Tuesday, February 16, 2016


Shwe Innlay's photo.


ရှုပ်ထွေးလွန်းတဲ့ လောကကြီးထဲမှာ တတ်နိုင်သလောက် ရှုပ်ထွေး ရခြင်းတွေ လျော့ချပြီး ရိုးရိုးစင်းစင်းနေထိုင်ပါ။ စိတ်တွေရှုပ်ရခြင်း၊ မရှုပ်ရခြင်းတွေက ကိုယ့်ရဲ့ခံစားချက်အပေါ်မှာပဲ မူတည်ပါတယ်။ လွယ်ကူနေတဲ့ အရာတွေကိုရှုပ်ယှက်ခတ် ခက်ခဲသွားရအောင် လုပ်တာ ကိုယ့်စိတ်ပါပဲ။ ရှင်းလင်းအောင် လုပ်တာလည်းကိုယ့် စိတ်ပါပဲ။ ဒီတော့ နဂိုကတည်းက သောင်းပြောင်းထွေလီ ရှုပ်ထွေး လွန်းတဲ့ လောကကြီးထဲမှာ ကိုယ်ကရော ကိုယ်ကိုတိုင် အရှုပ်တွေ ကြားထဲ ဆွဲထည့်ပြီး နေဦးမလို့လား။ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း ကို ဟန်ဆောင်မနေပဲ ဖွင့်ပြီးနေထိုင်လိုက်ပါ။


တစ်စုံတစ်ယောက်ကို သတိရနေလို့လား…. ခေါ်လိုက်ပါ။ အဆက် အသွယ်လုပ်လိုက်ပါ။
တစ်စုံတစ်ယောက်ကို တွေ့ချင်နေလို့လား…သွားတွေ့လိုက်ပါ။ တွေ့ဆုံဖို့ ခေါ်လိုက်ပါ။
နားမလည်သေးတာတွေ ရှိနေသေးလား…. ရှင်းပြခိုင်းလိုက်ပါ။ ဘာကိုဆိုလို ချင်တာလဲဆိုတာ တိတိကျကျသိရအောင်
မေးစရာမေးခွန်းတွေရှိနေသေးလား….. သိချင်တာတွေအားလုံးကို ဖွင့်ထုတ်ပြီးမေးလိုက်ပါ။
တစ်စုံတစ်ခုကိုများမကျေနပ်စရာတွေ ရှိနေသေးလာ…. ဖွင့်ပြောလိုက်ပါ။ သင့်စိတ်ထဲပေါ့သွားပြီးတစ်ဖက်ကလည်း သိသွားပါလိမ့် မယ်။
တစ်စုံတစ်ခုကိုများ နှစ်သက်နေလား…ကြိုက်နှစ်သက်နေပါတယ်ဆိုတဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါ။
တစ်စုံတစ်ခုကိုများ အလိုရှိနေလား…. ရိုးရိုးသားသားဖွင့်ပြော ပြီး တောင်းလိုက်ပါ။
တစ်စုံတစ်ဦးကိုများ ချစ်နေသလား…. အရှိကိုအရှိတိုင်း ခံစားချက်ကို ဖုံးကွယ်မထားပဲနဲ့ ချစ်ခြင်းစကားတွေဆိုလိုက်ပါ။

ဒါက ရိုးရှင်းတဲ့ ဘဝနေထိုင်ခြင်း အကြောင်းအရာတွေပါပဲ။ ဒီလိုမျိုး ခံစားချက်အရှိကိုအရှိတိုင်း ရိုးရိုးရှင်းရှင်းနေထိုင်ရတဲ့ ဘဝမှာ ငြိမ်းချမ်းသာယာ စွာနေထိုင်တတ်ပါစေ.......

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook