အိမ်ထောင်ပြုခြင်းဆိုတာက တကယ့်တော့ အံ့သြစိတ်လှုပ်ရှားမှု တွေ၊ စိန် ခေါ်မှုတွေကို တပြိုင်နက်တည်းခံစားရစေတဲ့ အရာပါပဲ။ အိမ်ထောင်ပြုပြီးနောက်ပိုင်း ဘယ်လိုမျိုး ပျော်ရွှင်စရာတွေ၊ စိတ် ကြည်နူးစရာတွေနဲ့ ဘယ်လိုမျိုး အခက်အခဲတွေ၊ စိတ်ပျက်ဝမ်းနည်းစရာတွေ ကို ကြုံတွေ့လာနိုင်ရသလဲဆိုတာ ဘယ်သူကမှကြိုပြီးမသိ နိုင်ကြပါဘူး။ အိမ်ထောင်ရက်သားပြုကြမယ့် သူတိုင်းက ကိုယ့်ဘဝအတွက် လက်တွဲဖော် ကို ကိုယ့်အပေါ်အကောင်းနိုင်ဆုံး၊ နားလည်မှု ပေးနိုင်ဆုံး၊ ကိုယ်ကို့အချစ်ဆုံး၊ ကိုယ်ကအချစ်ဆုံး ဖြစ်မယ့်သူတွေ ကိုသာ ရွေးချယ်ပြီး လက်ထပ်ကြတာဖြစ် ပါတယ်။ ဒီ့အတွက်အိမ် ထောင်ကျပြီး မိန်းကလေးတွေကို ရည်ရွယ်ပြီး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းဖြစ်သူက သင့်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်ဆို တာသက်သေပြပေးမယ့် အောက်ပါအချက်ကလေးတွေကိုဖော်ပြပေးလိုက်ပါ တယ်။
၁။ သူကသင်နဲ့ပတ်သက်တဲ့အရာတိုင်းကို အလေးအနက်ထားတယ်။
သင်နဲ့ပတ်သက်တဲ့ အရာတိုင်းမှာ ဘယ်တော့မှ ပေါ့ပျက်ပျက်မတွေးဘူး။ သင့်ကို သူနဲ့ပတ်သက်တဲ့ အရာတိုင်းပြောပြတယ်။ သင်စ ကား ပြောရင် နားထောင်ပေးတယ်။ သင်ဘာကိုပြောချင်တယ်၊ ဘာကိုဆိုလိုလည်း ဆိုတာတွေကိုလည်း လေးလေးနက် နက်နားလည် အောင်ကြိုးစားတယ်။ သင် နှစ်သက်တာလေးတွေ သေးသေးမွှား မွှားလေးတွေကအစသူလည်း ကြိုက်နှစ်သက်လာအောင် ကြိုးစား တယ်။ သင်နဲ့အရာအားလုံးထပ်တူ ကျအောင် သူ့ပုံစံတွေ၊သူကြိုက် နှစ်သက်တာတွေကို ပြောင်းလဲပစ်တယ်။
၂။ သူက သင်နဲ့အတူအချိန်တွေကုန်ဆုံးရတာကို နှစ်သက်တယ်။
သင့်အနားမှာနေရတာကို သဘောကျတယ်။ သင်အလုပ်မအားတာ တို့၊ သူ့ကိုအာရုံမစိုက်နိုင်တဲ့ အချိန်တွေတောင်မှ သူကသင့်အနားမှာရှိနေရုံလေး နဲ့တင် ကျေနပ်နေတတ်ပါတယ်။ သူ့ရဲ့အလုပ်ဘယ် လောက်ပဲအလုပ် ရှုပ်နေပါစေ အားတဲ့ရက်တိုင်းနဲ့ အချိန်တိုင်းမှာ သင့်အနားကိုအပြေး လာပြီး နှစ်ဦးသားရုပ်ရှင်ကြည့်တာတို့၊ အပြင် တွေလျှောက်လည်ကြတာတို့၊ ဆိုင်ကောင်းကောင်းမှာ အထူးတ လည် ညစာစားကြတာတွေ စတာတွေကိုသူတတ်နိုင်သလောက် ဖန်တီးပေးတတ်ပါသေးတယ်။
၃။ သူက သင့်အတွက် အရီအပြုံးတွေဖြစ်လာအောင် ပြုလုပ်ပေး တယ်။
ဟာသဥာဏ်ရွှင်တဲ့သူကို သဘောမကျတဲ့သူက ရှားပါတယ်။ အမြဲ လိုလို ပျော်ရွှင်စရာတွေနဲ့ စနောက်နေတတ်တဲ့သူကို အားလုံးကခင် မင်ကြပါတယ်။ သူကလည်း ဒီလိုပါပဲ။ သင့်ကိုဆိုရင်အမြဲလိုလို စ နောက်တယ်။ ဟာသတွေပြောတယ်။ သူ့ရဲ့အပြုအမူအပြောအဆို တိုင်းကလည်း သင့်ကိုရီလာအောင်၊ ပြုံးလာအောင်ပြုလုပ်ပေးနိုင် တယ်ဆိုရင်ပဲ သူကကျေနပ်နေတတ်ပါတယ်။ သင့်ရဲ့အပြုံးတွေကို နှစ်သက်တဲ့သူပါပဲ။
၎။ သူက သင့်အတွက်အရာရာကို ပံ့ပိုးပေးတယ်။
ရုပ်ပိုင်းဆိုင်ရာဒြပ်ဝတ္ထုတွေ ထောက်ပံ့ပေးတာထက် စိတ်ပိုင်းဆိုင် ရာခွန်အားတွေပေးနိုင်တာက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ သင် အောင်မြင်တဲ့အချိန်၊ ကျရှုံးတဲ့အချိန်တွေတိုင်း သူကဘေးနားမှာအ မြဲလိုလိုရှိနေပေးခဲ့ပြီး ခွန်အားတွေပေးခဲ့တယ်။ သင့်ရဲ့အနေအထား ဘယ်လိုပဲရှိနေရှိနေ သင့်နောက်မှာအမြဲရှိနေပေးခဲ့တယ်။ သင်နဲ့ ပတ်သက်တဲ့အရာအားလုံးကိုထောက်ပံ့ပေးခဲ့တယ်။ သင့်ကိုလည်း အခြားသူတွေထက် ပိုပြီးတော့စိတ်ချယုံကြည်တယ်။ သင့်ကိုယ်သင် ယုံကြည်ချက်မရှိဘူးဆိုရင်တောင် သူအားပေးတဲ့စကားတွေနဲ့ ခွန် အားတွေကြောင့် သင်ရှေ့ဆက်လုပ်ဆောင်ဖို့ အားအင်တွေရှိလာ အောင် တိုက်တွန်းအားပေးတတ်ပါတယ်။
၅။ သူက သစ္စာရှိပါတယ်။
လောကနိယာမမှာ လူတိုင်းအားလုံးက လှပတဲ့အရာလေးတွေ၊ လှလှပပပြင်ဆင်ထားတာကို ပိုပြီးသဘောကျတတ်ပါတယ်။ အမျိုး သားတွေလည်း ဒီလိုပါပဲ။ လှပတဲ့မိန်းကလေးတွေကို ပိုပြီးမျက်စိကျ တတ်ပါတယ်။ စိတ်ဝင်စားတတ်ကြပါတယ်။ ဒါပေမယ့်လည်း ခင် ပွန်းကောင်းဆိုတဲ့သူဆိုတွေက တော့ ဒီလိုမဟုတ်ပါဘူး။ ဘယ် လောက်ပဲ ကြည့်လို့ကောင်းတဲ့ မိန်းကလေးဖြစ်နေပါစေ။ သူတို့ကို စိတ်မလှုပ်ရှားစေတော့ပါဘူး။ သူတို့ ဇနီးအမျိုးသမီးတွေကိုပဲ စိတ် ထဲမှာ ရှိပါတော့တယ်။ သူတို့ရဲ့ဇနီးသည်တွေကသာ သူတို့အတွက် အလှဆုံး၊ စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။
၆။ သူ့အပြစ်နဲ့ပတ်သက်ပြီး ဝန်ခံရဲတယ်၊ တာဝန်ယူရဲတယ်။
သူလည်းပဲ အမှားနဲ့မကင်းတဲ့ သာမန်လူတစ်ဦးလို့ လက်ခံထား တယ်။ အမှားတွေကို လုပ်ခဲ့မယ်။ ဒါပေမဲ့ သူ့အမှားတွေ၊ အပြစ် တွေနဲ့ပတ်သက်ပြီး သူ့အမှားမဟုတ်ဘူးလို့ ဘယ်တော့မှမငြင်း ပါဘူး။ ဝန်ခံရဲပါတယ်။ တာဝန်ယူတယ်။ နောက်တစ်ခါအကောင်း ဆုံးကြိုးစားပေးမယ်လို့လည်း ခိုင်ခိုင်မာမာပြောတတ်သူပါ။
၇။ သူက သင့်ကိုအမြဲတမ်းကာကွယ်စောင့်ရှောက်ပေးတယ်။
သင်နဲ့ပတ်သက်ပြီး အချိန်တိုင်းလုံခြုံစိတ်ချရအောင် ပြုလုပ်ပေး တယ်။ ဥပမာ သူမပါပဲ သင်အပြင်သွားရင် သင်သွားမယ့်နေရာ မေးတယ်။ ဘယ်အချိန်ထွက် တယ်။ ဘယ်အချိန်ဝင်တယ်။ ဘယ် လမ်းကသွားတယ်။ ဘယ်သူတွေနဲ့လဲ။ ဘယ်လိုသွားတာလဲ။ စသ ဖြင့် အသေးစိတ်ကို လိုက်မေးပြီး မှတ်ထားတတ် တယ်။ ဂရုစိုက်သတိပေးတတ်တယ်။ သင့်ဆီကျရောက် လာမယ့် ပြဿနာတိုင်းကို ကာကွယ်ပေးတတ် တယ်။ ဖြေရှင်းပေးတယ်။ သူ့အတွက် အရေး ကြီးဆုံးက သင့်ကို ခင်ပွန်းကောင်းတစ်ယောက်ရဲ့ကာကွယ်စောင့် ရှောက်မှုပေးနိုင်ဖို့ ပဲ ဖြစ်ပါတယ်။
၈။ သူက သင့်ကိုနားလည်မှု အပေးနိုင်ဆုံးသူဖြစ်တယ်။
သင်ဘာကို ယုံကြည်စွဲလမ်းတယ်ဆိုတာ သူသိတယ်။ သင်နဲ့ပတ် သက်တဲ့အရာတိုင်း၊ သင့်မိသားစုတွေကတောင် မသိတဲ့အရာတွေ ကို သူကသိတယ်။ လူတစ်ယောက်ရဲ့ ဘာတွေကြိုက်တတ်တယ်။ ဘယ်လိုအရာတွေ နှစ်သက်တယ်ဆိုတာတွေ သိဖို့ကမခဲယဉ်းပေ မယ့် စိတ်ထဲမှာခံစားရတဲ့ ခံစားမှုတွေ၊ ယုံကြည်မှုတွေ၊ ခံယူချက် တွေကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင့်ကိုအားလုံးထက်ပိုပြီးနားလည်ပေး တတ်သူပါ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။