Friday, September 18, 2015
အလုပ်အကိုင်အခွင့်အလမ်းတွေများလာပြီး လူနေထူထပ်လာတဲ့ ရန်ကုန်မြို့ ဟာ နယ်လူငယ်တွေအတွက် မျက်စိကျချင်စရာနေရာဖြစ်လာပါတယ် ။ အလုပ်အကိုင် အခွင့်အလမ်းများပြားလာမှုနဲ့ အတူ ရန်ကုန် အိမ်၊ ခြံ ၊ မြေ ဈေးမြင့်တက်လာမှုနှင့် စားဝတ်နေရေး ပြဿနာက လုပ်ငန်းခွင်ဝင် လူငယ်တွေအတွက် အဓိက စိန်ခေါ်မှုဖြစ်လာစေပါတယ် ။  တစ်ကိုယ်ရေ တစ်ကာယ သမားဖြစ်တဲ့ လူငယ်တွေအတွက် ရန်ကုန်မှာ တိုက်ခန်းငှားနေဖို့ အကုန်ကျစရိတ်ကြီးမြင့်လွန်းတာကြောင့် အဆောင်နေ စနစ်ဟာ ပိုမိုကြီးမားလာပါတယ် ။ အဆောင်တွေ အများအပြားရှိတဲ့  လှည်းတန်း၊ စမ်းချောင်း၊တာမွေ နဲ့ ကြည့်မြင်တိုင် အစရှိတဲ့ 
မြို့ နယ် တွေမှာ အဆောင်အများအပြားပေါ်ထွက်လာသလို အဆောင်နေလူငယ်တွေ လည်း နေ့စဉ်တိုးပွားလို့လာပါတယ် ။ တိုက်ခန်းငှားတဲ့ ဈေးနှုန်းထက် အဆောင်နေ လူငယ်တစ်ယောက်အတွက် ကုန်ကျစရိတ် သက်သာသွားပေမယ့် အခန်းဖော်ကောင်းရဖို့နဲ့ ကိုယ့်ကြိုက်နှစ်သက်တဲ့ နေရာဖို့အတွက်က အခက်အခဲတစ်ခု ဖြစ်လာစေတယ် ။ ဒါကြောင့် ရန်ကုန်နေ လူငယ်အချို့ အတွက် တိုက်ခန်းစုငှားတဲ့ စနစ်ဖြစ်ပိုပြီးများပြားလာပါတယ် ။ တိုက်ခန်း စုငှားတဲ့ စနစ်များပြားလာတာနဲ့အမျှ လူသုံးအများ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်တွေပေါ်မှာလည်း Group တွေအသီးသီးပေါ်ထွက်လာပါတယ် ။ အလားတူပဲ မြန်မာနိုင်ငံ အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ် ဝက်ဆိုဒ်ဖြစ်တဲ့ house.com.mm ကလည်း လူမှုကွန်ယက် Flat share Group တစ်ခုအဖြစ် 
 ( FlatShare အိမ်ခန်းစပ်တူငှားလိုသူများ ဆုံဆည်းရာ ) ကိုဖန်တီးလာပါတယ် ။  အဆိုပါ Group 
( FlatShare အိမ်ခန်းစပ်တူငှားလိုသူများ ဆုံဆည်းရာ ) မှာ လူငယ်တွေအတွက် အဆောင်ခန်းရှာဖွေရခက်ခဲတဲ့ ပြဿနာနှင့် တိုက်ခန်းရှာရခက်ခဲတဲ့ ပြဿနာတွေကို လွယ်ကူစေဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ် ။ အဆိုပါ Group ကို လွန်ခဲ့တဲ့ သုံးလလောက်က ဖန်တီးထားတာဖြစ်ပြီး စုငှားဖို့ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေအတွက် အဆင်ပြေစေဖို့ မျှဝေပေးလိုက်ပါတယ် ။နောက်လည်း စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်မယ့် Group တွေရှိလာရင် မျှဝေပေးသွားပါဦးမယ် ။ 
ခွန်နေ - Khun Nay
Wednesday, September 16, 2015
Apple ကနေပြီးတော့ iOS 9 ကို ဒီနေ့ထုတ်ပေးတော့မှာဖြစ်ပါတယ်.။ အသစ်ထွက်လာမယ့် iOS 9 မှာ ဘာတွေပါမလဲ ကြည့်ရအောင်.။
Search အသစ်
iPhone Home Screen ပေါ်မှာ ညာဘက်ကို swipe လုပ်လိုက်မယ်ဆိုရင် iPhone, email, inside apps, maps, the web, sports scores နဲ့ photo library တွေအပြင် အခြားနေရာတွေကိုပါ ရှာဖွေပေးနိုင်မယ့် universal search dashboard အသစ်တစ်ခု ပါဝင်လာမှာဖြစ်ပါတယ်.။
Apple ဟာ iOS 9 မှာ Recommendation လုပ်ခြင်းကို ပိုပြီးဦးစားပေးလာမှာဖြစ်တဲ့အတွက် ဒီ Search dashboard မှာ သင်အသုံးပြုချင်မယ်လို့ ထင်တဲ့ Link တွေကိုလဲ ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်.။
Messaging Apps များအတွက် အပြောင်းအလဲများ
iOS 9 မှာ Messaging Apps တွေကို အသုံးပြုရ ပိုပြီးအဆင်ပြေအောင် ပြင်ဆင်ပေးမှာဖြစ်ပါတယ်.။ Notifications Center ပေါ်မှာရှိတဲ့ icon များကို ပိုပြီးအစီအစဉ်တကျဖြစ်အောင် ပြင်ဆင်ပေးသွားမှာဖြစ်ပြီး အရင်က Apple ရဲ့ Messaging App ပေါ်မှာပဲ ရနိုင်ခဲ့တဲ့ Quick replies ကိုလဲ ယခု App အားလုံးမှာ အသုံးပြုနိုင်ဖို့ ထည့်သွင်းပေးမှာဖြစ်ပါတယ်.။ ဒါအပြင် Search Dashboard မှာလဲ Message တွေကို ထည့်သွင်းရှာဖွေနိုင်မှာဖြစ်ပြီး အခြား App တွေကပါ ခွင့်ပြုပေးခဲ့မယ်ဆိုရင် သူတို့ရဲ့ Message တွေကိုပါ ထည့်သွင်း ရှာဖွေနိုင်မှာဖြစ်ပါတယ်.။
Newsstand Feature ကို ရပ်နားခြင်း
Newsstand Feature ကို iOS 9 ကစပြီး ရပ်နားတော့မှာဖြစ်ပါတယ်.။ အဲဒီအစား Apple ဟာ News App အသစ်တစ်ခုကို Pre-install လုပ်ထားပေးမှာဖြစ်ပြီး အဲဒီ App မှတဆင့် သတင်းဌာနပေါင်းများစွာရဲ့ update များကို ရယူဖတ်ရှုနိုင်မှာဖြစ်ပါတယ်.။
System Font အသစ်ကို အသုံးပြုထားတဲ့ ဒီဇိုင်းအသစ်
iOS 9 ရဲ့ ဒီဇိုင်းဟာ iOS 8 နဲ့ အရမ်းကြီးကွာဟသွားမှာတော့ မဟုတ်ပါဘူး.။ Apple ဟာ iOS စတင်ထုတ်လုပ်ကတည်းက အသုံးပြုခဲ့တဲ့ Helvetica Font အစား ကိုယ်ပိုင် type face တစ်ခုဖြစ်တဲ့ San Francisco font ကို ပြောင်းလဲ အသုံးပြုမှာဖြစ်ပါတယ်.။ ဒီ Font ဟာ Apple Watch အတွက် အသုံးပြုခဲ့တဲ့ Font လဲဖြစ်ပါတယ်.။
ပိုမိုကောင်းမွန်လာမယ့် Battery
iOS 9 မှာ အခြားပြုပြင်မှုတစ်ခုအနေနဲ့ Battery သက်တမ်းကို တစ်နာရီကြာ ပိုမိုအသုံးခံစေဖို့ ပြုပြင်ပေးထားပါတယ်.။ ဒါ့အပြင် Low Power Mode လို့ခေါ်တဲ့ Battery ကို သုံးနာရီ ပိုမိုဆွဲဆန့်ပေးနိုင်တဲ့ Feature အသစ်လဲ ပါဝင်လာမှာဖြစ်ပါတယ်.။
အခြား feature များအနေနဲ့
  • iOS 9 မှာ iPad များအတွက် Split Screen Mode နဲ့ Video  picture-in-picture အစရှိတဲ့ ပြုပြင်မှုတွေ ပါဝင်လာမှာဖြစ်ပါတယ်.။
  • Notes App ကို ပိုမိုအဆင့်မြှင့်တင်ထားပြီး Apple Maps မှာလဲ အများပြည်သူပို့ဆောင်ရေး စနစ်တွေ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်.။
  • Passbook ကို Wallet လို့ အမည်ပြောင်းလဲသွားမှာဖြစ်ပြီး အခြား ငွေပေးချေရေးစနစ်များနဲ့ Loyalty Program များလဲ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်.။
  • iOS 9 မှာ Ad blocker App တစ်ခုပါဝင်လာမှာဖြစ်ပြီး Apple ရဲ့ အဆိုအရ web browsing ပြုလုပ်မှုကို ပိုမိုမြန်ဆန်စေမှာဖြစ်တယ်လို့ ဆိုပါတယ်.။ 
iOS 9 ကို ယနေ့ (17.9.2015) မှာ စတင် Upgrade လုပ်လို့ရပြီဖြစ်ပါတယ်.။ Update တင်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပြဿနာများနဲ့ အတွေ့အကြုံများကိုလဲ ပြန်လည်မျှဝေပေးသွားပါဦးမယ်.။
Guest Post - အောင်မွန်ချမ်း (MyanmarLeaders)
Wednesday, September 2, 2015
ခွန်နေ - Khun Nay
[Unicode]
လောကမှာ တစ်ဦးတစ်ယောက်ကောင်းမရှိပါ
ခွန်နေ - Khun Nay
လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်ကောင်း တစ်ခုဖန်တီး ထားတတ်ဖို့လိုတယ် ။ ကိုယ့်ကို ကူညီထောက်ပံ့သူ ၊ ပံ့ပိုးကူညီသူ ၊ အမှန်တရားကို ညွှန့်ပြပေးသူ ရှိဖို့လိုတယ် ။ ရှိယုံနဲ့လည်းမပြီးသေးဘူး ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကြာရှည်ခိုင်မြဲအောင် ထိန်းသိမ်းနိုင်စွမ်းရှိဖို့ကလည်းအရေးကြီးတယ် ။ အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာ ကောင်းမွန်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိသလို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ နောက်လိုက်ကောင်းတွေ အများကြီးလိုတယ် ။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ သူတွေ တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်နိုင်မှုကြောင့် မဟုတ်ပါဘူး ။ ဆိုလိုချင်တာက လူဆိုတာ ဘယ်အရာမှ တစ်ဦးကောင်း စွမ်းဆောင်လို့မရပါဘူး ။ “ ညဆိုတဲ့ အမှောင်ရှိလို့ ကြယ်လေးတွေ အရောင်တောက်ခွင့်ရသလို ၊ အမှောင်ထုကြီးသာမရှိရင် ကြယ်တွေလည်း အရောင်တောက်ခွင့်ရှိလာမှာမဟုတ်ပါဘူး “ ။
www.khunnaymedia.com
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
www.khunnaymedia.com
Choice , Chance , Change.....
ခွန်နေ - Khun Nay
www.facebook.com/nay.tun2
လူမှန်ရင် အမှားနဲ့မကင်းဘူးဆိုတဲ့ အခွင့်အရေး လူတိုင်း တူညီစွာရရှိထားကြတယ် ။ တူညီစွာရရှိထားတဲ့ ဒီအခွင့်အရေးကို လူနည်းစုကသာ မိမိရရအသုံးချတတ်ပြီးတော့ အမှားတွေကို အမှန်ဖြစ်အောင် ပြုပြင်နေထိုင်ကြတယ် ။ ပြီးတော့ သဘာဝတရားကပေးတဲ့ တစ်ရက် ၂၄ နာရီ အချိန်ကိုလည်း တူညီစွာရရှိကြတယ် ။ ဒီအခွင့်အရေးကိုလည်း လူအများစုက လက်လွတ်ဆုံးရှုံးကြပြန်တယ် ။ ကွန်တော်တို့တွေဟာ အမှားထဲက အမှန်ကိုရှာပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်ကြရ သူတွေပါ ။ ကိုယ့်ကို ပြောင်းသင့်တာတွေပြောင်းပြီး ပြင်သင့်တာကိုပြင်ရသလို မလိုအပ်တဲ့အချို့သော အရာတွေကို သံယောဇဉ်ဖြတ် ဖယ်ထုတ်ပစ်ရတာမျိုး တွေလည်းရှိမယ် ။ ဒါပေမယ့် လူတွေက ကိုယ့်ကို ပြောင်းလဲခြင်းဆိုတဲ့ အရာကို အင်မတန်ကြောက်ကြတယ် ။
တိုးတက်အောင်မြင်လာတဲ့သူတွေရဲ့ ဘဝမှာ သူတို့ကိုယ်သူတို့ ပြောင်းလဲခြင်းဆိုတဲ့ အရာတစ်ခုကိုပဲ လုပ်ဆောင်ကြသူတွေပါ ။
Choice လို့ခေါ်တဲ့ ရွေးချယ်ခွင့်ရှိတယ် ။
မှားခဲ့လို့ Chance ဆိုတဲ့အခွင့်အရေးရှိတယ် ။
ဒါကို ကိုယ့်ဘက်က Change လုပ်နိုင်ဖို့ပါပဲ ။
ခွန်နေ - Khun Nay
www.khunnaymedia.com
[Zawgyi]
www.khunnaymedia.com
[Unicode]
ဗြိတိန်အဆိုတော်အဖွဲ ့ Ooberfuse မြန်မာကိုရည်ညွှန်း သီဆိုတဲ့ သီချင်းဖြန့်ဝေ
www.khunnaymedia.com
ဗြိတိန်အခြေစိုက် လန်ဒန် အဆိုတော်အဖွဲ ့ဖြစ်တဲ့ Ooberfuse မြန်မာ့ အငွေ့အသက်ကို လွှမ်းခြုံဖော်ကြူးထားတဲ့ တေးသီချင်းကို တရားဝင်
ဖြန့်ချီလိုုက်ပါတယ် ။ Ooberfuse အဖွဲ့ဟာ နိုင်ငံပေါင်းစုံပရိဟိတပွဲတွေမှာ လှည့်လည်ဖျော်ဖြေတင်ဆက်ပေးတဲ့ အဖွဲ ့တစ်ဖွဲ့လို့လည်းသိရပါတယ် ။
ယခုတေးသီချင်းကို အဖွဲ ့ဝင်များဖြစ်တဲ့ Hal နဲ့ Cherrie တို့ဟာ ထုတ်လုပ်သူ Roland Faber နှင့်ပူးပေါင်းပြီး ဖြန့်ချီလိုက်တာဖြစ်ပါတယ် ။ Don’t let it go လို့အမည်ရတဲ့ အဆိုပါတေးသီချင်း MTV မှာ ဆေးပြင်းလိပ်သောက်နေတဲ့ လူကြီးတွေ ၊ စျေးထဲဲက ငှက်ပျောသီးအရောင်းတန်းတွေ ၊ သနပ်ခါးလိမ်းထားတဲ့ ချစ်စဖွယ့် မြန်မာ့အမူအရာတွေ ၊ တောင်ပေါ် ကယန်းတိုင်းရင်းသားတွေအစရှိတဲ့ မြန်မာ့မြင်ကွင်းအလှပေါင်းစုံကို ဖော်ကြူးတင်ဆက်ထားတာဖြစ်ပါတယ် ။
အဆိုပါသီချင်းနဲ့ပတ်သက်လို့ အဆိုရှင်ဖြစ်တဲ့ Hal St Jhon က “လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ အဖိုးတန် စိတ်ကူးအိပ်မက် အသီးသီး ရှိကြပါတယ်။ အဆိုပါ စိတ်ကူးအိပ်မက်တွေကို ဘယ်လို အကြောင်းမျိုးနဲ့ပဲ ကြုံကြုံ လက်မလွှတ်လိုက်ပဲ ဖြစ်မြောက်အောင် အဆုံးစွန်ထိ ရေကုန်ရေခမ်း ကြိုးစားကြစေဖို့ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ဒီသီချင်းရဲ့ message ပါပဲ…” လို့ပြောကြားခဲဲ့ပါတယ် ။
ယခုသတင်းကို Alliance PR agency မှထုတ်ပြန်ထားတာဖြစ်ပြီး MTV ရုပ်သံတင်ဆက်မှုကိုလည်း Youtube ဗီဒီယိုဖိုင်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။
✔ YouTube Link ➳ https://youtu.be/OdqqhY19nSs
[Zawgyi]
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
၇ ။ ဇွဲရှိဖို့လိုတယ်
ခွန်နေ - Khun Nay
www.khunnaymedia.com
[Unicode]
အောင်မြင်လိုသူများအတွက်
လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက် အောင်မြင်ပြီးသား လုပ်ငန်းတွေကိုကြည့်ပြီး လေ့လာရပါတယ် ။ လေ့လာတယ်ဆိုတာက ကူးချခိုင်းတာမဟုတ်ပါဘူး ။ ယူသင့်သလောက်ယူလို့ရပါတယ် ၊ အလုံးစုံယူလိုက်ခြင်းကိုမဆိုလိုပါဘူး ။ သူလုပ်ခဲ့လို့ သူအောင်မြင်တာ မှန်ပေမယ့် ပုံစံတူလိုက်လုပ်လို့ ကိုယ်အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ် ။ အောင်မြင်ခဲ့မယ်ဆိုရင်လည်း ကြာရှည်တဲ့ အောင်မြင်မှုမျိုးအဖြစ် ရပ်တည်နိုင်မှာမဟုတ်ပါဘူး ။ လုပ်ငန်းခေါင်းစဉ်တူနေတယ်ဆိုရင်တောင် ကိုယ့်မူ ၊ ကိုယ့်စတိုင်နဲ့သွားတာ အကောင်းဆုံးပါပဲ ။ ဒါမှသာ ကိုယ့်လုပ်ငန်း ကိုယ့် brand ကတာရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ် ။ အောင်မြင်တဲ့ လုပ်ငန်းတိုင်းရဲ ့ ဦးဆောင်သူတွေဟာ ကိုယ်ပိုင်မူ ၊ ကိုင်ပိုင်ဟန်နဲ့ ထိုးဖောက် အောင်မြင်လာသူတွေပါ ။ ပတ်ဝန်းကျင် အကြံအဉာဏ် ထိုက်သင့်သလောက် ယူတတ်မှုနဲဲ့ ကွန့်မြူးဖန်တီးနိုင်စွမ်း ရှိကြသူတွေဖြစ်တယ် ။ ဒါကြောင့် အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့ ၊ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့
၁ ။ လေ့လာနိုင်စွမ်းကောင်းဖို့လိုပါတယ်
၂ ။ ပုံစံတူကူးချခြင်းကို ရှောင်ကြဉ်နိုင်ရပါမယ်
၃ ။ ကိုယ်ပိုင်အမြင် ၊ ကိုယ်ပိုင်ခံယူချက်ရှိရပါမယ်
၄ ။ ဖန်တီးနိုင်စွမ်းရှိဖို့လိုပါတယ်
၅ ။ ကောင်မွန်တဲ့ အထောက်အပံ့ကောင်းရှိထားဖို့လိုပါတယ်
၆ ။ အရှုံးတွေကို လက်ခံနိုင်ရမယ် ၊ ဝေဖန်မှုဒါဏ်ကိုခံနိုင်ရည်ရှိရပါမယ်
၇ ။ ဇွဲရှိဖို့လိုတယ်
၈ ။ ကိုယ့်ကိုယ် ယုံကြည်မှုရှိ ရန်လိုအပ်ပါတယ် ။
အထက်ပါပြောခဲ့တဲ့ အချက်တွေအားလုံး အဆင်သင့်ဖြစ်နေပြီ ၊ သင့်ဆီမှာရှိနေပြီဆိုရင် အောင်မြင်တဲ့သူ ၊ လုပ်ငန်းတစ်ခုကိုအောင်မြင်စွာ ထူထောင်နိုင်သူအဖြစ် ရောက်ရှိလာပါလိမ့်မယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook