ဂျာမနီအခြေစိုက်ဆော့ဖ်ဝဲကုမ္ပဏီဖြစ်သည့် SAPသည် မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် E-Government လုပ် ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် နည်းပညာဆော့ဖ်ဝဲနှင့် လုပ်ငန်းစဉ်များကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ SAPနဲ့ ပူးပေါင်းပြီး အစိုးရသစ်မှာ E-Gove-rnment လုပ်ငန်းစဉ်တွေကို
လျင်လျင်မြန်မြန်နဲ့ အကောင်အထည် ဖော်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နည်းပညာ၊ ဆော့ဖ်ဝဲလုပ်ငန်းစဉ်အားလုံးကို ကူညီပေးမှာဖြစ်ပါတယ်’’ဟု SAP၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သော Vanguard မြန်မာမှ ဒါရိုက်တာ ဦးစိုင်းဆိုင်မိုင်ကပြောသည်။
SAP အနေဖြင့် E-Government လုပ်ငန်းအတွက် ကူညီပေးရာတွင် Vanguard မြန်မာအပါအ၀င် အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရက ပြည်သူများကို ကူညီပေးနေသည့် ၀န်ဆောင်မှုလုပ်ငန်းများနှင့် အခွန်ကောက်ခြင်း လုပ်ငန်းများအပါအ၀င် စီမံခန့်ခွဲမှုအားလုံးကို တစ်နေရာတည်းမှ ထိန်းချုပ်ဆောင်ရွက်နိုင်စေရန်အတွက် နည်းပညာအသုံးပြုကာ ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
‘‘SAPက နိုင်ငံတကာအစိုးရတွေမှာလည်း အသုံးများတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။

သူက တစ်နေရာတည်းကနေ စီမံခန့်ခွဲမှုအားလုံးကို လုပ်နိုင်တဲ့အတွက် အစိုးရရဲ့လုပ်ငန်းအားလုံးကို လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်’’ဟု ဦးစိုင်းဆိုင်မိုင်ကပြောကြားသည်။
SAPသည် ၎င်းတို့၏ ၀န်ဆောင်မှုများကို မြန်မာနိုင်ငံ၌ပြန် လည်ရောင်းချပေးနိုင်မည့် တရား ၀င်ကိုယ်စားလှယ်အဖြစ် Vang-uard မြန်မာနှင့် မတ်လ ၁၁ရက်က ပူးပေါင်းခဲ့ပြီး E-Government လုပ်ငန်းများ အတွက် ဆောင်ရွက်ရာတွင်လည်း အတူပူးပေါင်းကူညီပေးမည်ဖြစ်ကြောင်း

0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။