
ပြီးဆုံးသွားတဲ့သမီးရည်းစားဆက်ဆံရေးတွေကနေ နောက်ဆုံးဘာ တွေကျန်ခဲ့သလဲ။ အချစ်တွေလား၊ အမုန်းတွေလား၊ အလွမ်းအဆွေး တွေလား၊ ဒါမှမ ဟုတ်လူတွေရဲ့အကြောင်း သင်ခန်းစာတွေလား။ သူ့ဘက်ကိုယ့် ဘက် ပြေလည်အောင်ညှိကြရင်းနဲ့ ဘယ်လိုမှမပြေလည်နိုင်တော့တဲ့ အဆုံးနှစ်ဖက်စလုံးက လွှတ်ချလိုက်တဲ့ဆက်ဆံ ရေးမှာ သူ့ဘက်ကမှားလို့ ကိုယ့်ဘက်ကမှားလို့ဆိုတဲ့ အတွေးမျိုး တွေကိုလည်း ထပ်ပြီးတွေးနေပြီးတော့ ကိုယ့်ကိုကိုယ်ထပ်မနှိပ်စက် ပါနဲ့တော့။ မွန်းကျပ်ပြီးပူလောင်နေရတဲ့ ဆက်ဆံရေးမှာ ထပ်ပြီးနစ် မျောနေရင် ပိုပြီးနာကျင်ရတာပဲ ဖြစ်လာနိုင်ပါတယ်။
ဒီတော့ ပြတ်ဆဲသွားတဲ့ သမီးရည်းစား ဆက်ဆံရေးကနေ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးနှစ်သိပ်တဲ့အတွေးမျိုး တွေးကြရမလဲဆိုတာနဲ့ဘယ်လိုမျိုးသင်ခန်းစာယူပြီးကိုယ့်ရှေ့အနာဂတ်မှာကောင်းအောင် နေထိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ သင့်ရဲ့နှလုံးသားက ခံစားချက်အစစ်အမှန်အတိုင်း ရိုးရိုးရှင်း ရှင်း ပြုမူနေထိုင်ပါ။ စိတ်ထဲကရှုပ်ထွေးနေတာတွေ၊ အလိုမကျဖြစ်နေ တာတွေကို ထုတ်ပစ်လိုက်ပါ။ ဖြစ်လာတဲ့အရာရာတိုင်းကို အကောင်း ဘက်ကနေပဲ တွေးလိုက်ပါ။ ဒီလိုမျိုး ပြတ်ဆဲသွားခြင်းက ကိုယ့်အ တွက် အကောင်းဆုံးတွေပဲ ဖြစ်လာလိမ့်မယ်လို့ တွေးထားလိုက်ရင် သင့်အတွက် နာကျင်ခံစားရမှုကို သက်သာစေပါလိမ့်မယ်။
၂။ မွန်းကျပ်နေတဲ့ နာကျင်ခံစားမှုကနေ ဘယ်လိုအကောင်းဆုံးရုန်း ထွက်လို့ရနိုင်မလဲဆိုတာ ရှာဖွေပါ။ တစ်ခါတစ်ရံမှာ ကျွန်မတို့တွေက မဖြစ်နိုင်တော့တဲ့ ဆက်ဆံရေးတွေကို ဆုပ်ကိုင်နေဖို့ကိုပဲအတင်း ကြိုး စား နေမိပါလိမ့်မယ်။ ဒီလိုမလုပ်ပါနဲ့။ လွှတ်ပေးလိုက်ပါ။ အပြောင်းအလဲ ဆိုတာပြောင်းလဲတဲ့အချိန်မှာ ကိုယ်ကအကောင်းဆုံးကြိုးစားလိုက် ရင် ကိုယ့်အတွက်ကောင်းမွန်တဲ့အပြောင်းအလဲဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့ အမှားတွေကိုသင်ခန်းစာယူပြီး အကောင်းဆုံးတွေပြောင်းလဲပစ်လိုက်ပါ။
၃။ နှစ်ယောက်သားရှိနေတာထက် တစ်ဦးထဲနေရတာပိုမိုကောင်း မွန်တယ်ဆိုတာ သိလာရပါလိမ့်မယ်။ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးက သင့်အတွက် ဘယ်လိုမျိုးစိတ်ပင်ပန်းဆင်းရဲမှုတွေ သယ်ဆောင်ခဲ့ရ သလဲဆိုတာကို ပြန်မြင်တွေ့စေပါလိမ့်မယ်။ အဲ့ဒီအချိန်ကျ သင့်ကိုယ် သင် ပြန်ပြီးသနားစိတ်တောင် ဝင်သွားနိုင်ပါတယ်။ အမြဲတမ်း ကိုယ့်ဘက်က အလျှော့ပေးရင်း၊ အနစ်နာခံရင်း ချစ်ခြင်းမညီတဲ့ ဆက်ဆံရေးကို ပြေလည် လာအောင် ညှိပေးခဲ့တဲ့သူတွေဆိုရင်ပိုလို့ တောင် နောင်တရလာပါဦးမယ်။ သူ့အချစ်ကြောင့် သင့်ဘဝအရာ ရာ အနစ်နာခံရတာတွေ၊ အချိန်တွေပေး ဆပ်ခဲ့ရတာတွေအတွက် က နှမြောစရာကောင်းပါတယ်။ သူမရှိတော့ တဲ့နောက်ပိုင်းမှာ သင့် အတွက်ကအရာရာ ပိုပြီးအဆင်ပြေသာယာ လာခြင်းတွေတောင်ဖြစ်လာနိုင်ပါသေးတယ်။
၎။ နာကျင်ခြင်းတွေကို အဝေးကိုလွှင့်ပစ်လိုက်ပါ။ ဟုတ်ပါတယ်။ ဒီလိုအချိန်အသည်းကွဲလို့ နာကျင်ရတယ်ဆိုတာ မှန်ပါတယ်။ ဒါ ပေမယ့် သင်ကမနာကျင်ပါဘူးလို့တွေးထားရင် မနာကျင်ပါဘူး။ နာကျင်ရတဲ့အခိုက်အတန့်ကနေ ပြန်ပြီးကောင်းလာအောင်လုပ်မှ သက်သာလာမှာပါ။ ချော်လဲသွားတဲ့အခါ ရလာတဲ့ဒဏ်ရာတစ်ခု လိုပါပဲ။ လဲကျသွားတဲ့အချိန်နဲ့ ဒဏ်ရာမကျက်သေးတဲ့အချိန်အထိ တော့ နာကျင်ခြင်းကရှိနေပေမယ့် တဖြည်းဖြည်းဆေးထည့်၊ ကုသ ပေးရင်းနဲ့မှ အနာကျက်သွားရင် လုံးဝကိုနာကျင်မှုကို ခံစားရတော့ မှာ မဟုတ်ပါဘူး။ ဒီတော့ နာကျင်မှုကနေ မြန်မြန်လွတ်မြောက် အောင်ကြိုးစားပါ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
ကျေးဇူးပါရှင့် ခံစားရသက်သာသွားပြီ
ReplyDelete