Tuesday, February 16, 2016

Shwe Innlay's photo.

ဒီနေရာလေးက ဘန်ကောက်ကနေ ပတ္တရားမရောက်ခင်မှာရှိတဲ့ Laser Buddha ပါ ။
ပြည်တွင်းအခေါ် Khao Chi Chan လို့လူသိများပြီး ဧရာမကျောက်တုံးကြီးပေါ်မှာ
ဗုဒ္ဓဘုရားပုံတော်ကို လေဆာနဲ့ပုံဖော်ထွင်းထု တည်ထားတာပါ ။ ယခင်က ဆောက်လုပ်ရေး လုပ်ငန်းအတွက် လိုအပ်တဲ့ကျောက်တွေကိုအဓိက
ထုတ်လုပ်ပေးခဲ့တဲ့ နေရာဖြစ်ပါတယ် ။
Pattaya International Airport(U’tapao Airport) ကိုဆောက်လုပ်စဉ်က 
လိုအပ်တဲ့ကျောက်သားတွေကို အဆိုပါနေရာက အဓိကရယူခဲ့ပြီး
လမ်းခင်းဖို့အတွက် လိုအပ်တဲ့ကျောက်သားတွေကိုလည်း
ထုတ်ယူခဲ့တဲ့နေရာဟောင်လေးဖြစ်ပါတယ် ။ နောက်ဆုံးကျန်ခဲ့တဲ့ အဆိုပါကျောက်တုံးကြီးကို ဘုန်းကြီးတစ်ပါးက ဘုရားတည်ဖို့ အတွက် ထိုင်းဘုရင်ထံ
ခွင့်ပြုချက်တောင်းပြီး ယခုလိုထိုင်းနည်းပညာနဲ့ ကျောက်သားကို ကျစ်လစ်စေပြီး လေဆာနဲ့ပုံဖော်တည်ထား ကိုးကွယ်တဲ့ Laser Buddha ကြီးကို ယခုလိုပဲမြင်တွေ့ရ
မှာပါ ။ ပတ္တရားကမ်းခြေကိုရောက်ဖို့အတွက် ကီလိုမီတာ ၂၀ အကွာမှာတည်ရှိတဲ့ ဥယျာဉ်ကြီးပါ ။ ဝင်ကြေးအခမဲ့ဖြစ်ပြီး နိုင်ငံစုံခရီးသွားဧည့်သည်တွေ
လည်ပတ်တဲ့ စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်ပါတယ် ။

သတင်း/ဓာတ်ပုံ - ခွန်နေ

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook