
မနေ့ကလည်း ပြုံးနေခဲ့တယ်။
ဒီနေ့လည်း ပြုံးနေတယ်။
နောက်နေ့တွေလည်း ပြုံးထားအုန်းမယ်။
ဒီအပြုံးတွေအတွက် အဓိပ္ပါယ်က ရိုးစင်းလွန်းပါတယ်။
ရလာခဲ့တဲ့ လူ့ဘဝတိုတိုလေးထဲ ဘာလို့နာကျင်ဝမ်းနည်းမှုတွေ၊ ပူ ဆွေးငိုကြွေးမှုတွေနဲ့ အချိန်ကုန်နေမှာလဲ…..ဘယ်လိုအရာတွေ၊ ဘယ်လိုအကြောင်းကြောင့်တွေ၊ ဘယ်သူဘယ် ဝါတွေကြောင့် စသဖြင့် အရာတွေအားလုံးက ဝမ်းနည်းငိုကြွေးခြင်းတွေ ပြုလုပ်လာရင်တောင် မငိုတော့ပဲ အားတင်းပြီးပြုံးထားလိုက်မယ်။
အဖြစ်အပျက်အရာရာတိုင်းက သူ့အလိုလိုဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန် တန်လို ပျက်ရတာချည်းပါပဲ။ အရာအားလုံးက ထာဝရတည်တံ့မနေ ပါဘူး။ ပျော်ရွှင်ရ တဲ့အချိန်တွေလည်း အမြဲမဟုတ်သလို။ ဝမ်းနည်းနာကျင်ရတဲ့ အချိန်တွေ ကလည်း အမြဲတမ်းရှိမနေနိုင်ပါဘူး။
အပြုံးတွေကနေ အရာရာရင်ဆိုင်ရဲတဲ့ သတ္တိတွေမွေးဖွားမယ်။ အပြုံး တွေ ကနေ ယုံကြည်ချက်တွေ ဖန်တီးမယ်။ အပြုံးတွေကနေ ပျော်ရွှင်ခြင်းတွေ ရှာဖွေမယ်။ အပြုံးတွေကနေ အောင်မြင်မှုတွေ လက်လှမ်းယူမယ်။ အပြုံးတွေကနေပဲ ငိုကြွေးပူဆွေးခြင်းတွေကို ပျော်ရွှင်ဝမ်းသာခြင်းတွေ အဖြစ်ပြောင်းလဲယူလိုက်မယ်…..
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။