Wednesday, September 16, 2015


Apple ကနေပြီးတော့ iOS 9 ကို ဒီနေ့ထုတ်ပေးတော့မှာဖြစ်ပါတယ်.။ အသစ်ထွက်လာမယ့် iOS 9 မှာ ဘာတွေပါမလဲ ကြည့်ရအောင်.။

Search အသစ်

iPhone Home Screen ပေါ်မှာ ညာဘက်ကို swipe လုပ်လိုက်မယ်ဆိုရင် iPhone, email, inside apps, maps, the web, sports scores နဲ့ photo library တွေအပြင် အခြားနေရာတွေကိုပါ ရှာဖွေပေးနိုင်မယ့် universal search dashboard အသစ်တစ်ခု ပါဝင်လာမှာဖြစ်ပါတယ်.။

Apple ဟာ iOS 9 မှာ Recommendation လုပ်ခြင်းကို ပိုပြီးဦးစားပေးလာမှာဖြစ်တဲ့အတွက် ဒီ Search dashboard မှာ သင်အသုံးပြုချင်မယ်လို့ ထင်တဲ့ Link တွေကိုလဲ ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်.။

Messaging Apps များအတွက် အပြောင်းအလဲများ

iOS 9 မှာ Messaging Apps တွေကို အသုံးပြုရ ပိုပြီးအဆင်ပြေအောင် ပြင်ဆင်ပေးမှာဖြစ်ပါတယ်.။ Notifications Center ပေါ်မှာရှိတဲ့ icon များကို ပိုပြီးအစီအစဉ်တကျဖြစ်အောင် ပြင်ဆင်ပေးသွားမှာဖြစ်ပြီး အရင်က Apple ရဲ့ Messaging App ပေါ်မှာပဲ ရနိုင်ခဲ့တဲ့ Quick replies ကိုလဲ ယခု App အားလုံးမှာ အသုံးပြုနိုင်ဖို့ ထည့်သွင်းပေးမှာဖြစ်ပါတယ်.။ ဒါအပြင် Search Dashboard မှာလဲ Message တွေကို ထည့်သွင်းရှာဖွေနိုင်မှာဖြစ်ပြီး အခြား App တွေကပါ ခွင့်ပြုပေးခဲ့မယ်ဆိုရင် သူတို့ရဲ့ Message တွေကိုပါ ထည့်သွင်း ရှာဖွေနိုင်မှာဖြစ်ပါတယ်.။

Newsstand Feature ကို ရပ်နားခြင်း

Newsstand Feature ကို iOS 9 ကစပြီး ရပ်နားတော့မှာဖြစ်ပါတယ်.။ အဲဒီအစား Apple ဟာ News App အသစ်တစ်ခုကို Pre-install လုပ်ထားပေးမှာဖြစ်ပြီး အဲဒီ App မှတဆင့် သတင်းဌာနပေါင်းများစွာရဲ့ update များကို ရယူဖတ်ရှုနိုင်မှာဖြစ်ပါတယ်.။

System Font အသစ်ကို အသုံးပြုထားတဲ့ ဒီဇိုင်းအသစ်

iOS 9 ရဲ့ ဒီဇိုင်းဟာ iOS 8 နဲ့ အရမ်းကြီးကွာဟသွားမှာတော့ မဟုတ်ပါဘူး.။ Apple ဟာ iOS စတင်ထုတ်လုပ်ကတည်းက အသုံးပြုခဲ့တဲ့ Helvetica Font အစား ကိုယ်ပိုင် type face တစ်ခုဖြစ်တဲ့ San Francisco font ကို ပြောင်းလဲ အသုံးပြုမှာဖြစ်ပါတယ်.။ ဒီ Font ဟာ Apple Watch အတွက် အသုံးပြုခဲ့တဲ့ Font လဲဖြစ်ပါတယ်.။

ပိုမိုကောင်းမွန်လာမယ့် Battery

iOS 9 မှာ အခြားပြုပြင်မှုတစ်ခုအနေနဲ့ Battery သက်တမ်းကို တစ်နာရီကြာ ပိုမိုအသုံးခံစေဖို့ ပြုပြင်ပေးထားပါတယ်.။ ဒါ့အပြင် Low Power Mode လို့ခေါ်တဲ့ Battery ကို သုံးနာရီ ပိုမိုဆွဲဆန့်ပေးနိုင်တဲ့ Feature အသစ်လဲ ပါဝင်လာမှာဖြစ်ပါတယ်.။

အခြား feature များအနေနဲ့


  • iOS 9 မှာ iPad များအတွက် Split Screen Mode နဲ့ Video  picture-in-picture အစရှိတဲ့ ပြုပြင်မှုတွေ ပါဝင်လာမှာဖြစ်ပါတယ်.။
  • Notes App ကို ပိုမိုအဆင့်မြှင့်တင်ထားပြီး Apple Maps မှာလဲ အများပြည်သူပို့ဆောင်ရေး စနစ်တွေ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်.။
  • Passbook ကို Wallet လို့ အမည်ပြောင်းလဲသွားမှာဖြစ်ပြီး အခြား ငွေပေးချေရေးစနစ်များနဲ့ Loyalty Program များလဲ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်.။
  • iOS 9 မှာ Ad blocker App တစ်ခုပါဝင်လာမှာဖြစ်ပြီး Apple ရဲ့ အဆိုအရ web browsing ပြုလုပ်မှုကို ပိုမိုမြန်ဆန်စေမှာဖြစ်တယ်လို့ ဆိုပါတယ်.။ 


iOS 9 ကို ယနေ့ (17.9.2015) မှာ စတင် Upgrade လုပ်လို့ရပြီဖြစ်ပါတယ်.။ Update တင်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပြဿနာများနဲ့ အတွေ့အကြုံများကိုလဲ ပြန်လည်မျှဝေပေးသွားပါဦးမယ်.။

Guest Post - အောင်မွန်ချမ်း (MyanmarLeaders)

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook