Thursday, July 23, 2015



[Zawgyi]
ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2

ကြ်န္ေတာ္တုိ႔ေတြ ေအာင္ျမင္ျခင္းနည္းလမ္းန႔ဲပတ္သက္လုိ႔ စာေတြကုိေလ့လာဖတ္ရႈ မွတ္သားေလ့ရွိၾကတယ္ ။ စိတ္အားထက္သန္မႈေတြရွိလာတဲ့အခါ
လက္ရွိကုိယ့္ရဲ ႔အေနအထားကုိ ခ်က္ခ်င္း
ေျပာင္းပစ္လုိက္ၾကတယ္ ။ အဲ့မွာ စၿပီး မွားတာပဲ ။
ကိုယ္ရဲ ႔ေန႔စဥ္အမူအက်င့္အတုိင္း
ေနသားတက်ရွိေနတဲ့ အခ်ိန္မ်ဳိးမွာ
ေနာက္ပုံစံတစ္ခုကုိ ခ်က္ခ်င္းကူးေျပာင္းလုိက္တဲ့အခါ
စိတ္ခံစားခ်က္က သက္ေတာင့္သက္သာ မရွိေတာ့ဘူး ။
ဒါေၾကာင့္ နဂုိေနၿမဲအတုိင္း ျပန္ေနခ်င္လာတယ္ ။
ဖတ္ထားသမွ် ၊ မွတ္ထားသမွ်
လိုက္နာက်င့္သုံးရတာ ပင္ပန္းသလုိျဖစ္လာေတာ့ နဂုိအတုိင္းျပန္ျဖစ္သြားတယ္ ။
ေနာက္ေတာ့ ကုိယ့္ကုိ ကုိယ္ေျပာင္းလဲဖုိ႔ကုိေတာင္ အင္မတန္ေၾကာက္လာတယ္ ။
ေအာင္ျမင္တဲ့လူေတြကုိၾကည့္ၿပီး
ခ်က္ခ်င္း ေအာင္ျမင္တဲ့ လူတစ္ေယာက္ျဖစ္လာခ်င္တဲ့ စိတ္ခံစားခ်က္ေတြေၾကာင့္
ခုနက ေျပာတဲ့ ကုိယ့္ကုိ ကုိယ္
ခ်က္ခ်င္းေျပာင္းလဲပစ္လုိက္တဲ့
သေဘာတရားေတြျဖစ္လာတယ္ ။
ၿပီးေတာ့ လူေတာ္ေတာ္မ်ားမ်ားမွာက
ျဖစ္ခ်င္တယ္ဆုိတာမ်ဳိးပဲရွိၿပီး
ျဖစ္ရမယ္ဆုိတဲ့ ခံယူခ်က္ေတြ
မရွိၾကျပန္ဘူး ။ ဒါေၾကာင့္ လြဲမွားတဲ့
နည္းလမ္းေတြနဲ႔ ေနၿမဲအတုိင္း
ရွိၿမဲအတုိင္းျပန္ျဖစ္သြားတယ္ ။
ေအာင္ျမင္တဲ့ လူေတြက
သူတုိ႔ ေအာင္ျမင္ဖုိ႔အတြက္ ခ်က္ခ်င္းႀကီး ေအာင္ျမင္တဲ့ ဘဝကုိေရာက္လာတာ မဟုတ္ဘူး ။
သူတုိ႔ဘဝရဲ ႔အစိတ္အပုိင္းေတြထဲကမွ အမွားေတြကုိ
ေန႔စဥ္ျပဳျပင္လာၿပီးမွ ေအာင္ျမင္တဲ့သူေတြျဖစ္လာရတာပါ ။
ဒါေၾကာင့္ ကြ်န္ေတာ္တုိ႔ လုပ္ဖုိ႔လုိတာက
ကုိယ့္ကုိ ကုိယ္ ခ်က္ခ်င္းႀကီး ေျပာင္းလဲဖုိ႔ မလုိပါဘူး ။
ကုိယ့္ကုိ ကုိယ္ ေန႔စဥ္ ေဝဖန္သုံးသပ္ၿပီး နည္းနည္းေလးခ်င္းစီ ျပဳျပင္ေနထုိင္ႏုိင္ဖုိ႔ပဲလုိပါတယ္ ။ တစ္ရက္နည္းနည္း ဒါမွမဟုတ္ တစ္လနည္းနည္း ။ နည္းနည္းေလးစီကုိ
ပဲျပဳျပင္ေနထုိင္သြားရင္
တစ္ေန႔က်ရင္ ေအာင္ျမင္တဲ့
လူတစ္ေယာက္ အျဖစ္ေရာက္ရွိလာမွာပါ ။
ေအာင္ျမင္တဲ့ လူပုဂၢဳိလ္ေတြကုိၾကည့္ၿပီး
ေအာင္ျမင္တဲ့သူ ျဖစ္ခ်င္တာထက္
တစ္ေန႔က်ရင္ " ငါေအာင္ျမင္တဲ့လူ တစ္ေယာက္ျဖစ္ရမယ္ "
ဆုိတဲ့ ခံယူခ်က္ကုိ စိတ္သြင္းလုိ႔
ကုိယ့္ရဲ ႔လုိအပ္ခ်က္ေတြကုိ
နည္းနည္းေလးစီပဲ ျပဳျပင္ေနထုိင္တာဟာ
မွန္ကန္တဲ့ ႀကဳိးစားမႈမ်ဳိး ျဖစ္လာပါလိမ့္မယ္ ။

ခြန္ေန - Khun Nay
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia

[Unicode]
အောင်မြင်ခြင်းနည်းလမ်း

ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

ကျွန်တော်တို့တွေ အောင်မြင်ခြင်းနည်းလမ်းနဲ့ပတ်သက်လို့ စာတွေကိုလေ့လာဖတ်ရှု မှတ်သားလေ့ရှိကြတယ် ။ စိတ်အားထက်သန်မှုတွေရှိလာတဲ့အခါ
လက်ရှိကိုယ့်ရဲ့အနေအထားကို ချက်ချင်း
ပြောင်းပစ်လိုက်ကြတယ် ။ အဲ့မှာ စပြီး မှားတာပဲ ။
ကိုယ်ရဲ့နေ့စဉ်အမူအကျင့်အတိုင်း
နေသားတကျရှိနေတဲ့ အချိန်မျိုးမှာ
နောက်ပုံစံတစ်ခုကို ချက်ချင်းကူးပြောင်းလိုက်တဲ့အခါ
စိတ်ခံစားချက်က သက်တောင့်သက်သာ မရှိတော့ဘူး ။
ဒါကြောင့် နဂိုနေမြဲအတိုင်း ပြန်နေချင်လာတယ် ။
ဖတ်ထားသမျှ ၊ မှတ်ထားသမျှ
လိုက်နာကျင့်သုံးရတာ ပင်ပန်းသလိုဖြစ်လာတော့ နဂိုအတိုင်းပြန်ဖြစ်သွားတယ် ။
နောက်တော့ ကိုယ့်ကို ကိုယ်ပြောင်းလဲဖို့ကိုတောင် အင်မတန်ကြောက်လာတယ် ။
အောင်မြင်တဲ့လူတွေကိုကြည့်ပြီး
ချက်ချင်း အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာချင်တဲ့ စိတ်ခံစားချက်တွေကြောင့်
ခုနက ပြောတဲ့ ကိုယ့်ကို ကိုယ်
ချက်ချင်းပြောင်းလဲပစ်လိုက်တဲ့
သဘောတရားတွေဖြစ်လာတယ် ။
ပြီးတော့ လူတော်တော်များများမှာက
ဖြစ်ချင်တယ်ဆိုတာမျိုးပဲရှိပြီး
ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်တွေ
မရှိကြပြန်ဘူး ။ ဒါကြောင့် လွဲမှားတဲ့
နည်းလမ်းတွေနဲ့ နေမြဲအတိုင်း
ရှိမြဲအတိုင်းပြန်ဖြစ်သွားတယ် ။
အောင်မြင်တဲ့ လူတွေက
သူတို့ အောင်မြင်ဖို့အတွက် ချက်ချင်းကြီး အောင်မြင်တဲ့ ဘဝကိုရောက်လာတာ မဟုတ်ဘူး ။
သူတို့ဘဝရဲ့အစိတ်အပိုင်းတွေထဲကမှ အမှားတွေကို
နေ့စဉ်ပြုပြင်လာပြီးမှ အောင်မြင်တဲ့သူတွေဖြစ်လာရတာပါ ။
ဒါကြောင့် ကျွန်တော်တို့ လုပ်ဖို့လိုတာက
ကိုယ့်ကို ကိုယ် ချက်ချင်းကြီး ပြောင်းလဲဖို့ မလိုပါဘူး ။
ကိုယ့်ကို ကိုယ် နေ့စဉ် ဝေဖန်သုံးသပ်ပြီး နည်းနည်းလေးချင်းစီ ပြုပြင်နေထိုင်နိုင်ဖို့ပဲလိုပါတယ် ။ တစ်ရက်နည်းနည်း ဒါမှမဟုတ် တစ်လနည်းနည်း ။ နည်းနည်းလေးစီကို
ပဲပြုပြင်နေထိုင်သွားရင်
တစ်နေ့ကျရင် အောင်မြင်တဲ့
လူတစ်ယောက် အဖြစ်ရောက်ရှိလာမှာပါ ။
အောင်မြင်တဲ့ လူပုဂ္ဂိုလ်တွေကိုကြည့်ပြီး
အောင်မြင်တဲ့သူ ဖြစ်ချင်တာထက်
တစ်နေ့ကျရင် " ငါအောင်မြင်တဲ့လူ တစ်ယောက်ဖြစ်ရမယ် "
ဆိုတဲ့ ခံယူချက်ကို စိတ်သွင်းလို့
ကိုယ့်ရဲ့လိုအပ်ချက်တွေကို
နည်းနည်းလေးစီပဲ ပြုပြင်နေထိုင်တာဟာ
မှန်ကန်တဲ့ ကြိုးစားမှုမျိုး ဖြစ်လာပါလိမ့်မယ်

www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia

0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook