ကိုယ့်ရှေ့က ဖုန်းမျိုးစုံကနေဖုန်းနံပါတ်အစုံနဲ့ လာနေတဲ့ဖုန်းကော တွေ ထက်….. ကိုယ့်နာမည်နဲ့ ဖုန်းလာတယ်လို့ လာခေါ်ပေးတဲ့ ဖုန်းအိမ်က အဝင်ဖုန်းကောလေးကိုပဲ ပိုရင်ခုန်မိတယ်….
ဖုန်းမက်ဆေ့ခ်ျဘောက်စ်ထဲ Typing တွေရိုက်ပြီး ပို့လာတဲ့စာသား တွေ ထက်….. စာပို့သမားလေးလက်ထဲက ကိုယ့်နာမည်နဲ့ ပို့လာတဲ့ စာအိပ်ထဲက လက်ရေးစာလုံးတွေကိုပဲ ပိုနှစ်သက်မိတယ်…
ကင်မရာကောင်းကောင်းနဲ့ ရိုက်ထားပြီး ဖုန်းထဲကဖိုင်တစ်ခုထဲမှာ သိမ်းထားတဲ့ ဆယ်လ်ဖီပုံတွေ၊ ပို့စ်ပေးတဲ့ ဓာတ်ပုံတွေထက်….အ ပြင်မှာလူစု ဓာတ်ပုံဆိုင်တစ်ဆိုင်မှာ မီးထိုးရိုက်ပြီး ဓာတ်ပုံစက္ကူထုတ်ထားတဲ့ ဓာတ် ပုံလေးတွေကိုပဲ ပိုမြတ်နိုးမိတယ်…..
လူမှုကွန်ရက်တွေရဲ့ ချက်စ်ဘောက်ထဲကနေ လက်ချောင်းလေးတွေ လှုပ်ရှားပြီး ရင်းနှီးသူတွေ တစ်ယောက်အကြောင်းတစ်ယောက် မေးမြန်းနေ တာထက်….. အပြင်မှာချိန်းပြီးတွေ့ ဟီးဟီးဟားဟား ရိုက်ပုတ်ပြောဆို ရတာကိုပဲ ပိုပြီးပျော်ရတယ်….
မြို့လည်ခေါင်က မှန်အထပ်ထပ်ကာထားပြီး လုံခြုံရေးအပြည့်၊ စောင့်ကြည့် ကင်မရာတွေအောက် လူချမ်းသာတွေလို့ အမည် တပ်ခံရဖို့ထိုင်ရတဲ့ ကဖေးဆိုင်တွေထက်…. ရပ်ကွက်ထဲက ကားလမ်းဘေး မီးခိုးတအူအူ ထွက်နေတဲ့ အကြော်ဆိုင်လေးက ပိုပြီးလွတ်လပ်မှုရတယ်…..
အင်တာနက်ဒေတာတွေနဲ့ ဒေါင်းလုပ်ယူပြီးရလာတဲ့ ဇာတ်ကား တွေကြည့် ရတာ၊ စာအုပ်တွေဖတ်ရတာထက်…… ရပ်ကွက်ထဲက ခနော်နီခနော်နဲ့ အခွေဆိုင်သေးသေးလေးထဲက အခွေတွေ၊ စာအုပ် တွေငှားပြီး ကြည့်ရဖတ် ရတဲ့ အချိန်တွေက ပိုပြီးစိတ်ပျော်ရတယ်….
မိသားစုထမင်းဝိုင်း၊ မိတ်ဆွေသူငယ်ချင်းတွေ လက်ဖက်ရည်ဝိုင်း၊ ချစ်သူ ချင်း ကော်ဖီဝိုင်းမှာ လက်ထဲကဖုန်းတွေနဲ့ တဆင့်စကားပြောနေတာ ထက် အချင်းချင်းမျက်နှာချင်းဆိုင်၊ လက်တို့၊ ပခုံးဖက်ပြီး ပြောတဲ့ စကားတွေက ပိုတန် ဖိုးထားရတယ်.....
ဟုတ်ပါတယ်.... ဒီခေတ်ကြီးက ၂၁ ရာစု၊ အိုင်တီခေတ်၊ နည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးပါ။
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ကျွန်မတို့ရဲ့ လူနေထိုင်မှုစနစ်ကြီး ကို အကျိုးရှိကောင်းမွန်လာအောင် ပြုလုပ်ပေးတဲ့ အရာတွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုသလို......
ကျွန်မတို့တွေရဲ့ မိသားစုချင်း၊ ချစ်သူခင်သူချင်း၊ အပေါင်းအသင်းမိတ်ဆွေတွေ ကြားက ရင်းနှီးဆက်သွယ်မှုတွေ၊ ဂရုစိုက်ဖေးမမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ တခြားတန်ဖိုးထားအပ်တဲ့ လူနေထိုင်မှုပုံစံတွေကိုတော့ ဒီနည်းပညာဆိုတဲ့ အရာကြီးနဲ့ ဖျက်ဆီးပစ်လိုက်တာ မဖြစ်သင့်ဘူးလို့တော့ ထင်မိပါတယ်.....
(စာဖတ်ပရိတ်သက်ကြီးလည်း မိမိတို့ခံစားရနေတဲ့ နည်းပညာခေတ်ကြီးရဲ့ အသုံးချမှု လွဲမှားခြင်းနဲ့ ပတ်သက်ပြီးတော့ စိတ်ခံစားချက်တွေကို ကွန့်မန့် ဘောက်စ်မှာ ဝင်ရောက်မှတ်ချက်ပြုရေးသားနိုင်ပါတယ်။)
ရွှေဝတ်မှုန်(ရွှေအင်းလေး)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။