Sunday, February 28, 2016


Shwe Innlay's photo.


ဒီကနေ့ သမီးရည်းစားစုံတွဲတွေကို ကြည့်ရင် ရေရှည်လက်တွဲပြီးတစ်ဘဝ လုံးစာ လက်တွဲသွားတဲ့ စုံတွဲတွေနည်းပါးလာတာကို တွေ့ရပါတယ်။ ရည်း စားတစ်ယောက်နဲ့တွဲတယ်။ အလွန်ဆုံးကြာ တစ်နှစ်နီးပါးကာလပါပဲ။ ပြီးတော့ပြတ်သွားတယ်။ ထပ်တွဲတယ် ထပ်ပြတ်တယ်။ ဒီလိုရည်းစား ထပ်တလဲလဲတွဲတဲ့ စုံတွဲတွေ ရှိသလို။ နှစ်အနည်းငယ်ကြာပြီးတော့မှ ပြတ် သွားတဲ့စုံတွဲတွေလည်း ရှိကြပါတယ်။ ဘာလို့သူတို့ချစ်ခြင်းတွေ မခိုင်မြဲကြ သလဲဆိုရင် အဓိကကတော့ နားလည်မှုမရှိကြဘူးလို့ ဆိုတာထက် သူ့ကို ချစ်နေလို့ မဟုတ်ပဲ ကိုယ့်ကိုကိုယ်ချစ်နေကြလို့ လို့ထင်ပါတယ်။


တကယ်တမ်းစဉ်းစား ကြည့်မယ်ဆိုရင် တစ်ဖက်ချစ်သူကို ချစ်တယ်ဆိုတာ ထက် ကိုယ့်ကိုကိုယ်ချစ်တာတွေ ကများပါတယ်။ကိုယ်စိတ်ချမ်းသာအောင် ဆိုတဲ့ အရာတွေထဲမှာ ကိုယ့်ကိုပျော်အောင်ထားပေးနိုင်ရင်ချစ်မယ်။ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်စကားတွေနဲ့ ကိုယ့်အကြိုက်တွေ စသဖြင့် ကိုယ် ကိုယ် ကိုယ်မှ ကိုယ်ဆိုတဲ့ အရာတွေက သူ့ကိုချစ်လို့မဟုတ်ပဲ ကိုယ့်ကိုကိုယ်ပြန်ချစ်လို့ ကိုယ်စိတ်ချမ်းသာအောင် ခိုင်းစေတဲ့အရာတွေ ပဲဖြစ်နေပါတယ်။ ဥပမာအသေး အမွှားလေးကအစ လက်တွေ့ပြောရရင် မိန်းကလေးအများဆုံးဖြစ်ကြတာက ချစ်သူကောင်လေး ကို ဂိမ်းမကစားကြဖို့၊ လိုင်းပေါ်မှာ သူမရှိပဲ အင်တာနက်မသုံးဖို့၊ ညဥ့်နက် သန်းခေါင် ဘောလုံးပွဲမ ကြည့်ဖို့၊ နိုက်အောက် မထွက်ဖို့ စသဖြင့် တားမြစ် ထားကြတတ်ပါတယ်။ ဖြစ် သင့်ပါတယ်။ မိန်းကလေးတော်တော် များများက ဒီလို ကိစ္စတွေကို ရှောင်ခိုင်း ပါတယ်။ ချစ်သူကောင်လေးဘက်က ဒီလို သူ့စကားလေးနားထောင်လိုက် ရင် သူမပျော်ရွှင်ရပါတယ်။ ချစ်သူက သူ့စကားနားထောင် တယ်ဆို ပြီးတော့လေ။

ဒါက အသေးအမွှား လေးမို့လို့ နားထောင်ကောင်းနားထောင် ပါလိမ့်မယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာကျတော့ ချစ်သူရဲ့စကား ကိုနားမထောင်ချင်ပဲ နားထောင်လိုက်ရလို့ ကောင်လေးတွေဘက် မှာလည်း အဆင်မပြေတဲ့ ကိစ္စလေးတွေ ရှိနေပြန်ပါတယ်။ ဒီလိုဆို ရင်ကော ကိုယ့်ကောင်လေးအဆင် မပြေတော့တာကို ချစ်သူကောင် မလေးတွေကကော စိတ်ချမ်းသာအုံးပါ့မလား။ ပျော်ရွှင်မှုရနိုင်ပါအုံး မလား။ ကောင်မလေးတွေဘက်မှာလည်း ဒီလိုမျိုး အဆင်မပြေ တော့အောင် လုပ်တတ်တဲ့ချစ်သူကောင်လေးတွေလည်း ရှိပါတယ်။
ချစ်တယ်ဆိုတာ အဓိက ကတစ်ဖက်သူ စိတ်ချမ်းသာဖို့ပဲ အပြန်အ လှန်ချစ်ကြတာပဲ မဟုတ်ပါလား။ တစ်ဖက်သူစိတ်ချမ်းသာရင်ပြီး ရောဆိုတဲ့ စိတ်နဲ့ပဲ ချစ်ကြည့်သင့်ပါတယ်။

ချုပ်ခြယ်ချင်တာတွေ၊ ထိန်းချုပ်ချင်တာလေးတွေမျိုး မဟုတ်ပဲ တစ်ဖက်လှည့်နဲ့ ချစ်စရာ ကောင်းအောင် ကိုယ်ဘက်ကတော့ ဒါမျိုးလေးတွေ ဖြစ်စေချင် တယ်။ ဘယ်လိုမျိုးလေး နေစေချင်ပါတယ်။ လိုက်နာနိုင်ဖို့ အဆင် ပြေမပြေ အကြောင်းလေးတွေကို နားလည်မှုရှိရှိနဲ့ အဆင်ပြေအောင် ညှိနှိုင်းကြဖို့လို အပ်ပါတယ်။ မလိုက်နာနိုင်ရင်လည်း အကြောင်းအရင်းကို တစ်ဖက်လူ ကိုနားလည်အောင် ပြောပြပြီး အခြားလုပ်ပေးနိုင် တဲ့ အရာကလေးတွေနဲ့ စိတ်ချမ်းသာအောင်ထားပေးလိုက်ပါ။
တကယ်တော့ အချစ်ဆိုတာ ချစ်နေကြဖို့ပါပဲ။ မုန်းနေတာမျိုးမဟုတ် အပြန်အလှန်ချစ်နေကြဖို့ပါပဲ။ ကိုယ့်ကိုကိုယ်ချစ်ဖို့၊ စိတ်ချမ်းသာဖို့ ထက် ကိုယ့်ချစ်သူကို ချစ်ဖို့၊ စိတ်ချမ်းသာအောင် ထားတတ်မယ်ဆို ရင် ရေရှည်ခိုင်မြဲမယ့်ချစ်ခြင်းတရားတွေ တည်ဆောက်နိုင်ကြမှာပါ……..

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook