
တစ်ခါတစ်လေမှာ… နားကန်းနေသူတစ်ယောက်လို နေထိုင်တတ်ရ တယ်။ ကိုယ်ကြားထားတာတော့ ကြားတာပဲ။ ဒါပေမဲ့ မကြားချင် ယောင်ဆောင်လိုက်တာ ပိုကောင်းပါတယ်။ ကိုယ့်အတွက်အကျိုးမ ရှိတဲ့ စကားတွေကြားပြီးနောက် ကိုယ်ကကြားပြီး ပြန်လည်တုန့်ပြန် လိုက်ရင် ကိုယ့်အတွက် အကျိုးယုတ်တာတွေပဲ ရှိလာနိုင်ပါတယ်။ ဒီတော့ ကိုယ့်အတွက်လည်း ကောင်းကျိုးမရှိတစ်ပါးသူအတွက် လည်းအကျိုးမပေါ်တဲ့ ဒီအသံတွေပျောက်သွားတာနဲ့ တစ်ပြိုင်နက်တည်း မေ့ပစ်လိုက်တာ ပိုကောင်းပါတယ်။
တစ်ခါတစ်လေမှာ…. မျက်ကန်းနေသူတစ်ယောက်လို နေထိုင်တတ် ရတယ်။ ကိုယ်မြင်လည်း မမြင်သလို၊ သိလည်းမသိသလို နေတတ်ရ တယ်။ မျက်စိရှေ့မှာအမြင်မတော်တဲ့ မမြင်ချင်တဲ့အရာတွေကို လည်း မမြင်ချင်ယောင်ဆောင်ပြီး နေလိုက်တာပိုကောင်းပါတယ်။ ကိုယ်ကအမြင်မကောင်းပေမယ့် ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေဝင်မပါ တာပဲ ကောင်းပါတယ်။ တစ်ချို့ကိစ္စတွေက ကိုယ်ဝင်ပါမှ အခြေအ နေတွေပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ဒီတော့ မြင်လည်းမမြင်ချင် ယောင်ဆောင်နေလိုက်ပါ။
တစ်ခါတစ်လေမှာလည်း…. ဆွံ့အနေသူတစ်ယောက်လို နေထိုင် တတ်ရတယ်။ ပါးစပ်ပါလို့ ပြောလို့ရတယ်ဆိုပေမယ့် ပြောခွင့်မရတဲ့ အခြေအနေမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ကိုယ်ပြောချင်လည်း မပြောတတ်ယောင်ဆောင် နေလိုက်တာ ကိုယ့်အတွက် အန္တရာယ် ကင်းပါတယ်။ စကားအရှုပ်အရှင်းကိစ္စ ဖြေရှင်းရတာလည်း ရှင်းလင်းပါတယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။