စိတ်ဓာတ်နဲ့ ဘဝနေထိုင်ရပ်တည်မှုတွေပဲဖြစ်ပါ တယ်။ ဘယ်သူကမှ ဒီလိုအခြေအနေမျိုးကို မဖန်တီးချင်ကြပေမယ့် လည်း လုံးဝမတတ်သာတဲ့အဆုံး အဖေ၊ အမေဖြစ်သူတွေက
အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ကြတဲ့အခါ ဘယ်လိုမျိုး ကျန်ခဲ့တဲ့ သားသမီးတွေနဲ့ ကိုယ်စီဘဝရပ်တည်မှုကို ဘယ်လိုမျိုးပြောင်းလဲ မှုကို တည်ဆောက်ကြမလဲဆိုတာ အရေးတကြီးစဉ်းစားရတော့မယ့် အခြေအနေတွေဖြစ်လာပါတော့တယ်။ သားသမီးတွေကို
တစ်ဦး ချင်းစီ ခွဲပြီးစောင့်ရှောက်ကြတာတို့၊ ဒါမှမဟုတ် မိခင်၊ ဖခင်တစ်ဦး တည်းက ထိန်းသိမ်းစောင့်ရှောက်ကြတာတို့မှာ မှန်ကန်တဲ့နည်းလမ်း နဲ့ ထိန်းကျောင်းမှုပေးနိုင်မှုက သိပ်ကိုအရေးပါလွန်းပါတယ်။ ဒီ့အ တွက် ပြိုကွဲသွားတဲ့ကိုယ့်ရဲ့အိမ်ထောင်ရေးနဲ့
သားသမီးတွေဘဝရပ် တည်မှု မပျက်စီးသွားအောင် ဘယ်လိုပြန်ပြီးထိန်းသိမ်းနေထိုင်သင့်
သလဲဆိုတဲ့ အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။
၁။ ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးအတွက် လက်တလောမှာ စိတ်မ ကောင်းဖြစ်၊
၁။ ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးအတွက် လက်တလောမှာ စိတ်မ ကောင်းဖြစ်၊
စိတ်အလိုကျဖြစ်နေပေမယ့် သားသမီးတွေရှေ့မှာတော့ ကိုယ်ဟာ မိခင်ရော၊ ဖခင်နှစ်ဦးစလုံးအတွက် တာဝန်အပြည့်ယူနိုင် ပေးမယ့်သူတစ်ယောက်ဖြစ်အောင်၊ အားကိုးချင်စရာဖြစ်အောင်နေ ထိုင်ပါ။
၂။ အိမ်ထောင်ပြိုကွဲရခြင်းကနေ သားသမီးတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ စိုးရိမ်မှု၊ ကြောင့်ကြမှု၊ ပျက်စီးမှုမဖြစ်အောင် ထိန်းကျောင်း ပေးသင့်ပါတယ်။ သူမကောင်းလို့၊ ငါမကောင်းလို့
၂။ အိမ်ထောင်ပြိုကွဲရခြင်းကနေ သားသမီးတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ စိုးရိမ်မှု၊ ကြောင့်ကြမှု၊ ပျက်စီးမှုမဖြစ်အောင် ထိန်းကျောင်း ပေးသင့်ပါတယ်။ သူမကောင်းလို့၊ ငါမကောင်းလို့
ပျက်စီးရတာမျိုးနဲ့ အပြစ်ပုံချတာမျိုး မပြောပဲ တစ်ကိုယ်တည်းက နှစ်ယောက်စလုံးစာ ပျော်စရာတွေ၊ ထိန်းကျောင်းမှုတွေပေးနိုင်တယ်လို့ သားသမီးလေး တွေကို ပြောပေးပါ။
အဖေမရှိလို့စိတ်ဓာတ်ကျတာမျိုး၊ အမေမရှိလို့ အားငယ်နေတာမျိုးတွေမဖြစ်လာအောင်ပါ။
၃။ ကလေးငယ်လေးတွေရဲ့ အမိ၊အဖ နှစ်ဦးစလုံးဘက်ကနေ ထိန်း ကျောင်းပေးပါ။ အဖေတွေနဲ့ နေတဲ့အချိန်မှာ သားသမီးလေးတွေ ဘယ်လိုမျိုးခံစားကြသလဲ။ အမေတွေနဲ့နေတဲ့
၃။ ကလေးငယ်လေးတွေရဲ့ အမိ၊အဖ နှစ်ဦးစလုံးဘက်ကနေ ထိန်း ကျောင်းပေးပါ။ အဖေတွေနဲ့ နေတဲ့အချိန်မှာ သားသမီးလေးတွေ ဘယ်လိုမျိုးခံစားကြသလဲ။ အမေတွေနဲ့နေတဲ့
အချိန်မှာလည်း ဘယ် လိုမျိုး နေထိုင်တတ်ကြသလဲဆိုတာ သိဖို့ကြိုးစားပါ။ သူတို့လေးတွေ
ဘယ်သူ့ဆီက ဘယ်လိုမျိုးထိန်းကျောင်းမှု၊ အလိုလိုက်မှုလိုချင်သ လဲဆိုတာ မေးမြန်းလေ့လာကြည့်ပါ။
ကျောင်းစာတွေနဲ့ သူတို့ဖြစ် ချင်တဲ့ ရည်မှန်းချက်တွေ၊ အိမ်မက်ကလေးတွေကို ကူပြီးပုံဖော်ပေး ကြည့်ပါ။
၎။ အရင်ကထက် ကလေးငယ်လေးတွေကို အချိန်ပိုပေးပါ။ ရုတ်တ ရက်ကြီး
၎။ အရင်ကထက် ကလေးငယ်လေးတွေကို အချိန်ပိုပေးပါ။ ရုတ်တ ရက်ကြီး
အိမ်ထောင်ပြိုကွဲသွားတာမို့လို့ တစ်စုံတစ်ဦးအနားကနေ ထွက်ခွာသွားတာမျိုးကို ကလေးငယ်လေးတွေလည်း ခံစားတတ်ကြ ပါတယ်။ လူတစ်ယောက်ပိုလာတာ
သိပ်မသိသာပေမယ့် လျော့သွား ရင်တော့ အရမ်းသိပါတယ်။
သူ့တန်ဖိုးတွေနားလည်လာပါလိမ့် မယ်။ ဒီတော့ အမြဲလိုလို တစ်ဦးတစ်ယောက်ရဲ့
အနားမှာ၊ အရိပ် အောက်မှာရှိနေတတ်တဲ့ ကလေးငယ်လေးတွေက ခုလိုမရှိတော့တဲ့ အခါ အရမ်းကိုအားငယ်တတ်ကြပါတယ်။ ဒီလိုမျိုးမဖြစ်အောင် သူ တို့လေးတွေ
အသားကျသွားတဲ့အချိန်အထိ အလုပ်ကိစ္စတွေကို အ နည်းငယ်လျော့ပြီး
အချိန်ပိုပေးနေထိုင်ပေးလိုက်ပါ။ ကိုယ်ကအဆင် မပြေလဲ သူတို့ရဲ့အစ်ကိုတွေ၊
အစ်မတွေ၊ အဒေါ် ဦးလေး ဘိုးဘိုး ဘွားဘွားတို့ဆီ အလည်ခေါ်တာတို့၊ ပေးနေတာမျိုးတွေလည်း လုပ် နိုင်ပါတယ်။
၅။ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး တစ်ဖက်လူ အဖေ၊ အမေတို့နဲ့ သွားမတွေ့ရတာမျိုးတို့ မလုပ်သင့်ပါဘူး။ ကိုယ်တွေနှစ်ယောက် မပြေလည်ကြလို့ ကလေးငယ်တွေကိုလည်း
၅။ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး တစ်ဖက်လူ အဖေ၊ အမေတို့နဲ့ သွားမတွေ့ရတာမျိုးတို့ မလုပ်သင့်ပါဘူး။ ကိုယ်တွေနှစ်ယောက် မပြေလည်ကြလို့ ကလေးငယ်တွေကိုလည်း
ကိုယ့်အဆင်မပြေမှုထဲ ဆွဲမထည့်ပါနဲ့။ သူတို့တွေရဲ့ မိဘတွေအပေါ်ထားရှိတဲ့ စိတ်ဓာတ် တွေ ပျက်ပြားသွားတတ်ပါတယ်။ သွားပေးတွေ့သင့်တဲ့အချိန်တွေ၊ တလှည့်ထိန်းသိမ်းစောင့်ရှောက်ရမယ့် အချိန်တွေမှာ ခွင့်ပြုပေး လိုက်ပါ။ ငယ်ရွယ်သေးတဲ့အချိန်တွေမှာ ဒီအခြေအနေကို လက်မခံ သေးပေမယ့် နောက်ပိုင်းအရွယ်ကြီးလာတဲ့အခါ အတွေးအခေါ်တွေ ရလာတဲ့ အခါမှာတော့ ဒီလိုအခြေအနေမျိုးကို လက်ခံတတ်လာပါ လိမ့်မယ်။ နေသားကျအဆင်ပြေသွားပါလိမ့်မယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။