Tuesday, February 2, 2016


Shwe Innlay's photo.


ဘဝဆိုတာ… စကားလုံးအားဖြင့် နှစ်လုံးတည်းသာရှိပါတယ်။ ဒါပေမဲ့ ဟိုးမိခင်ဝမ်းဗိုက်ထဲက လွတ်ထွက်လာပြီဆိုတဲ့ အချိန်ကနေ လူသားတစ်ဦး တစ်ယောက်ချင်းစီရဲ့ ရလာတဲ့ ကိုယ်ပိုင်သီးသန့်ဘဝတွေကို အကောင်းဆုံး တည်ဆောက်လာကြရတော့တာပါပဲ။ 
ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့ ယှဉ် ပြီးတွေ့ရမယ်။ ကြုံဆုံခြင်း၊ ခွဲခွာရခြင်းတွေ ရှိလာရမယ်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေ မလွဲမရှောင်သာ လက်ခံကြရမယ်။ ဒါက ဘဝပါပဲ။ ကိုယ်စီရ လာတဲ့ ဘဝတွေရဲ့ အဆိုးအကောင်းကို ဘယ်သူကအကောင်းဆုံးကြံ့ကြံ့ခံ ရင်ဆိုင်ရဲပြီး အကောင်းဆုံး၊ အဆိုးဆုံးတွေ ဖန်တီးသွားရမလဲဆိုတာပါပဲ။


ဘဝဆိုတာ အခွင့်အလမ်းတွေပါပဲ.. ဒီအခွင့်အလမ်းတွေကနေ ကိုယ့်အ တွက် အကောင်းဆုံးအကျိုးအမြတ်တွေ ရလာအောင်ယူတတ်ရပါမယ်။
ဘဝဆိုတာ တာဝန်တစ်ခုပါပဲ…. ဒီတာဝန်တွေကို အကောင်းဆုံးပြီး ဆုံးအောင်လုပ်ဆောင်ရပါမယ်။
ဘဝဆိုတာ တစ်ခါတစ်ရံမှာ အိပ်မက်တစ်ခုလိုပါပဲ….. ဒါကိုလက်ခံတတ် ရပါမယ်။
ဘဝဆိုတာ ဂိမ်းကစားပွဲနည်းတစ်ခုပါပဲ…. လှည့်ကွက်တွေ၊ တိုက်ကွက်တွေ ကြားကနေ အောင်မြင်မှုရအောင် ကစားတတ်ရပါမယ်။
ဘဝဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ…. မဆုံချင်၊ မယှဉ်ပြိုင်ချင်ပေမဲ့လည်း မလွဲမ ရှောင်သာ ထိတ်တိုက်ရင်ဆိုင်လာရတတ်ပါတယ်။
ဘဝဆိုတာ အလှတရားတွေလည်း ရှိနေတတ်ပြန်ပါတယ်… အဲ့ဒီလိုအချိန် မျိုးကိုလက်မလွှတ်ပဲ အပြည့်အဝခံစားတတ်ရပါတယ်။
ဘဝဆိုတာ ဝမ်းနည်းမှုတွေလည်း ဖြစ်လာတတ်ပါတယ်…. ဒါကိုလည်း ဖြေ သိမ့်ကျော်လွှားတတ်ရပြန်ပါသေးတယ်။
ဘဝဆိုတာ သီချင်းတစ်ပုဒ်လိုလည်း ဖြစ်နေပါသေးတယ်…. ဒါကိုလွတ် လွတ်လပ်လပ် ဟစ်အောင်သီဆိုလိုက်ပါ။
ဘဝဆိုတာ အခက်အခဲတွေ၊ ကံဆိုးမိုးမှောင်ကျမှုတွေ ရိုက်ခတ်လာ တတ် ပြန်ပါတယ်… 
ဒါတွေကိုလက်ခံပြီး အကောင်းဆုံးကျော်လွှားနိုင်ဖို့ ကြိုးစား ရပါမယ်။
ဘဝဆိုတာ စွန့်စားစရာတွေချည်းပါပဲ… ဘယ်လိုမျိုးစိတ်လှုပ်ရှားစရာတွေ ကြုံတွေလာရမလဲဆို စွန့်စားလိုက်ရင်းနဲ့မှ သိလာတာက အရသာတစ်ခုပါပဲ။

နောက်ဆုံး…. ဘဝဆိုတာ ဘဝပါပဲ.. ဒီလိုရိုးရှင်းတဲ့အဖြေနဲ့ပဲ ဘဝမှာကျေနပ် စရာအကောင်းဆုံးနဲ့ရှင် သန်နေထိုင်လိုက်ပါ……

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook