Monday, January 25, 2016


Shwe Innlay's photo.


စာသင်ခန်းတစ်ခန်းမှာ အချစ်ဆိုတဲ့အဓိပ္ပါယ်ကို နားမလည်တဲ့ 
ကျောင်းသားတစ်ဦးက ဆရာမကို မေးခွန်းထုတ်ပါတယ်။ ဒီတော့ ဆရာမကလည်း သူ့ရဲ့မေးခွန်းရဲ့အဖြေအတွက် လက်တွေ့ပြသ ဖို့အတွက် ဂျုံခင်းကြီးတစ်ခင်းထဲကို 
ခေါ်သွားပြီး အကြီးဆုံးဂျုံပင်လို့ ထင်တဲ့အပင်ကို ရွေးပြီးနှုတ်လာခဲ့ဖို့ ခိုင်းလိုက်ပါတယ်။

ဒီလိုမျိုး ဂျုံခင်းထဲကို ဂျုံပင်သွားနှုတ်တဲ့အချိန်မှာ ဂျုံခင်းထဲကိုဖြတ် ဖို့နဲ့ 
နောက်ကြောင်းပြန်လှည့်ပြီး မနှုတ်လာဖို့ကိုလည်း သတိပေး ထားပါတယ်။
ဒီတော့ ကျောင်းသားကလေးလည်း သူသိချင်တဲ့အဖြေအတွက် ဂျုံခင်းထဲအပြေးသွားပြီး အကြီးဆုံးလို့ထင်တဲ့ ဂျုံပင်ကို ဆွဲနှုတ်ဖို့ ကြံ တဲ့အချိန်မှာပဲ 
သူနဲ့မလှမ်းမကမ်းက နည်းနည်းပိုကြီးတယ်လို့ ထင်ရတဲ့ ဂျုံတစ်ပင်ကို နှုတ်ဖို့ကြိုးစားပြန်ပါတယ်။ အဲ့ဒီမှာပဲထပ်ပြီးတော့ နောက် တစ်ပင်ကို တွေ့ပြန်ပါသေးတယ်။


ဒါနဲ့ သူကလည်း အဲ့ဒီနား ကိုဆက်တိုးသွားပါတယ်။ ဒီလိုနဲ့ အပင်တွေက 
တစ်ပင်ပြီးတစ်ပင် ပိုပိုပြီး ကြီးလာတယ်လို့ထင်တဲ့ ဂျုံပင်တွေကို 
နှုတ်ဖို့ ကြိုးစားနေရင်းနဲ့ပဲ ဂျုံခင်းအဆုံးကို ရောက်သွားတော့သူ့ 
လက်ထဲ ဂျုံပင်တစ်ပင်မှမနှုတ်နိုင်ခဲ့ပဲ ရှိနေခဲ့ပါတယ်။ သူ့အတွက် 
အပင်နှုတ်ဖို့အခွင့်အရေးဆုံးသွားပြီး နောင်တရကာ စာသင်ခန်းထဲကို
ပြန်လာခဲ့ပါတော့တယ်။

စာသင်ခန်းထဲရောက်တော့ ဆရာမထံ ဂျုံပင်ကိုပြန်မပေးနိုင်ခဲ့ပါဘူး။ 
ဒီတော့မှ ဆရာမကလည်း သူ့ရဲ့ အချစ်ဆိုတာဘာလဲဆိုတဲ့ မေးခွန်း ကို 
သူလုပ်ခိုင်းလိုက်တဲ့ ဂျုံပင်နှုတ်တဲ့ ဥပမာနဲ့နှိုင်းပြီး ဖြေပြလိုက်ပါတယ်။

အချစ်ဆိုတာက အခုနက ကျောင်းသားကလေးရဲ့ အကြီးမားဆုံး ဆိုတဲ့ ဂျုံပင်နှုတ်ခိုင်းသလိုပါပဲ။ ကိုယ်ရှေ့မှာမြင်တွေ့နေတဲ့ ဂျုံ ပင်ကို အကြီးဆုံးလို့ထင်ပြီး နှုတ်မယ့်အချိန်မှာ တခြားဒီ့ထပ်ပိုပြီး ကြီးတယ်ဆိုတဲ့ ဂျုံပင်တွေကိုထပ်ထပ်မျှော်ပြန်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးကိုယ့် လက်ထဲမှာ ဂျုံတစ်ပင်မှမရလိုက်သလိုပါပဲ။

အချစ်တစ်ခုကို လွယ်လွယ်ကလေးနဲ့ ပေါ့ပျက်ပျက်တည်ဆောက်လိုက်ပြီး တဲ့နောက် တန်ဖိုးမထားပဲတခြားကိုယ့်အတွက် ပိုပိုပြီးအဆင်ပြေမယ့် 
အချစ်သစ်တွေလိုက်ရှာရင်း၊တည်ဆောက်ရင်း၊ ပျော် မွေ့လာရင်းနဲ့မှ 
နောက်ဆုံး ကိုယ့်အတွက် စစ်မှန်ကောင်းမွန်တဲ့ချစ် ခြင်းတွေဆုံးရှုံးသွားရတဲ့ အချိန်ကြမှ နောင်တရခံစားမိကြပါလိမ့်မယ်…….....

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook