
ကိုယ့်ချစ်သူကောင်လေးနဲ့ပတ်သက်ပြီး သူမရဲ့နှုတ်ကနေပြောမ ထွက်တဲ့မကြိုက်တဲ့ အချက်တွေရှိပါတယ်။ ချစ်သူမိန်းကလေး ဒါမှမ ဟုတ် ဇနီးသည်ရှိနေတဲ့ သင်ကသင့်မိန်းကလေးနဲ့ ပတ်သက်ပြီး သူမနှစ်သက် တာတွေ၊ မနှစ်သက်တဲ့အရာတွေအကြောင်းတွေ၊ သင်နဲ့ပတ်သက်ပြီး တားမြစ်ထားတဲ့ အရာတွေ သင့်ကိုတတွတ်တွတ် ပြောနေလို့သိနိုင်ပေမယ့် တချို့သူမနှုတ်က ပြောမထွက်တဲ့ သင့်ရဲ့ အပြုအမူ၊ စကားအပြောအဆိုမှာ သူမတို့မိန်းကလေးတွေက သင် တို့ ယောက်ျားလေးတွေအပေါ် သိပ်စိတ်ပျက် မိကြပါတယ်။
ဒီတော့ မိန်းကလေးတွေ သူတို့ချစ်သူယောက်ျားလေးတွေရဲ့ ဘယ်အရာတွေကို စိတ်ပျက်တတ်ကြသလဲဆိုတာ ကြည့်ရအောင်……
၁။ ကိုယ့်ကောင်လေးက ချစ်သူကောင်မလေးအပေါ် ဆက်ဆံပြုမူ တာတွေက သူငယ်ချင်းတွေ၊ လူအများရှေ့တမျိုး၊ လူကွယ်ရာမှာတ မျိုး အမူအရာအ မျိုးပြောင်းလဲဆက်ဆံတာကို မိန်းကလေးတွေ သိပ်စိတ်ပျက်ကြပါတယ်။
၂။ တွဲလာတဲ့ ချစ်သူသက်တမ်းတလျောက်မှာ ကိုယ်ပိုင်အရည်အချင်း ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်တစ်ခုခုပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အသက် မွေး ဝမ်းကြောင်းအတွက် သင်တန်းလေ့လာမှုပဲဖြစ်ဖြစ် ပြောင်းလဲတိုးတက်မှုမရှိ၊ ကြိုးစားအားထုတ်မှုမရှိတဲ့ ချစ်သူကောင်လေးကို မိန်းကလေးတွေ စိတ်ပျက် တတ်ကြပါတယ်။
၃။ဖက်ရှင်နဲ့ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံတွေကို ခေတ်နဲ့အညီ ပြောင်းလဲဆန်းသစ်တာမျိုးတွေမရှိပဲ ရှိရင်းစွဲအကျင့်ပါနေတဲ့ ခပ်တုံးတုံးပုံစံမျိုးတွေ နဲ့ နေထိုင်တာတို့ ခေါင်းမာကိုယ်ဖြစ်ချင်တာကိုပဲ ရွေးချယ်တတ်တဲ့ ချစ်သူကောင်လေးကို မိန်းကလေးတွေ စိတ်ပျက် တတ်ကြပါတယ်။
၎။ ချစ်သူမိန်းကလေးနဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းမှာ လူမှုဆက်ဆံရေး၊ အပေါင်းအသင်းနဲ့ လိုက်လျောညီထွေမဆက်ဆံတတ် တဲ့ ကောင်လေးတွေ၊ ဆက်ဆံရေးမကောင်းတဲ့ ချစ်သူ ကောင်လေးကို မိန်းကလေးတွေ စိတ်ပျက်ကြပါတယ်။
၅။ အလုပ်အရမ်းကြိုးစားတဲ့ ယောက်ျားလေးတွေကို ပတ်ဝန်းကျင် က ချီးကျူးကြပေမယ့် သူတို့ကောင်မလေးတွေက စိတ်ပျက်မိကြ ပါတယ်။ သူ့ရဲ့ အလုပ်ကိစ္စတွေနဲ့ ယှဉ်လာရင် ချစ်သူမိန်းကလေးကအမြဲတမ်း နောက် မှဖြစ်ရတယ်ဆိုတဲ့ အချက်ကို မိန်းကလေး သိပ်မုန်းကြပါတယ်။ အလုပ်မ အားလို့ ချစ်သူကောင်မလေးအပေါ် အချိန် မပေးနိုင်တာတို့၊ ဂရုမစိုက် အားတာတို့ကို မိန်းကလေးတွေက နား လည်ပေးတတ်ကြပေမယ့် ရေရှည် မှာတော့ ဘယ်ချစ်သူကောင်မ လေးကမှ စိတ်မရှည်တတ် ကြတော့ပါဘူး။ ဒီ့အတွက်ကြောင့် အလုပ်ကိစ္စနဲ့ နှလုံးသားရေးရာကိစ္စကို အချိန်ခွဲခြားသတ် မှတ်ပေးထားဖို့လိုပါတယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။