Tuesday, February 16, 2016


Shwe Innlay's photo.


လူတစ်ယောက်အပေါ် ယုံကြည်မှုဆိုတာ ထိုလူနဲ့အတူ ကုန်ဆုံးခဲ့တဲ့အချိန်ကာလ 
အပေါ်မှာအခြေခံလို့ တည်ဆောက်ယူရတာပါ။ သင့်အတွက် သူငယ်ချင်းအစစ်ကို
ရွေးချယ်တော့မယ်ဆိုရင် အောက်ပါအချက်ဆယ်ချက်တွေနဲ့ ကိုက်ညီဖို့တော့လိုပါလိမ့်မယ်နော်။

(၁) သင့်အတင်းအဖျင်းကို သင့်ကွယ်ရာမှာမပြောဘူး ...
သူငယ်ချင်းအစစ်ဆိုတာ သင့်ကွယ်ရာမှာ/သင့်ရဲ့အဝေးမှာ သင့်အတင်းမချပါဘူး။ 
သင့်အကြောင်းကို မဟုတ်မမှန်လျှောက်ဖြန့်တတ်တာ ဒါမှမဟုတ် သင်ကလျှို့ဝှက်ပေးဖို့
တောင်းဆိုထားတဲ့ ကိစ္စတွေကို ဖြန့်ဝေတတ်သူဆိုရင် သူငယ်ချင်းအစစ် မဟုတ်ဘူးလို့သာ သတ်မှတ်လိုက်ပါ။

(၂)နစ်နာစေလိုသော ရည်ရွယ်ချက်နဲ့ သင့်ပုဂ္ဂိုလ်ရေးကို ပြောဆိုဝေဖန်ခြင်းပြုလုပ်မှာ
မဟုတ်ပါဘူး..
သင့်ကိုယ်သင် စိတ်ပျက်သွားအောင်၊ ရှက်ရွ့လာအောင်၊ အားငယ်ဝမ်းနည်းလာအောင် 
ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်တတ်သူဆိုရင် သူငယ်ချင်းအစစ်မဟုတ်လို့ပါ။ သူငယ်ချင်းအစစ်ဆိုတာ သင့်ရဲ့ချို့ယွင်းချက်တွေအစား သင့်ရဲ့အရည်အချင်းတွေကိုပြောဆိုတတ်သူ၊ 
ရက်စက်တဲ့စကားတွေအစား မေတ္တာပါတဲ့စကားကိုသာ ဆိုတတ်သူ မျိုးတွေသာဖြစ်ပါတယ်။

(၃)အကျိုးမဲ့သော အငြင်းပွားမှုတွေကို ဘယ်တော့မှ အစပြုမှာမဟုတ်ပါဘူး...
သူငယ်ချင်းအစစ်ဆိုတာ သူအသာစီးရတိုင်း အကျိုးမရှိသော အငြင်းပွားမှုတွေကို ပါးစပ်အရသာခံပြီး ထုတ်ဖော်ပြောဆိုနေမှာ မဟုတ်ပါဘူး။ သူသဘောကျရင်ဖြစ်စေ သဘောမကျရင်ပဲဖြစ်စေ သင်ဘယ်လိုပဲဖြစ်နေနေ လက်ခံတတ်တဲ့ သူမျိုးသာ သူငယ်ချင်းအစစ်ပါ။ အငြင်းပွားဖို့ လိုအပ်လာရင်တောင် အပြန်အလှန် တလေးတစားနဲ့ ပြုမူပြောဆိုမှာပါ။

(၄)သင်နဲ့ စကားလုပြောနေမှာမဟုတ်ပါဘူး...
သူငယ်ချင်းအစစ်ဆိုတာ သင့်ခံစားချက်တွေ ဘယ်လိုရှိနေတယ် ဆိုတာကို အလေးမထားဘဲ သူပြောချင်ရာကိုသာ ဇွတ်ပြောနေမဲ့လူမျိုးမဟုတ်ပါဘူး။ သူငယ်ချင်းဆက်ဆံရေးဆိုတာ တစ်ယောက်ခံစားချက်ကို တစ်ယောက် စိတ်ရှည်လက်ရှည် နားထောင်ပေးဖို့လည်း လိုအပ်ပါတယ်။

(၅)သင့်ရည်မှန်းချက်ပန်းတိုင်ကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး...
သူငယ်ချင်းအစစ်ဆိုတာ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အထင်သေးခြင်း ရှုံ့ချခြင်းပြုမူမှာ မဟုတ်ဘဲ သူတတ်နိုင်တဲ့ဘက်ကတောင် ကောင်းမွန်တဲ့အကြံဥာဏ်ပေးခြင်း၊ အကူအညီပေးခြင်းတို့ ပြုလုပ်မှာပါ။

(၆)အတိတ်က အကြောင်းအရာတွေအပေါ် အပြစ်ဖွဲ့နေမှာမဟုတ်ဘူး…
သူငယ်ချင်းအစစ်ဆိုတာ သင့်ရဲ့ အတိတ်ကအကြောင်းအရာတွေကို အလေးထားနေမှာမဟုတ်ပါဘူး။ အတိတ်က သင်ဘာတွေပဲဖြစ်ခဲ့ပါစေ လက်ရှိသင်ကသာ သူ့အတွက် အရေးကြီးတယ်လို့ လက်ခံထားတတ်ကြသူတွေပါ။ တစ်စုံတစ်ရာသော မလှပခဲ့တဲ့ သင့်ရဲ့အတိတ်ကို ပြောပြချိန်မှာ အထင်သေးခြင်းမျိုးမပြုမူဘဲ နှစ်သိမ့်ပေးမှုတွေ၊အားပေးမှုတွေကို ပေးမှာပါ။ ယုံကြည်စွာနဲ့ ထုတ်ဖော်ပြောဆိုခြင်းကိုလည်း တန်ဖိုးထားနေမှာပါ။

(၇)လူမှုအသိုင်းအဝိုင်းထဲမှ သင့်ကိုပစ်ပယ်မထားပါဘူး ...
သူငယ်ချင်းအစစ်ဆိုရင် သင့်ကို သူ့ပတ်ဝန်းကျင်နဲ့တစ်သားထဲဖြစ်အောင် သူ့ရဲ့အသိုင်းအဝိုင်းထဲကို မိတ်ဆက်ဝင်ရောက်စေမှာပါ။

(၈)သင့်ရဲ့အောင်မြင်မှုကို မနာလိုမဖြစ်ပါဘူး…
သူငယ်ချင်းအစစ်ဆိုတာ တစ်ဦးကောင်းမွန်လာတာကို မနာလိုမှုတွေနဲ့ သူတို့ရဲ့အချိန်ကို ဖြုန်းတီးနေမှာမဟုတ်ပါဘူး။ တစ်ဦးရဲ့အောင်မြင်မှုကို ထပ်တူထပ်မျှဝမ်းသာခြင်းဟာ အကျိုးရှိကြောင်းနဲ့ ကြိုးစားမှုကိုသာ အတုယူမှာပါ။

(၉)သင့်ကိုသူလိုရာ ပုံသွင်းလိမ့်မှာ မဟုတ်ဘူး ...
သူငယ်ချင်းအစစ်ဆိုရင် လူတစ်ယောက်ကို လိုရာပုံသွင်းခြင်းဟာ
ဘယ်လောက်ရူးကြောင်ကြောင်နိုင်တယ် ဆိုတာသိကြပါတယ်။ လူတစ်ကိုယ် အကျင့်တစ်မျိုးပါ။ သင့်အခန်းတွေ ရှုပ်ပွနေတတ်တာ၊ ပစ္စည်းတွေနေရာမကျတာ၊
ခေါင်းသပ်သပ်ရပ်ရပ် မဖြီးတတ်တာ စသဖြင့်သင့်ရဲ့အကျင့်တွေကို နားလည်ပေးမှာပါ။

(၁၀)ခင်မင်မှုကို အသုံးချလို့ ကိုယ်ကျိုးမရှာဘူး ...
သူငယ်ချင်းအစစ်ဆိုတာ ရေရှည်ခင်မင်မှုကို တန်ဖိုးထားတဲ့လူတွေပါ။ ကိုယ်ကျိုးအတွက် အသုံးချပြီး ခင်မင်မှုပျက်ယွင်းအောင်လုပ်မှာမဟုတ်ပါဘူး။

ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook