လူရယ်လို့ဖြစ်လာပြီဆိုရင် လူတစ်ယောက်အဖြစ်ခံယူထိုက်ဖို့အတွက် လူ ဆန်တဲ့လုပ်ရပ်မျိုးကို ရွေးချယ်ပြီးတော့ လုပ်ရမယ်ဆိုတာက အထွေအထူး သင်ပေးစရာမလိုတဲ့ အကြောင်းအရာပါ။ စိတ်ထားကောင်း၊စေတနာကောင်း ထားတတ်တယ်ဆိုတာ ပင်ကိုယ်အတွင်းမူရင်း စိတ်အတိုင်းဖြစ်တည်လာ တာပါ။
ဒါက ပြုပြင်ပေးလို့ရတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ အဲ့ဒီ လူဆန်တဲ့ အကြောင်းအရာတွေထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက်ကိုယ်ချင်းစာ စိတ်နည်းနည်းလေးများ ထားတတ်ကြရင် ဘယ်သူမျှ ထိခိုက်နစ်နာပျက်စီး စေမှာမဟုတ်ပါဘူး။အခုကျွန်မတို့ကျင်လည်နေတဲ့ပတ်ဝန်းကျင်ကြီးမှာနေ့စဉ်မြင်တွေ့နေရတာက လူ့အတန်းစား အလွှာအသီးသီးမှာဆိုရင် လူတစ် ဦးနဲ့တစ်ဦးက အပြိုင်အဆိုင်၊ နေရာကောင်းကောင်းမြင့်မြင့်ကိုရောက်သွား ဖို့ကို အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် ချောက်ချ၊ ထိုးချ ဒုက္ခရောက် သွားအောင်ပြုလုပ်ပြီး အနိုင်ယူကျော်လွှားနေကြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ တွန်းလှန်ယှဉ်ပြိုင်နိုင်ဖို့ အားနည်းသူက ရှုံးနိမ့်သွားပြီး ဘ၀အတွက် အခက်အခဲတွေကို ဆက်လက်ကြုံတွေ့ခံစားနေရပါတယ်။ သူကလည်း တကယ့် အရည်အချင်းရှိတဲ့သူဖြစ်တယ်ဆိုရင်တော့ အဲ့ဒီ နယ် ပယ်အတွက်နစ်နာပြီးတော့
ရှေ့ဆက်အောင်မြင်ဦးမှာ မဟုတ်ပါဘူး။ အရည် အချင်းစစ်စစ် မဟုတ်ဘဲ အားကြီးတာရယ်ကြောင့် အနိုင်ရသွားတဲ့ သူအ တွက်ကတော့ ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်ပါဘဲ အနိုင်လိုချင် တဲ့တစ်ခု တည်းအတွက် လုပ်လိုက်တဲ့ လုပ်ရပ်က သူကိုယ်တိုင်ကို စိတ်မချမ်းမသာ၊ အဆင်မပြေဖြစ်ရမှာပါ။ သူလုပ်ကိုင်ရတဲ့ နယ်ပယ်မှာလည်း အကျိုးယုတ် သွားသလိုဖြစ်ပြီးတော့ သူ့ရဲ့ဒီလုပ်ရပ်အတွက်သူလည်း အကျိုးမရှိ၊သူများ အတွက်လည်း အကျိုးမရှိဖြစ်သွားမှာကတော့ ငြင်းစရာမလိုပါဘူး။
ကိုယ့်ရဲ့အရည်အချင်း၊ဘယ်လိုအဆင့်အတန်း၊ဘယ်လိုအခြေအနေမျိုးက

ဖြတ်သန်းလာခဲ့သလဲဆိုတာကို မေ့မြောလိုက်ပြီးတော့ ပတ်ဝန်းကျင်က မြှောက် ထိုးပင့်ခေါ် ဖော်လန်ဖားလုပ်ရပ်တွေကြောင့် ကိုယ့်အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ နေရာတစ်ခုအတွက် လက်ခမောင်းခတ်စိန်ခေါ်နေတာပါပဲ။
တကယ်တော့ အလုပ် လုပ်ကိုင်နေတဲ့ နေရာတိုင်းမှာ အခက်အခဲမျိုးစုံရှိကြ ပါတယ်။ အောက်ခြေအဆင့်အလုပ်သမားတွေရဲ့ အလုပ်ကို အထင်သေးလို့ မရသလို အထက်တန်းလွှာအလုပ်တွေကိုလည်း စိုးရိမ်ကြောက်ရွံ့နေဖို့မလို ပါဘူး။အားလုံးက အောက်ခြေအဆင့်ကနေပဲတက်ခဲ့ကြရတာပါ။ အလုပ် တစ်ခုချင်းစီမှာ သူနဲ့ဆိုင်တဲ့

လုပ်ကွက်တွေ၊ အရည် အချင်းတွေ အားလုံး ရှိပါတယ်။ လူတိုင်းကသူ့နေရာနဲ့သူအရည်အချင်းကိုယ်စီရှိတာမို့ ဘယ် သူ့ကိုမှ အထင်သေးလို့မရပါဘူး။
ဒီလိုမျိုးတစ်ယောက်နဲ့တစ်ယောက် ရာထူး၊ နေရာလု လူမဆန်တဲ့ပတ်ဝန်း ကျင်မှာကျင်လည်ခဲ့ဖူးတဲ့ ကျွန်မအတွက်တော့ လူ့သင်ခန်း စာကောင်း ကောင်းကြီးကိုရခဲ့လိုက်ပါတယ်။ ကျွန်မကိုယ်တိုင်ကိုယ်က မှန်ကန်နေတဲ့ သူ အနိုင်ရ ရမယ့်သူဖြစ်နေပါလျှက်နဲ့ ဒီလိုနေရာကနေ ဖယ်ပေးဖို့ဖြစ်လာတဲ့ အချိန်တွေအတွက် ကျွန်မအတော်လေး နာကျည်း ၀မ်းနည်းခဲ့ရပါတယ်။
ဒီကာလအခိုက်အတန့်မှာ လောကဓံ ခံနိုင်ရည်ရှိသွားခဲ့ပါတယ်။ လူ့လော ကကြီးထဲမှာ ငွေများငွေနိုင်၊မီးများမီးနိုင်ဆိုတဲ့ တရားခွင် အသုံးနှုန်းလေးက တိတိပပကို မှန်ကန်ပါတယ်။

ဒီအချိန်တွေကို ကျွန်မမေ့ပစ်လို့မရပါဘူး။ သင်ခန်းစာယူထိုက်တယ်။ သူတို့တွေရဲ့
ဒီလိုလုပ်ရပ်တွေကြောင့် ကျွန်မ အတွက် အတွေ့အကြုံတွေအများကြီးရလိုက်ပါတယ်။
နောက်ပြီး ဒီ့ထက် ကောင်းမွန်တဲ့နေရာကောင်း တစ်ခုလို့ သတ်မှတ်ရလောက်တဲ့ ကျွန်မရဲ့ ပတ်ဝန်းကျင်အသစ်၊ကျွန်မ ဘ၀အတွက် တိုးတက်ဖို့လမ်းစတွေ ရှာလို့ရတဲ့ နေရာအသစ်ကို ရောက်သွားချိန်မှာတော့ သူတို့တွေကိုစိတ် ထဲကနေ အမြဲ ကျေးဇူးတင်နေမိတယ်။
လုပ်ငန်းခွင်အတွက်အကြီးအကဲခေါင်းဆောင်ကိုယ်တိုင်ကအောက် ခြေအဆင့်ကနေ

အရည်အချင်းစစ်စစ်နဲ့ တက်လာခဲ့တာ မဟုတ်တဲ့အတွက်လုပ် ငန်းခွင်၊လူမှုပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အကြောင်းအရာတွေ၊ အမှန် တရားကို အကြီးအကဲတစ်ယေက်ရဲ့ဆုံးဖြတ်နိုင်တဲ့ အကဲဖြတ်စွမ်းရည်တွေ
မရှိတဲ့အတွက် ဖော်လန်ဖားလူတန်းစားတွေရဲ့ စကားလုံးတွေကြားမှာဟုတ် သယောင် အတည်ပြုဆုံးဖြတ်လိုက်ပြီးတဲ့ အခါမှာတော့သူ့အတွက် မဟာ အမှားကြီးဖြစ်သွားခဲ့ပါရောလား။
ဒီအခါမှာတော့ လွတ်တဲ့ငါးကြီးက ကြီးလို့မရတော့ပါဘူး။ သူ့လက်ဝယ်မှာ ရှိတဲ့သူတွေက တကယ့် အရည်အချင်းစစ်စစ်ရှိတဲ့ သူတွေမဟုတ်တဲ့အတွက် လုပ်ငန်းတွေက ဆုတ်ယုတ်တဲ့ဘက်ကို တစတစရောက်သွားတယ်။
တကယ်ဆို အလုပ်နေရာနယ်ပယ်တိုင်းအတွက် သင့်တော်မယ့် အရည်အ ချင်းရှိတဲ့ အနာဂတ်လူငယ်တိုင်းကို နေရာပေးရမှာပါ။ ကိုယ့်ရဲ့ အသက်၊လုပ် သက်သက်တမ်းတွေ၊အရည်အချင်းတွေကို စဉ်းစားပြီးတော့ ကိုယ့်နေရာအ တွက် အခြားလူငယ်တွေကိုအစားထိုးပေးလိုက်မယ်ဆိုရင် ကောင်းကျိုးတွေ ဆက်လက်ခံစားရမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ ကြာရှည်အလုပ်မလုပ်နိုင်မှာ မဟုတ်တော့တဲ့ သက်တမ်းမှာတစ် ကိုယ်ကောင်း ဆန်တဲ့စိတ်ထားတွေကလူငယ်တွေအတွက် နေရာမ ဖယ်ပေးချင်တာကြောင့်

တိုးတက်ရမယ့်နေရာတွေမှာ နှောင့်နှေးကြန့် ကြာမှု တွေဖြစ်လာရတာပါ။ နောက်ပြီး ကိုယ့်အဆင့်အတန်းကိုယ်သိ၊ ကိုယ့်နေရာ ကိုယ်နေဆိုတဲ့ ဆောင်ပုဒ်တွေက အလကားထားတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ မသင့်တော်မအပ်စပ်တဲ့ နေရာကိုသွားချင်တဲ့သူ အတွက်
ဒုက္ခအဆင်မပြေမှု တွေကို တစ်သီတစ်တန်းကြီးကို ကြုံတွေ့ရမှာပါ။ ဒါကြောင့် ကိုယ့်နေရာ ကိုယ်နေတတ်ဖို့လည်း လိုတယ်လို့ဆိုချင်ပါတယ်။
တကယ်လို့အခုနလို နေရာထိုင်ခုံချင်း လုချင်၊တိုက်ခိုက်ချင်တဲ့ သူတွေ ဘက်ကလည်း တစ်လှည့်ပြန် ပြောင်းစဉ်းစားကြည့်မယ်ဆိုရင် ဒီလိုမျိုး လုပ်ရပ်အတွက် ခံနိုင်ရည်တောင် ရှိမှာမဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်ထား ပြီးတော့ ကိုယ့်နေရာက အရှူံးမှာဆိုရင်ကော ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်း မလဲဆိုတာစဉ်းစား ကြည့်ကြပါ။
လူ့အသက်ရှိသရွေ့ နေ့စဉ်ကျင်လည်လှုပ်ရှားနေရတဲ့ လူ့အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်မှာတော့ ဒီလိုမျိုး တရားနည်းလမ်းမကျ၊ မမျှတတဲ့ယှဉ်ပြိုင် မှုတွေက အမြဲရှိနေတဲ့အတွက် သင့်အပေါ်ကို တစ်ချိန်တော့ကျလာဦးမှာပဲ။ အဲ့ဒီအချိန်မှာ သင်ကောဘယ်လိုတုန့်ပြန်လိမ့်မလဲ ?

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။