Friday, September 18, 2015






အလုပ်အကိုင်အခွင့်အလမ်းတွေများလာပြီး လူနေထူထပ်လာတဲ့ ရန်ကုန်မြို့ ဟာ နယ်လူငယ်တွေအတွက် မျက်စိကျချင်စရာနေရာဖြစ်လာပါတယ် ။ အလုပ်အကိုင် အခွင့်အလမ်းများပြားလာမှုနဲ့ အတူ ရန်ကုန် အိမ်၊ ခြံ ၊ မြေ ဈေးမြင့်တက်လာမှုနှင့် စားဝတ်နေရေး ပြဿနာက လုပ်ငန်းခွင်ဝင် လူငယ်တွေအတွက် အဓိက စိန်ခေါ်မှုဖြစ်လာစေပါတယ် ။  တစ်ကိုယ်ရေ တစ်ကာယ သမားဖြစ်တဲ့ လူငယ်တွေအတွက် ရန်ကုန်မှာ တိုက်ခန်းငှားနေဖို့ အကုန်ကျစရိတ်ကြီးမြင့်လွန်းတာကြောင့် အဆောင်နေ စနစ်ဟာ ပိုမိုကြီးမားလာပါတယ် ။ အဆောင်တွေ အများအပြားရှိတဲ့  လှည်းတန်း၊ စမ်းချောင်း၊တာမွေ နဲ့ ကြည့်မြင်တိုင် အစရှိတဲ့ 
မြို့ နယ် တွေမှာ အဆောင်အများအပြားပေါ်ထွက်လာသလို အဆောင်နေလူငယ်တွေ လည်း နေ့စဉ်တိုးပွားလို့လာပါတယ် ။ တိုက်ခန်းငှားတဲ့ ဈေးနှုန်းထက် အဆောင်နေ လူငယ်တစ်ယောက်အတွက် ကုန်ကျစရိတ် သက်သာသွားပေမယ့် အခန်းဖော်ကောင်းရဖို့နဲ့ ကိုယ့်ကြိုက်နှစ်သက်တဲ့ နေရာဖို့အတွက်က အခက်အခဲတစ်ခု ဖြစ်လာစေတယ် ။ ဒါကြောင့် ရန်ကုန်နေ လူငယ်အချို့ အတွက် တိုက်ခန်းစုငှားတဲ့ စနစ်ဖြစ်ပိုပြီးများပြားလာပါတယ် ။ တိုက်ခန်း စုငှားတဲ့ စနစ်များပြားလာတာနဲ့အမျှ လူသုံးအများ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်တွေပေါ်မှာလည်း Group တွေအသီးသီးပေါ်ထွက်လာပါတယ် ။ အလားတူပဲ မြန်မာနိုင်ငံ အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ် ဝက်ဆိုဒ်ဖြစ်တဲ့ house.com.mm ကလည်း လူမှုကွန်ယက် Flat share Group တစ်ခုအဖြစ် 
 ( FlatShare အိမ်ခန်းစပ်တူငှားလိုသူများ ဆုံဆည်းရာ ) ကိုဖန်တီးလာပါတယ် ။  အဆိုပါ Group 
( FlatShare အိမ်ခန်းစပ်တူငှားလိုသူများ ဆုံဆည်းရာ ) မှာ လူငယ်တွေအတွက် အဆောင်ခန်းရှာဖွေရခက်ခဲတဲ့ ပြဿနာနှင့် တိုက်ခန်းရှာရခက်ခဲတဲ့ ပြဿနာတွေကို လွယ်ကူစေဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ် ။ အဆိုပါ Group ကို လွန်ခဲ့တဲ့ သုံးလလောက်က ဖန်တီးထားတာဖြစ်ပြီး စုငှားဖို့ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေအတွက် အဆင်ပြေစေဖို့ မျှဝေပေးလိုက်ပါတယ် ။နောက်လည်း စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်မယ့် Group တွေရှိလာရင် မျှဝေပေးသွားပါဦးမယ် ။ 

ခွန်နေ - Khun Nay

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook