Tuesday, February 2, 2016


Shwe Innlay's photo.


ခရီးသွားဖို့မွေးဖွားလာတယ်လို့တောင် ကိုယ့်ကိုယ်ကိုခံယူထားတဲ့အထိ ခရီးသွားခြင်းကို အလွန်အမင်းနှစ်သက်ပါသလား? ခရီးမထွက်ရမနေနိုင်တဲ့ ခံစားချက်မျိုးကို ခရီးသွားခြင်းကိုဝါသနာထုံသူတွေ အချင်းချင်းသာ နားလည်ပါလိမ့်မယ်။ 
ခရီးသွားခြင်းကို နှစ်သက်သူတွေရဲ့ ခံစားချက်၊အမူအကျင့်တွေကို ဖော်ပြလိုက်ရပါတယ်။

(၁)ပထဝီဆိုင်ရာကို စိတ်ဝင်စားခြင်း။
ကျောင်းသားဘဝမှာထဲက ပထဝီဝင်ဘာသာကို စိတ်ဝင်စားတယ်။ မြေပုံဆွဲနေရရင်ကို 
ပျော်နေတတ်တယ်။ ကျောင်းစာအုပ်နဲ့မလုံလောက်လို့ ပထဝီနဲ့ပတ်သက်သော
 အပြင်စာအုပ်တွေကို စိတ်ဝင်တစားဝယ်ဖတ်ခဲ့မယ်။ အခန်းနံရံမှာ ပန်းချီတွေ၊နံရံစက္ကူတွေအစား မြေပုံတွေကပ်ထားတတ်တယ်။ ခရီးသွားဆောင်းပါးတွေဖတ်၊ နိုင်ငံတကာမြေပုံတွေကြည့်ပြီး သွားဖို့ စိတ်ကူးယဉ်နေတတ်ပါတယ်။ လေ ရေ မြေ တော တောင် စသဖြင့် ပထဝီဆိုင်ရာကို စိတ်ဝင်စားနှစ်သက်တဲ့ စိတ်ဓာတ် အခံလေးရှိနေတတ်ပါတယ်။


(၂)စူးစမ်းလိုစိတ်ရှိခြင်း။
ကိုယ်နေထိုင်နေကျ ပတ်ဝန်းကျင်အပြင် အခြားသောနေရာဒေသများမှ လူတွေရဲ့ဓလေ့စရိုက်၊ နေထိုင်မှုပုံစံ၊ ရိုးရာ၊ ယဉ်ကျေးမှု၊ အလှအပ စသဖြင့် စူးစမ်းလိုစိတ်ရှိခြင်းဖြစ်ပါတယ်။ စူးစမ်းလိုစိတ်ပြင်းပြသူတွေအတွက်တော့ ကိုယ်တိုင်ကိုယ်ကျ ခရီးသွားလေ့လာရုံမှလွဲလို့ အခြားသောနည်းလမ်း ရှိမှာမဟုတ်ပါဘူး။

(၃)ခရီးသွားခြင်းအတွက် ကုန်ကျသည့်စရိတ်ကိုမနှမြောခြင်း။
ခရီးသွားခြင်းဖြင့် ငွေသုံးမယ့်အစား အဝတ်အစား ကား အခြားသောအသုံးအဆောင်တွေ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတွေမှာ သုံးသင့်တယ်လို့ လူတချို့က ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ ခရီးသွားခြင်းကို ဝါသနာပါသူတွေကတော့ ခရီးသွားခြင်းဟာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပဲ ဆိုတာ ပြန်လည်ချေပပြောဆိုမှာပါ။ အသုံးအဆောင်ပစ္စည်းတွေက ဒိတ်အောက်သွားနိုင်တယ်။ ဆွေးမြေ့ပျက်စီးသွားမယ်။ အခြားသော ပိုင်ဆိုင်မှုတွေဟာလည်း ရန်သူမျိုးငါးပါးကြောင့်ပျက်စီးနိုင်မယ်။ ခရီးသွားခြင်းဖြင့်ရရှိတဲ့ ပျော်ရွှင်မူတွေ၊ ဒေသန္တရဗဟုသုတတွေအပြင် နောင်တစ်ချိန်အတွက်ဖြစ်လာမဲ့ အမှတ်တရတွေသာ ကိုယ့်ပိုင်ဆိုင်မှုအစစ်အမှန်ပါပဲ။

(၄)လွယ်လွယ်နဲ့မကြောက်တတ်ခြင်း။
မိမိနေထိုင်ရာမဟုတ်တဲ့ နယ်မြေဒေသ သို့မဟုတ် တိုင်းတစ်ပါးသို့ 
ခရီးသွားလေ့လာရာမှာ ဘာသာစကား၊ အစားအသောက်၊ အနေအထိုင်၊ လုံခြုံမှု စသဖြင့် အခက်အခဲလေးတွေ ရှိကြပါတယ်။ ခရီးသွားချင်သူတွေအတွက်တော့ အဲ့လို အခက်အခဲတွေကို အရှုံးမပေးဘဲ ရင်ဆိုင်ဖို့ရဲဝံ့ကြပါတယ်။

(၅)သူစိမ်းတွေကိုလည်း သူငယ်ချင်းအဖြစ်သတ်မှတ်ကြခြင်း။
ခရီးအမြဲသွားလေ့ရှိတဲ့ ခရီးသွားဝါသနာပါသူတွေဟာ ရောက်လေရာမှာ 
မိတ်ဆွေသူငယ်ချင်းဖွဲ့ရာမှ သူတို့အတွက် သူစိမ်းဆိုတာမရှိတော့ပါဘူး။ လူသားအားလုံးကို ( မမြင်ဖူးတဲ့သူစိမ်းတွေကိုတောင် ) မိတ်ဆွေ သူငယ်ချင်းလို့ပဲမြင်ပါတော့တယ်။


ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook