
ဖေဖေဆုံးသွားပြီးနောက် တစ်လကြာတော့ သိသိသာသာ ဖေ့ဖေ့ကို သတိပြန်ရလာပါတယ်။ ဟိုးအရင်တုန်းကဆိုရင် ကျွန်မတို့မိသားစု မှာ ဖေဖေ၊ မေမေတို့ ကျွန်မတို့မောင်နှမခြောက်ယောက်နဲ့ အရမ်းကို ပျော်စ ရာကောင်းတဲ့ မိသားစုကြီးဖြစ်ခဲ့တာပေါ့။ မောင်နှမထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်မအပျိုအရွယ် လောက်ရောက်တော့ မေမေ ဆုံးပါးသွားခဲ့တယ်။ ဒီတော့ ဖေဖေလည်း ကျွန်မနဲ့အောက်က မောင်နှမအငယ်လေးတွေအတွက် မုဆိုးဘိုဘဝနဲ့ပဲ ရုန်းကန်ရှာဖွေ ကျွေးမွေးလာခဲ့ပါတယ်။ဖေဖေက ဖေဖေ လည်း ဟုတ်တယ်။ မေမေလည်း ဟုတ်ခဲ့တဲ့အချိန် တွေဖြစ်လာခဲ့ပါတော့ တယ်။
ခု ဖေဖေဆုံးပါးသွားတော့ အသက် ၈၀ ကျော်နေပါပြီ။ကျွန်မတို့ မောင်နှ မ တွေလည်း အသက်အရွယ်ကြီးပြင်းအရွယ်ရောက်ကြလို့ အိမ်ထောင် ပြုတဲ့ သူကပြု၊ ကိုယ်ပိုင်မိသားစုရှိတဲ့သူက သူ့မိသားစုနဲ့ပေါ့။ မိသားစု အဆင်ပြေ တဲ့သူကပြေ၊ မပြေတဲ့သူကမပြေနဲ့ပါပဲ။ ဖေဖေ အသက် ၆၀ ပင်စင်ပြည့် အလုပ်ကနားတော့ ကျွန်မတို့ မိသားစုအိမ်မှာပဲ ဖေ ဖေနေ ထိုင်ခဲ့ပါတယ်။ အလုပ်တွေမလုပ်ရတော့တာ တစ်ဖက်၊ အသက်ကြီးသွားပြီလို့ အသိပေးခံ လိုက်ရသလို အလုပ်ကနားလိုက်တာ တစ်ဖက်နဲ့ ဖေဖေလည်း အတော်လေး စိတ်ဓာတ်ကျသွားရှာတယ်။
ဖေဖေနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို အကြီးဆုံးသမီးကြီးဖြစ်တဲ့ ကျွန် မကပဲ တာဝန်ယူပေးလိုက်ပါတယ်။ ဖေဖေ့အတွက် အစားအ သောက်၊ နေရာထိုင် ခင်း၊ သွားလာလှုပ်ရှားမှု၊ အဝတ်အစား၊ အသုံး အဆောင်၊ တစ်ကိုယ်ရည် သန့်ရှင်းရေး စသဖြင့် အမှုကိစ္စတွေ အားလုံးကို လုပ်ကိုင်ပေးခဲ့ပါတယ်။ ဒီ့အတွက်လည်း ကျွန်မဝမ်းသာရတယ်။ မိဘကိုပြန်လည် လုပ်ကျွေးကျွေးမွေးပြုစုရတဲ့ အတွက်ပေါ့။
ခု ဖေဖေဆုံးသွားပြီးတော့ ကျွန်မတို့မောင်နှမတွေ အရမ်းကိုပဲ ဝမ်း နည်းကြေကွဲခဲ့ရတဲ့ အကြောင်းအရာလေးတွေ ကိုယ်စီရှိကြပါ တယ်။ ဖေ့ဖေ့အသက် ၇၅ နှစ်ကျော်အထိ နှစ်ပေါင်း ၁၀ နှစ်ကျော်ပြစုပေးခဲ့ ရလို့ ကျွန်မလည်းနည်းနည်းငြိုငြင်စိတ် ဝင်လာခဲ့တာကို နောင်တအ ရဆုံးဖြစ်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့ ဖေဖေမဆုံးခင် လအနည်းငယ်အ လိုမှာ တခြားသောမောင်နှမတွေလည်း ဖေဖေ့ကို တစ်လှည့်ပြုစု စောင့်ရှောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အသက်ကြီးလာလို့လည်း အာရုံကြောတွေနဲ့ မှတ်ဥာဏ်တွေအား မကောင်းတာတို့၊ လမ်းသွား လာလှုပ်ရှားမှုတွေ၊ အတက်အဆင်းစတာတွေ ကောင်း ကောင်းမလုပ်နိုင်တော့လို့ ဘေးက တစ် ယောက်ယောက်ကလိုက်ပြီး ကူညီ ပေးနေရပါတယ်။ သူငယ်ပြန်လာတဲ့ အရိပ်အယောင်ကြောင့် ဖေဖေ့ ကိုကြည့် လိုက်ရင် အမြဲလိုလိုပြုံးပြနေ တတ်တယ်။ ရီနေတတ်ပါတယ်။
တခြားမောင်နှမတွေကတော့ ကျွန်မလိုမျိုး ဖေဖေ့ အပေါ်ကို စိတ်မ ရှည်နိုင်ပေး ကြပါဘူး။ တစ်အိမ်ကိုတစ်ပတ် နှုန်းတောင် ဖေဖေ့ကို မစောင့်ရှောက်နိုင်ကြ ပါဘူး။ ဖေဖေ့ရဲ့ဝေယာ ဝစ္စကိစ္စတွေလုပ်ရလို့ ငြူစူနေတာမျိုးတွေရှိနေပါတယ်။ ဒါကိုဖေဖေကိုယ်တိုင်လည်း သိပါ တယ်။ ဒီလိုနဲ့ပဲ အသက်ကြီးရောဂါနဲ့ ဖေဖေ ဆုံးပါးသွားရှာခဲ့ပါတယ်။ဖေဖေဆုံးတဲ့ကိစ္စနဲ့ မောင်နှမတွေပြန်ဆုံကြတော့ တစ်ယောက်တစ် မျိုးစီ ပြောကြတယ်။ ဖေဖေမရှိတော့ ဖေဖေ့ကိုပြန်လိုချင်တဲ့ အ ကြောင်းတွေ၊ ဖေဖေလုပ်ချင်တာလေးတွေ၊ ဖေဖေစားချင်တာလေး တွေ၊ ဖေဖေ့ဆန္ဒမဖြည့်ဆည်းနိုင်ခဲ့တာတွေ စသဖြင့်တစ်ယောက် တစ်ခွန်းစီနဲ့ ဝမ်းနည်းနောင်တဆိုကြတယ်။
ဖေဖေ စားချင်လို့ တောင်းစားတဲ့ အစားအသောက်အတွက် တကူးတက လုပ်ကျွေးရ မှာ၊ ဝယ်ကျွေးရမှာကို ကထိကထများလို့ မတည့်ဘူးဆိုပြီး မကျွေး မွေးခဲ့တာတွေ၊ ဖေဖေလမ်းဆင်းလျှောက်ချင်လို့ တွဲပေးရမှာပျင်း တာကို ရာသီဥတုမကောင်းတာတို့၊ လမ်းရှုပ်နေတာတို့၊ စသဖြင့် အကြောင်းပြပြီး ငြင်းပယ်ခဲ့ကြတယ်။ ဖေဖေသွားချင်တဲ့နေရာ၊ ဖေဖေသွားတွေ့ချင်တဲ့ သူငယ်ချင်းတွေဆီလိုက်ပို့ခိုင်းတာတွေဆိုရင် တစ်ယောက်တစ်မျိုး ဆီ နေ့ရွှေ့ညရွှေ့ ဟိုနေ့လိုက်ပို့မယ်၊ ဒီနေ့လိုက်ပို့မယ် စသဖြင့် ပြောခဲ့ကြ လို့ ဖေဖေ့မှာ မသွားခဲ့ရရှာပါဘူး။ ဒီလိုမျိုး ဖေဖေ့အတွက် စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်ခဲ့တာတွေ၊ ဖေဖေစားချင်တာလေးတွေ မကျွေးခဲ့ရ တာတွေ၊ ဖေဖေသွားချင်တဲ့ နေရာ လိုက်မပို့နိုင်ခဲ့ တာတွေအ တွက် ဖေဖေ ဆုံးပါးပြီးနောက်ပိုင်းကျ မှ ကျွန်မတို့မောင်နှမတွေ နောင် တကြီးရစွာ ဝမ်းနည်း ရပါတယ်။ ကျွန်မတို့ ဒီလို ဖေဖေ့အပေါ် ဆက်ဆံခဲ့တာ သားသမီးကျင့် ဝတ်မကျေပွန်ခဲ့ကြပါဘူး။
ကျွန်မတို့ ငယ်ငယ်ကတည်းကနေ ခုချိန် ကြီးပြင်းလာတဲ့အချိန်အထိ ဖေဖေ က ကျွေးမွေးပြုစုစောင့်ရှောက် ပေးခဲ့တယ်။ ကျွန်မတို့ ကျတော့ ဖေဖေ့ ကို ပြန်စောင့်ရှောက်ကြဖို့ ငြို ငြင်ကြတယ်။ တစ်ယောက်ကို တစ်ယောက် လွှဲချခဲ့ကြတယ်။ ကျွန်မ တို့ တစ်ယောက်တစ်မျိုးစီ စားချင်ခဲ့တဲ့အစား အသောက်တွေကြ တော့ ဖေဖေကလိုက်ဝယ်ကျွေးခဲ့တယ်။ ခု ဖေဖေစားချင် တာကြ တော့ ကျွန်မတို့ပြန်မကျွေးပေးနိုင်ခဲ့ဘူး။ ကျွန်မတို့ ကလေးဘဝ လမ်းမလျှောက်တတ်ခင် အချိန်တုန်းက ကျွန်မတို့ လမ်းလျှောက်တတ်ဖို့ ကို ဖေဖေကလမ်းလျှောက်သင် ပေးခဲ့တယ်။ ကူတွဲလျှောက်ပေးခဲ့တယ်။ ခု ဖေဖေလမ်းလျှောက်ဖို့ကြ တော့ ကူတွဲပေးမယ့် သားသမီး မရှိခဲ့ဘူး။ ကျွန်မတို့ကလေးဘဝ သွားချင်တဲ့နေရာတွေ၊ ကစားကွင်းတွေကို ဖေဖေလိုက် ပို့ပေးခဲ့တယ်။
ခုတော့ ဖေဖေသွားချင်တဲ့ နေရာတွေကို မေ့လျော့နေတာ တမျိုး၊ မသိချင်ယောင်ဆောင်နေတာ တမျိုးနဲ့မပို့ပေးခဲ့ကြဘူး။ ဒီ အကြောင်းတွေ အတွက် ကျွန်မတို့နောင်တကြီးစွာရခဲ့ကြတယ်။ ဘာနဲ့မှပြန်အစားထိုး မရတော့တဲ့ ဖေဖေ့ကိုလည်းဆုံးရှုံးခဲ့ရတာ အတွက် ဝမ်းနည်းကြေကွဲ ခဲ့ရတယ်။ ဖေဖေရှိစဉ်က ဖေဖေ့ကို စိတ် ချမ်းသာအောင် မထားနိုင်ခဲ့တဲ့ အကြောင်း၊ မပြုစုခဲ့ရတဲ့ အကြောင်း၊ ဖေဖေ့ဆန္ဒတွေ မဖြည့်ဆည်းပေးနိုင် ခဲ့တဲ့အကြောင်းတွေအတွက် ယနေ့အချိန်အထိ ယူကြုံးမကျဖြစ်မိနေ ပါသေးတယ်……….
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။