Tuesday, February 2, 2016


Shwe Innlay's photo.


၁။ သင်အခက်အခဲကြုံတဲ့အခါ သင်နဲ့အတူဖြေရှင်းပေး ခဲ့တဲ့လူစားမျိုး

ဒီလိုလူမျိုးက သင်နဲ့ အနီးစပ်ဆုံး လုပ်ငန်းခွင်ကဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က လူဖြစ်ဖြစ်၊ အပေါင်းအသင်းသူငယ် ချင်းတွေထဲကလည်းဖြစ်ချင်ဖြစ်မယ်။ သင့်အနီးအနား ကနေ သင့်ကိုအကူအညီတွေပေးနေတတ်သလို အဝေး ရောက်နေတဲ့အချိန်တွေမျိုးမှာလည်း 
တတ်နိုင်တဲ့နေရာ ကနေ အကူအညီပေးဖို့အဆင်သင့်ဖြစ်နေတဲ့ လူမျိုးပါ ပဲ။
အမြဲလိုလိုသင်ရဲ့ အဆင်ပြေ၊ မပြေအကြောင်းတွေ ကို အမြဲသိနေတတ်ပြီး 
သင်ကလည်း အခက်အခဲကြုံ လာတိုင်းသူ့ကိုသွားပြီး ရင်ဖွင့်တတ်တယ်၊ 
အကူအ ညီ တောင်းတတ်တဲ့ အခါမျိုးမှာ သင့်ရဲ့အခက်အခဲတွေကို နားထောင်ပေး တယ်။ အကြံဥာဏ်တွေပေးကြည့်တယ်။ ကောင်းခြင်းဆိုးခြင်းတွေကို လမ်းညွှန်နည်းလမ်းပြပေး တယ်။ ဒီလူကသင့်အတွက် တကယ်ကို တန်ဖိုးထားရမယ့် လူစားမျိုးပါပဲ။


၂။ သင်အခက်အခဲကြုံတဲ့အခါ သင့်အနားကထွက်ခွာ သွားတဲ့လူစားမျိုး

ဒါကတော့ မိတ်ဆွေအတုအယောင်၊ သူငယ်ချင်းအတုအယောင် လို့ ပြောရမယ့်လူစားမျိုးပါပဲ။ 
တကယ့်မိတ် ဆွေ၊သူငယ်ချင်းကောင်းတွေ မှာတော့ ဒီလိုမျိုးစိတ် ဓာတ်မျိုးမရှိပါဘူး။ 
သင်ပြေလည်ချိန်မှ၊ သင်အဆင်ပြေ ချိန်မှ သင့်အနားကိုလာပြီး ပေါင်းသင်းဆက်ဆံလုပ်တယ်။ သင့်ကိုမြှောက် စားတယ်။ သင့်ဆီက အခွင့်အ ရေးတွေ၊ အကူအညီတွေ၊ 
လိုချင်တာလေးတွေ နဲ့ ရနိုင် မယ့်အရာတွေအတွက် သင့်အနားကို ဝင်ရောက်လာတဲ့ သူတွေပါပဲ။ ဒီလူတွေက တချိန်ကျ သင်ကျရှုံးသွားတာ တို့၊ သင်လဲကျသွားတဲ့ အချိန်ကျတော့ သင့်အနားက နေ မသိမသာလေးထွက်ပြီးသွား တတ်ကြပါ တယ်။ သူတို့ဆီက တဖန်ပြန်ပြီး အကူအညီတွေကို
မျှော်လင့်လို့ မရတော့လောက်အောင်ကို သင့်ကိုပစ်ထားသွားခဲ့ကြ တာပါ။ ဒီလိုလူမျိုးကို သင်မှတ်ထားပါ။ ဒီလိုလူစားမျိုး တွေနဲ့ ကြုံတွေ့လာခဲ့ရင်လည်း သင်ကသတိ အမြဲထား ပြီးပေါင်းသင်းဆက်ဆံပြုလုပ်ပါ။

၃။ သင့်ကို အခက်အခဲတွေဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ လူစားမျိုး

ဒီလိုလူစားမျိုးကတော့ အရင်ကတည်းက သင့်ကိုရန်လို တိုက်ခိုက်နေတဲ့ 
လူစားမျိုးဖြစ်ကောင်းဖြစ်နိုင်ပါလိမ့် မယ်။ သင်အောင်မြင်တာတွေ၊ သင်ပျော်ရွှင်ရတာတွေ၊ သင်ပိုင်ဆိုင်တာတွေကို မကျေနပ် မနာလိုဖြစ်ပြီး သင့် ကိုအမြဲတိုက်ခိုက်နေသူပါ။ 
သင့်ကိုအမြဲအခက်ကြုံ အောင် ဖန်တီးပေးနေ တဲ့သူပါ။ တစ်နည်းအားဖြင့် 
အဆိပ်ပြင်းတဲ့ လူစားမျိုးပါ။ သင့်ရဲ့အားနည်းချက် ကိုတွေ့ သွားတာနဲ့ 
အချိန်မရွေးဒုက္ခရောက်အောင်လုပ် တတ် သူပါ။သူ ဒုက္ခပေးလိုက်လို့ သင်ဆင်းရဲရပြီဆိုတာကို သူလိုချင်တာပါ။ ဒီလိုလူကိုတော့ အဝေးဆုံးက ရှောင် ရှားသင့်ပါတယ်။ 
အချိန်မရွေးသင့်ကို ဒုက္ခပေးနိုင်တာ မို့လို့ပါ။

အဲ့ဒီလူသုံးယောက်ကို သင့်ဘဝမှာဘယ်တော့မှ မမေ့ပစ်လိုက်ပါနဲ့။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook