Tuesday, February 16, 2016


Shwe Innlay's photo.


အဲ့ဒီနေ့ဟာ ကျွန်တော့အတွက်တော့ တော်တော်လေး ပြဿနာ များ စိတ်ရှုပ်ရတဲ့နေ့တစ်ရက်ပါပဲ။ ကျွန်တော့ခေါင်းထဲမှာဆိုရင် အ ခက်အခဲတွေနဲ့ စိတ်ရှုပ်စရာကိစ္စတွေပဲ ရှိနေခဲ့ပါတယ်။ အဲ့ဒါနဲ့ ကျွန် တော်လည်း ခြေဦးတည့်ရာ ရောက်တတ်ရာရာနေရာတွေကို လမ်း လျှောက်ထွက်လာခဲ့ရင် တစ်နေရာကိုရောက်တော့ ကျွန်တော့ရှေ့ မြင်ကွင်းလေးက ကျွန်တော့စိတ်ကိုအာရုံစိုက်လာစေခဲ့ပါတယ်။

လမ်းဘေးပလက်ဖောင်းပေါ် အဘိုးအိုတစ်ဦး ကုလားထိုင်တစ်လုံး ပေါ်မှာ ထိုင်နေပြီးတော့ စီးပြီးသားဖိနပ်အဟောင်းတွေကို ပြန်ပြီး ရောင်းနေတာပါ။ ကျွန်တော့အထင် သူ့အသက်ကလည်း ၇၀ ကျော် အရွယ်လောက်တော့ ရှိမယ်ထင်တယ်။ သူ့ပုံစံကလည်း ဆင်းဆင်း ရဲရဲနဲ့ ပင်ပန်းနွမ်းလျနေပြီးတော့ ကျွန်တော် စောင့်ကြည့်နေတဲ့ အ ချိန်မှာတော့ သူ့ရဲ့ ဖိနပ်တွေကိုလည်း ဘယ်သူမှဝယ်ယူသေးတာ ကိုတော့ မတွေ့ခဲ့ရသေးဘူးဗျ။ ဒီတော့ကျွန်တော့ စိတ်ထဲသနား စိတ်ဝင်လာပြီး တစ်ခုခုသွားပြီးပေးတာမျိုး ကျွေး တာမျိုးလုပ်ချင် တော့လည်း ကျွန်တော့လက်ထဲမှာလည်း ဘာမှမရှိတော့ ဘာမှမလုပ်ပေးနိုင်ဘူးပေါ့။ ဒါနဲ့ ကျွန်တော်ငြိမ်ပြီး ကြည့်နေလိုက်တယ်။


အဲ့ဒီအချိန်မှာ အဘိုးအိုနားကို ကလေးမလေးတစ်ယောက် ချည်း ကပ်လာတာကို တွေ့လိုက်တယ်။ အဲ့ဒီကလေးမလေးကလည်း အဘိုးအိုကို စကားတွေ ကပ်ပြောနေတာကို ကျွန်တော် တစိုးတစိကြားမိလိုက် တယ်လေ..။

“ ဘိုးဘိုး သမီး ဘိုးဘိုးရဲ့ ဖိနပ်ကလေးတွေကို တိုက်ပါရစေ” တဲ့။ ဒီလိုဆိုလာတော့ အဘိုးအိုကလည်း ပြုံးပြပြီး ခွင့်ပြုပေးလိုက်တယ်။
နောက် ကလေးမလေးက ဆက်ပြောတယ်။ “ သမီးဖိနပ်တွေ တိုက် ပေးပြီးရင်လေ သမီးကိုတော့ မုန့်ဖိုးပေးပါနော်။ အဲ့ဒီမုန့်ဖိုးနဲ့ သမီး မောင်လေး ကျောင်းအကျီင်္ဝယ်ပေးချင်လို့ပါ” လို့ ပြောတော့ အဘိုး အိုလည်း မျက်ရည်ဝဲပြီး ကလေးမလေးကို နှစ်သိမ့်တဲ့ အပြုံးလေးနဲ့ ပြုံးပြတယ်။

ဒီမြင်ကွင်းကို ကြည့်ပြီး သူတို့နှစ်ဦးသားခံစားချက်ကိုပုံ ဖော်မိပြီး ကျွန်တော်လည်း မျက်ရည်ကျခဲ့ရပါတယ်။ ဒီလိုမျိုး သနားစရာကောင်း တဲ့ မြင်ကွင်းလေးမှာ ဘာဆက်ဖြစ်အုန်းမလဲဆိုတာ ကျွန်တော်စောင့်ကြည့်နေ ပါသေးတယ်။

အဘိုးအိုက ကလေးမလေးကို “ အို သမီးကလေးရယ်၊ ဒီဖိနပ်တိုက် တာကို မလုပ်နဲ့တော့ သမီးလိုချင်နေတဲ့ ကျောင်းဝတ်စုံလေးကို ဘိုး ဘိုး အခုပဲလိုက်ဝယ်ပေးမယ် လိုက်ခဲ့” ဆိုပြီး ကလေးမလေးရဲ့လက်ကို ဆွဲပြီး ဈေးတန်းရှိရာကို နှစ်ဦးသားအားအင်အပြည့်နဲ့ လျှောက် လှမ်းသွားတဲ့ သူတို့ရဲ့နောက်ကျောကို ရပ်ကြည့်ရင်း ကျွန်တော်တစ် ယောက် ကျန်ရစ် ခဲ့ပါတော့တယ်။

ဒီအချိန်မှာ ကျွန်တော့ အိမ်ပြန်လမ်းတွေ အားတွေအပြည့်နဲ့ ပြန်ဖြစ် လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ အားလုံးကိုယ်စီမှာ ကိုယ့်အခက်အခဲနဲ့ ကိုယ်ရှိနေတတ်ကြပါတယ်။ ဒီလိုမျိုး အခက် အခဲ တွေကြားမှာ စိတ်ပျက်၊ စိတ်အားမငယ်နေပဲ အခြားကိုယ့်ထက် ဘဝ ပေးအခြေအနေ ကြမ်းတမ်းခက်ခဲတဲ့သူတွေ အများကြီးရှိနေပါသေး လားဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်အားပေးပြီးကိုယ် က ရောသူတို့လေးတွေရဲ့ အခက်အခဲတွေအတွက် ကိုယ့်မှာရှိတာလေး နဲ့ ဘယ်လိုကြင်နာစွာကူညီ စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးစားပြီး အဲ့ဒီ ကနေရလာတဲ့ ပီတိလေးနဲ့ ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်ကာ အခက်အ ခဲတွေကို ကျော်လွှားသွားနိုင်လို့ရတယ်ဆိုတာ………

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook