
သင့်ဘက်က ဖြူစင်တဲ့ပေးဆပ်မှုကနေ ပြန်ရလာတဲ့ တုန့်ပြန်မှုတန် ကြေးတွေ က တစ်ခါတစ်လေမှာ သိပ်ပြီးတော့ နာကျင်စရာကောင်း ပါတယ်။ ခံပြင်း ဝမ်းနည်းစရာလည်းကောင်းပါတယ်။ ဒီတုန့်ပြန်မှု တန်ကြေးတွေအတွက် သင့်စိတ်ကိုထိခိုက်နာကျင်နေရပြီဆိုရင် သင့်စိတ်မှာပူလောင်နေရပြီပေါ့။ ရုတ်တရက်ဆို စိတ်တွေပူလောင် ခံစားနေရပြီး ဒေါသတကြီးနဲ့ တစ်စုံတစ်ရာ တုန့်ပြန်မှုတွေပြန်လုပ်ချင်တဲ့ စိတ်ပေါ်လာကောင်းပေါ်လာနိုင်ပါတယ်။
ဒီ ဒေါသနဲ့ခံပြင်းမှုတွေက သင့်ရဲ့တစ်ပါးသူအပေါ်ထားတဲ့ ပင်ကိုယ် စိတ်ကောင်းစေတနာလေးကို ပျက်စီးရအောင်ကို ဖြစ်သွားတတ်ပါ တယ်။ တစ်ပါးသူက သင့်စိတ်ကိုပူလောင်အောင် ဖန်တီးတိုင်းသင့် စိတ်ကလိုက်ပြီး ပူလောင်ပျက်စီးပေးစရာမလိုပါဘူး။ သင့်ဘက်က ပေးဆပ်မှုနဲ့ မထိုက် တန်တဲ့သူတွေ၊ တန်ဖိုးမထားတဲ့သူတွေက ဒီလိုပဲတုန့်ပြန်တတ်ကြပါတယ်။
သင့်အနေနဲ့ ဒါကိုဝမ်းနည်းနေစရာမလိုပါဘူး။ ဒီလိုမျိုး သင့်ပေးဆပ် မှုကို တန်ဖိုးမထားတဲ့သူတွေအတွက် နောင်တစ်ကြိမ်ထပ်ပြီး ပေး ဆပ်စရာ လည်းမလိုတော့ပါဘူး။ သင့်ဘက်က ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးလုပ်ပေး၊ ပေးဆပ်ပေးဆပ် ဒီလိုမျိုးလူတွေက သင့်အပေါ်နာကျင်စ ရာကောင်းတဲ့ ပေးဆပ်မှုတန်ကြေးတွေပဲ အမြဲပေး နေတဲ့သူတွေမို့လို့ ကောင်း မွန်တဲ့အရာတွေ ပြန်ရဖို့ မမျှော် လင့်ပါနဲ့တော့။ မျှော်လင့်ချက်ထားပြီး ပေး ဆပ်ရတာက ပူလောင်စေ တတ်သလို ဘာမှပြန်ရဖို့မမျှော်လင့်ပဲ အဖြူထည် သက်သက်ပေး ဆပ်လိုက်ရတာက အေးချမ်းစေပါတယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။