
ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ့်အနားကနေ အလိုလိုထွက်ခွာ ပေး သွားတဲ့သူတွေ…..
လူ့ဘဝကြီးမှာ ဘယ်လိုနေထိုင်တတ်ရမလဲဆိုတဲ့ အကြောင်းတွေ သိသွား ရလို့။
တချို့သူတွေကို ကိုယ်ကကူညီပေးလိုက်လို့ ကိုယ့်အလှည့်ကျပြန် ကူညီပေး မှာပဲလို့ အထင်မှားနေတာကို သိလိုက်ရလို့။
တချို့က ကိုယ့်ရဲ့တန်ဖိုးထားပေးဆပ်ခြင်းနဲ့ မတန်ဘူးဆိုတာ သိလိုက်ရလို့။
တချို့က ကိုယ့်ဘက်အကောင်းဆုံးလုပ်ပေးနေချိန် ကိုယ့်ကိုကောင်း ကောင်း ဆက်ဆံပေးနေပေမယ့်… ကိုယ့်ဘက်က အမှားတွေ၊ အကောင်းဆုံးတွေ မလုပ်ပေးနိုင်တော့ ကိုယ့်ကိုလက်ညှိုးထိုးပြီး ပြစ်တင်ကြတော့တာပါပဲ…..
ကိုယ်အဆင်ပြေနေတဲ့အချိန်၊ အောင်မြင်နေတဲ့အချိန် ကိုယ့်ကိုဝန်း ရံလက်ခုပ် တီး ပေးနေသူတွေက ကိုယ့်အတွက်ထာဝရရှိ နေပေးမယ့်သူတွေလို့ထင် ထားတဲ့ သူတွေက ကိုယ်လည်းကျဆုံးချိန် ရောက်ရော….. ကိုယ်လဲကျ တာကို လက်ညှိုးထိုးပြီးလှောင်ပြောင် တတ်ကြသလို။ ကိုယ့်အနားကနေလည်း အလိုလိုစွန့်ခွာသွားတတ် ကြပါလားဆိုတာ သိလိုက်ရတယ်……..
ဒီလူတွေကို… မနာကျည်းပါဘူး။ မမုန်းတီးပါဘူး။ ပြန်ပြီးလက်စား ချေ တုန့်ပြန်ဖို့လည်း မရှိပါဘူး။ ဒီလူတွေကို ခွင့်လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ နောက်တစ်ခါတော့ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်တော့ အောင် ကိုယ့်ကို ကိုယ် အမြဲသတိပေးနေမိတယ်။
သူတို့တွေကြောင့်ပဲ ….လူ့ဘဝကြီးရဲ့ရင်ဆိုင်ရမယ့် လောကဓံဆိုတာ ဒါပါလား သိသွားလို့။
သူတို့တွေကြောင့် အခက်အခဲဆိုတာမျိုးနဲ့ ရင်ဆိုင်ရဲတတ်လာတယ်။
သူတို့တွေကြောင့် ကိုယ့်ကိုကိုယ် အားကိုးတတ်လာတယ်။
သူတို့တွေကြောင့် ဘဝအောင်မြင်မှုလမ်းကြောင်းကို ကိုယ်ကိုတိုင် ဖောက် ရမယ်ဆိုတဲ့ လမ်းစတွေမြင်လာတယ်။
သူတို့တွေကြောင့် ခွင့်လွှတ်ပေးခြင်းက ကိုယ့်ကိုကိုယ်ငြိမ်းချမ်းခြင်း ကိုသိလာရ တယ်။
သူတို့တွေကြောင့် ကိုယ့်အတွက် တန်ဖိုးအထားရဆုံးသူတွေကို သိလာရ တယ်။
သူတို့တွေကြောင့် လူတချို့က စိတ်ရင်းအမှန်နဲ့ပေါင်းသင်းဆက်ဆံ ပေးစရာ မလိုပဲ အပေါ်ယံစိတ်လောက်ပဲရှိပေးရမယ်ဆိုတာ သိလာရတယ်။
သူတို့တွေကြောင့် ငွေ၊ ဂုဏ်ပကာသန၊ ရာထူးအာဏာတွေရဲ့ ပျက်စီးခြင်းတွေ ကိုသိလာရတယ်။
သူတို့တွေကြောင့် တကယ့်ချစ်ခြင်း၊ မေတ္တာ၊ စေတနာ၊ ကူညီဖေး မ ခြင်း၊ စောင့်ရှောက်ကြင်နာခြင်း၊ စာနာနားလည်းခြင်း စတဲ့အရာတွေရဲ့ တန်ဖိုးကို သိလာရပါတယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။