Wednesday, January 6, 2016


Shwe Innlay's photo.


ငွေရေးကြေးရေးနဲ့ ပတ်သက်လာတဲ့အခါ မိသားစုဝင်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ ချစ်သူခင်သူအချင်းချင်းတွေတောင် မိတ် ဆွေတွေကနေ ရန်သူ၊ ချစ်သူကနေမုန်းသူ၊ သူငယ်ချင်းတွေကနေ သူစိမ်းသူရံတွေ အဖြစ်ပေါင်းသင်းဆက်ဆံရေး ပျက်စီး သွားလောက် အောင် ကြောက်စရာကောင်းတဲ့ အရာဖြစ်ပါတယ်။ ဒီလိုပါပဲဘယ် လောက်ကြီးရှည်ကြာပါတယ်ဆိုတဲ့ သင်တို့ရဲ့ ချစ်သူဆက်ဆံရေးမှာ ငွေကြေးသုံးစွဲမှုကိစ္စနဲ့ ပတ်သက်ပြီး ခဏခ ဏ ပြဿနာတက်လာ ပြီဆိုရင်တော့ ရေရှည်မှာအတူဆက်ပြီး လက်တွဲသွားဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။
ဒါဆိုရင်တော့ သင်တို့နှစ်ဦးသား ကိုယ့်ကိုကိုယ်ပြန်ပြီးဆန်း စစ်မေး မြန်းသင့်ပါပြီ။ ချစ်သူနှစ်ဦးကြားက ငွေကြေးနဲ့ပတ်သက်ပြီး ခံယူ ထားတတ်ကြတဲ့ စိတ်ခံစားမှုတွေကို မေးမြန်းထားတဲ့တွေအောက်ပါ မေးခွန်းတွေကို ဖြေဆိုကြည့်လိုက်ပါ။
အကယ်၍မေးခွန်းတွေ ရဲ့သင့်အဖြေကYes ဆိုရင်တော့ သင့်ရဲ့ လက်ရှိပြဿနာတက်နေတဲ့ အချစ်ရေးကနေ စွန့်ခွာဖို့သင့်နေတဲ့ အချိန်ကို ရောက်ရှိနေပါပြီ။
၁။ သင့်တို့ရဲ့အချစ်ရေးမှာ ချစ်သူထက် ငွေကြေးရေးကိစ္စကဦးစား ပေးဖြစ်နေလား။
ချစ်သူထက်စာရင် ငွေကြေးကိစ္စကိုပဲ ဦးစားပေးလွန်းနေရင်တော့ သင်တို့ရဲ့ချစ်သူဆက်ဆံရေုးကို ဖြတ်တောက်လိုက်တာပိုကောင်းပါ တယ်။ ငွေကို ဘယ်လိုမျိုးရမယ်။ ငွေနောက်ဘယ်လိုလိုက်ရမလဲ ဆိုတာတွေကြောင့် ချစ်သူအချင်းချင်း ချစ်ခင်မှုတွေ၊ ကြင်နာယုယ မှုတွေ၊ ဂရုစိုက်ထွေးပွေ့မှုတွေ၊ တွေ့ဆုံချိန်းတွေ့ကြတာမျိုးတွေအ တွက် အချိန်မပေးနိုင်ပဲ ငွေကြေးကိစ္စပဲတွေးတောနေမယ်ဆိုရင် တော့ သင်တို့ရဲ့အချစ်ရေး အဆင်ပြေမှာမဟုတ်ပါဘူး။ ချစ်သူနဲ့အ တူရှိနေလို့ ရတဲ့အပျော်ထက် ငွေကြေးရှာဖွေလိုက်လို့ ရလာတဲ့အ ပျော်က ပိုပြီးစိတ်ချမ်းသာစေတယ်ဆိုရင်တော့ သေချာပါတယ် ချစ် သူကိုလက်လွှတ်ပြီး ငွေကိုပဲ ရှာဖွေလိုက်ပါ။

၂။ ငွေရေးကြေးရေးအတွက် ချစ်သူရှာခဲ့တာလား။
ချစ်သူရည်းစားထားတဲ့အချိန်မှာ ငွေကြေးကိစ္စက အရေးကြီးတယ် ဆိုတာမှန်ပါတယ်။ ချစ်သူနှစ်ဦးနှစ်ဖက်လုံးရဲ့ ငွေကြေးကိစ္စကအ ဆင်ပြေပြီး နှစ်သားတွေ့ဆုံကြရင်လည်း တစ်ဖက်စီငွေကြေးသုံးစွဲမှု ကုန်ကျခံခဲ့ရင် အဆင်ပြေနိုင်ပေမယ့် တချို့ဆက်ဆံရေးတွေက ချစ် သူရဲ့ငွေကြေးကိစ္စအဆင်ပြေတောင့်တင်းမှုကြောင့် ချစ်သူဆက်ဆံ ရေးတွေကို အချစ်မပါပဲဖန်တီးထားကြတာဖြစ်ပါတယ်။ ဒီလိုဆိုရင် တော့ နှစ်ဦးနှစ်ဖက်လုံးအဆင်မပြေနိုင်ပါဘူး။ ကိုယ်လိုချင်တဲ့ သမီး ရည်းစား ဆက်ဆံရေးတွေအားလုံးက ငွေနဲ့ခိုင်းစေထားတာကြောင့် ငွေမရှိတော့တာနဲ့ ပြတ်စဲသွားနိုင်တဲ့ အခြေအနေဖြစ်လောက်အောင် ဖျက်ဆီးရလွယ်ကူတဲ့ ဆက်ဆံရေးပဲဖြစ်ပါတယ်။

၃။ ချစ်သူအချင်းချင်း ငွေကြေးရှာဖွေပိုင်ဆိုင်မှု ပြိုင်ဘက်ဖြစ်နေသလား။
သင့်ချစ်သူက သင့်ရဲ့ပြိုင်ဘက်တစ်ယောက်မဟုတ်ပါဘူး။ တစ် ယောက်အကြောင်း တစ်ယောက်ကိစ္စတော်တော်များများ သိရှိရပြီး နောက်မှာ နားလည်မှုပေးနိုင်ကြတဲ့ အခြေအနေတစ်ခုကို ဖန်တီးလို့ ရနေတဲ့အချိန်မှာ သင်တို့အချင်းချင်းပြိုင်ဘက်တွေအဖြစ် တွန်းပို့ လိုက်ကြမှာက ငွေကြေးရှာဖွေမှုကိစ္စပါပဲ။ နှစ်ယောက်က ကိုယ့်အ လုပ် ကိုယ်စီလုပ်ကိုင်နေကြတာက တစ်ခါတစ်ရံမှာ သင့်ချစ်သူရဲ့ ရှာဖွေနိုင်မှုက သင့်ထက်ပိုပြီးများလာတဲ့အခါ မသိလိုက်တဲ့စိတ်ထဲ ကနေ မနာလိုမှုတွေဖြစ်လာပါတယ်။ ကိုယ့်အဖော်က အရင်ကထက် အလုပ်တွေပိုကြိုးစားလာလို့ ဝင်ငွေပိုပြီးရှာဖွေနိုင်တာကို အသိအ မှတ်မပြုပေးပဲနဲ့တောင် သူကဒီလောက်ရှာနိုင်တယ်။ ငါကဒီလောက် ပဲရှာနိုင်တယ်လို့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်စကားတွေဆို၊ မနာလိုဝန်တိုမှုတွေက သင်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးသွားစေနိုင် ပါတယ်။

၎။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ကတောက် ကဆတွေဖြစ်နေလား။
ဘာမှကြီးကြီးမားမားမဟုတ်တဲ့ ငွေရေးကြေးရေးကိစ္စလေးနဲ့တောင် နှစ်ဦးသား အပြန်အလှန်ငြင်းခုန်မှုတွေ၊ ပြစ်တင်မှုတွေ ဖြစ်နေပြီ လား။ နှစ်ဦးသားမှာရှိတဲ့ ပိုက်ဆံနဲ့ တစ်ကိုယ်ရည်လိုအပ်တာတွေ၊ အသုံးအဆောင်တွေ ဝယ်ယူကြတဲ့နေရာမှာ သူကျတော့မလိုအပ် တာတွေဝယ်တယ်။ ငါကျတော့မဝယ်ရဘူး။ သူ့အသုံးအဆောင် တွေက ငါ့အသုံးအဆောင်တွေထက်တောင် ပိုပြီးဈေးများနေပါလား။ သူချည်းပဲ ဝယ်နေတာပဲ။ ငါ့ကျတစ်ခါတစ်လေမှ ဝယ်ရတယ်ဆိုတဲ့ မကျေနပ်တဲ့အတွင်းစိတ်ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် ကြိတ်ပြီး ခံစားနေရတာမျိုးတွေ မဖြစ်သင့်ပါဘူး။ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်လာမယ့် ကိစ္စသေးသေးတွေကအစ နှစ်ဦး သားပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်စိတ်ခံစားချက်ကို ပြောပြပြီး နားလည် မှုထားကာ ညှိနှိုင်းတင်ပင်သင့်ပါတယ်။

၅။ သင့်ရဲ့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ချစ်သူကိုလုံးဝပေးမသိတာ မျိုးတွေရှိသလား။
ချစ်သူနှစ်ဦးသားဆက်ဆံရေးနဲ့ ပတ်သက်လာရင်တော့ ယုံကြည်မှု က အရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်ကိုယုံကြည်စေချင်ရင် ကိုယ် ကလည်း ယုံကြည်ရအောင်နေထိုင်သင့်ပါတယ်။ ကိုယ်ရဲ့ကိုယ်ပိုင် ဝင်ငွေ ဘယ်လောက်ရှိလဲ။ ကိုယ့်လက်ထဲဘယ်လောက် လက်ကျန် သိမ်းဆည်းထားသလဲ။ နောက်ပြီး တခြားငွေကြေးကိစ္စတွေရှိသလဲ ဆိုတာတွေကို ကိုယ့်ချစ်သူကို အသိမပေးထားတာတို့၊ မှားယွင်းပြီး အသိပေးထားတာတို့ဆိုရင် နောက်ပိုင်းကျမှ ကိုယ့်ရဲ့လျို့ဝှက်ထား တဲ့အကြောင်းအရာတွေကပေါ်သွားခဲ့ရင် သင်တို့ရဲ့အချစ်ရေးမှာ တစ်ဦးကိုတစ်ဦး အယုံအကြည်မဲ့လောက်အောင်ကို ဖြစ်သွားငွေရေး ကြေးရေးကိစ္စအတွက်ဆိုရင်တော့ ပိုပြီးတော့တောင်သတိထားရပါ သေးတယ်။ အချိန်ကြာကြာနဲ့ နှစ်ဦးသားတစ်ဘဝလုံးစာ ရည်ရွယ် ထားကြတဲ့ ဆက်ဆံရေးတွေမှာဆိုရင်တောင် ငွေကြေးကိစ္စနဲ့ပတ် သက်ပြီး ပိုပြီးတော့ပွင့်ပွင့်လင်းလင်း ရှိသင့်ပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook