Saturday, March 26, 2016


Shwe Innlay's photo.


(၁)သတိရတယ်...လွမ်းတယ်...
ချစ်သူတွေရဲ့စိတ်ထဲမှာ အမြဲဖြစ်ပေါ်နေတဲ့ စကားလုံးလေးပါပဲ။ ဒါကို ထုတ်ဖော်ပြောဖို့မလိုအပ်ဘူးလို့ မထင်ပါနဲ့။ ခဏခဏ ထုတ်ဖော်ပြောလို့ ရပါတယ်။ တွေ့ပြီးလို့ အိမ်ရောက်တာတောင် ငါးမိနစ်မပြည့်သေးဘူး သတိရနေပြီမလား။ လွယ်ပါတယ်။ ဖုန်းကိုထုတ် မက်ဆစ်ပို့လိုက်ပါ/ ဖုန်းလှမ်းဆက်လိုက်ပါ။ လွမ်းနေပြီလို့လေ။ သတိရတဲ့အချိန်တိုင်းမှာ ပြောပေးပါ။ ဒီလိုပြောခြင်းဟာ သူဟာကိုယ့်အတွက် လိုအပ်သူတစ်ယောက်ဖြစ်ပြီး သူ့ကိုတန်ဖိုးထားကြောင်းကို သူသိစေပါတယ်။

(၂)ဒီနေ့အဆင်ပြေရဲ့လား ...
ချစ်သူတွေကြားမှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ ဂရုစိုက်မှုကို အဖော်ပြပေးနိုင်ဆုံး စကားတစ်ခွန်းပါပဲ။ တစ်နေကုန်အလုပ်ရှုပ်နေလို့ ချစ်သူကိုအချိန်မပေးနိုင်တောင် ဒီစကားတစ်ခွန်းဟာ သင့်ရဲ့လျစ်လျူရှုမှုကို ပယ်ဖျောက်ပေးမှာပါ။

(၃)တို့နှစ်ယောက်ရဲ့ _____အချိန်ကိုမှတ်မိသေးလား ...
ချစ်သူနှစ်ဦးကြားမှာ ပျော်စရာကောင်းသော အမှတ်တရပေါင်း မြောက်များစွာရှိကြမှာပါ။ အဲ့ဒီပျော်စရာအချိန်တွေအကြောင်း နှစ်ဦးသားပြန်လည်ပြောဆိုခြင်းဟာ သင်တို့နှစ်ယောက်ချစ်သူတွေ ဖြစ်ခွင့်ရတာ အထူးကောင်းမွန်တယ်ဆိုတာကို သတိရစေမှာပါ။

(၄)တို့ဘယ်လိုကူညီနိုင်မလဲ ...
သင့်ချစ်သူ အခက်အခဲကြုံနေချိန်မှာ ပြောဖို့အသင့်လျော်ဆုံး စကားလုံးပါပဲ။ မကူညီနိုင်တောင် ဒီစကားတစ်ခွန်းကြောင့် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သူ့အတွက်အားအင် ဖြစ်စေမှာပါ။ ဒီအခြေအနေမှာ သင်ကသူ့ဘက်ကပါလို့လည်း ဆိုလိုပြီးသား ဖြစ်သွားပါတယ်။

(၅)အသိအမှတ်ပြု ချီးကျူးသောစကား ...
သင့်ချစ်သူမှာ အပြင်ပန်းရုပ်ရည်၊ အရည်အချင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စသဖြင့် သင်နှစ်သက်တဲ့အချက်တွေ၊ အများကချီးကျူးလောက်တဲ့အချက်တွေ ပိုင်ဆိုင်ထားတာတွေရှိမှာပါ။ အသိအမှတ်ပြုပေးပါ။ ချီးကျူးစကားဆိုပါ။ ဒီလိုလုပ်ခြင်းဟာ သင်သူ့ကို လေးစားကြောင်း၊ မြတ်နိုးကြောင်းကို သိသာစေပါတယ်။

(၆)ကျေးဇူးတင်စကား ...
သေချာစဉ်းစားကြည့်ပါ။ သင့်ချစ်သူကိုသင် ကျေးဇူးတင်စရာတွေများ ရှိသလားလို့။ သင့်ကိုချစ်မြတ်နိုးတာ၊ ဂရုစိုက်တာ၊ သစ္စာရှိတာ၊ စိတ်ချမ်းသာအောင်ထားတာ စသဖြင့် ကျေးဇူးတင်စရာတွေ များစွာတွေ့လာရမှာပါ။ ကျေးဇူးတင်စကားပြောလိုက်ပါ။ သူဟာသင့်အတွက် အကောင်းဆုံးလက်တွဲဖော် ဆိုတာကို ဖော်ပြနေခြင်းတစ်မျိုးပါပဲ။

(၇)ချစ်တယ်...
ချစ်သူနှစ်ဦးစလုံး တန်ဖိုးထားကြတဲ့ ဒီစကားကတော့ အထွေအထူးပြောဖို့ လိုမယ်မထင်ပါဘူး။ ထူးခြားချက်တစ်ခုကတော့ ချစ်သူဆီကချစ်တယ်လို့ အပြောခံရချိန်မှာ ထိုလူကိုအားအင်ပြည့်ဝလာစေပြီး ကိုယ်ကချစ်တယ်လို့ ပြောချိန်မှာတော့ သတ္တိတွေပြည့်လာတယ်လို့ ခံစားရစေပါတယ်တဲ့။

ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook