announced Mon cracked a large pyramid scheme, detained 26 #MLM leaders. More than 4000 sales involved "
၃ . လူတွေရဲ့ လောဘ
၎ . ဗဟုသုတ နည်းပါးမှု
www.khunnaymedia.com
(For Unicode)
MLM လို့ခေါ်တဲ့စျေးကွက် တကယ်အာမခံချက်ရှိပြီလား
ပြည်တွင်းမှာ MLM (Multi Level Marketing) နဲ့ပတ်သက်လို့ လူငယ်တွေ တော်တော်များများလုပ်ကိုင်လာတာကို တွေ့နေရသလို အချို ့ လူကြီးပိုင်းတွေလည်း လုပ်ကိုင်လာတာကိုတွေ့ရတယ် ။
ကျွန်တော်ကိုယ်တိုင် MLM ကိုမလုပ်ဖူးတဲ့အတွက် အကျိုးအမြတ် ဘယ်လောက်ရှိတယ် ဘယ်လိုဝင်ငွေရတယ်ဆိုတာ သေချာမသိရပေမယ့် လေ့လာကြည့်ရသလောက်ဆိုရင် အာမခံချက် မရှိတဲ့ စျေးကွက်တစ်ခုလို့
သုံးသပ်ကြည့်ချင်တယ် ။ လူတွေကို မက်လုံးပေး စွဲဆောင်လေ့ရှိပြီး တစ်လအတွင်း ဝင်ငွေဘယ်လိုရမယ် သုံးလဆိုရင် ဘယ်လောက်ဖြစ်မယ်ဆိုတာကို အဓိကထား စွဲဆောင်လေ့ရှိကြတယ် ။ အကျိုးအမြတ်က မရှိဘူးတော့ မဟုတ်ဘူး ရှိပါလိမ့်မယ် ။
ဒါပေမယ့် ခေါင်းဆောင်ပိုင်းတွေကပဲ ခေါင်းပုံဖြတ် အောက်က Member တွေကို မက်လုံးပေးလို့ အဖွဲ ့ဝင်တွေတိုးလာအောင် စွဲဆောင်ပြီး ပစ္စည်း အရောင်း၊အဝယ်ဖြစ်ရင် ရာခိုင်နှုန်းအပေါ် အကျိုးအမြတ်ခံစားခွင့် ရှိကြတယ် ။
ဥပမာ ခေါင်းဆောင်က ငါးသောင်းနဲ့ ရောင်းခိုင်းတဲ့ပစ္စည်းတစ်ခုကို ခေါင်းဆောင်ခွဲအသီးသီးက ပြန်လည်ရယူပြီး member တွေက အရောင်း၊အဝယ်ဖြစ်ရင် ရာခိုင်နှုန်း အကျိုးအမြတ်တွေကို ခွဲဝေလို့ နောက်ဆုံးတွက်ချက်ကြည့်ရင် ပစ္စည်းရဲ ့တန်ဖိုးက တကယ်တော့ တစ်သောင်းလောက်ပဲရှိတော့တယ် ။ ဝယ်ယူတဲ့လူတွေက ပစ္စည်းကို မတန်တဆစျေးကြီးပေးပြီး ဝယ်ယူလိုက်ရတဲ့ သဘောဖြစ်သွားတယ် ။ ဒါက ပြဿနာမဟုတ်ပါဘူး ။ ရောင်းသူ၊ဝယ်သူချင်း အဆင်ပြေလို့ ဖြစ်တဲ့ ကိစ္စပါ ။
အခုဖော်ပြထားတဲ့ ပုံက People's Daily, China ဖေ့စ်ဘွတ်ခ်စာမျက်နှာက ကူးယူလာတဲ့ ပုံဖြစ်ပြီး MLM ခေါင်းဆောင် ၂၆ ယောက် ကို တရုတ်ရဲတွေ ဖမ်းဆီးထားတဲ့ သတင်းဓာတ်ပုံပါ ။ သတင်း အပြည့်အစုံ ဖော်ပြထားတာ မရှိသေးပေမယ့် သတင်းရဲ ့ခေါင်းစဉ်ကတော့
ဆိုပြီး ရေးသားထားတာကိုတွေ့ရှိရပါတယ် ။ ဖွံ့ဖြိုးပြီး တိုင်းပြည်လို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံမှာတောင် ဒီလို အနေအထားမျိုး ဖြစ်နေတယ်ဆိုရင် ဖွံ့ဖြိုးဆဲဖြစ်ပြီး ဆင်းရဲတွင်းနက်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်အတွက် MLM က တကယ်အာမခံချက်ရှိနိုင်ရဲ ့လားဆိုတာပါ ။ ဒါပေမယ့် လုပ်နေတဲ့ လူတွေက တစ်နေ့တစ်ခြားတိုးလာ တာကိုတော့ တွေ့ရတယ် ။ ဒါက မြန်မာပြည်ရဲ ့အဓိက အားနည်းချက်ဖြစ်တဲ့
၁ . အလုပ်အကိုင် အခွင့်အလမ်း ပြဿနာ
၂ . ဆင်းရဲတွင်းနက်နေတဲ့ပြည်သူ
၃ . လူတွေရဲ ့လောဘ
၄ . ဗဟုသုတ နည်းပါးမှု
အထက်ပါ လေးချက်ကြောင့် MLM တွေဟာ အဆိုပါ အားနည်းချက်တွေကို အဓိကထားလို့ စျေးကွက်ချဲ ့ထွင်လာနိုင်ခြင်းလို့သာ မြင်မိပါကြောင်း သုံးသပ်လိုက်ရပါတယ် ။ MLM ဗဟုသရှိတဲ့သူများလည်း ကွန်မက်ပေးလို့
အကြံပြုဆွေးနွေးနိုင်ပါတယ် ။