Wednesday, May 25, 2016
11:18 AM
Unknown
Life Style
No comments
အရင်ဆုံး တောင်းပန်တဲ့သူက စိတ်ဓာတ်ရဲရင့်ဆုံးသူပါ။
အရင်ဆုံး ခွင့်လွှတ်တဲ့သူက စိတ်ဓာတ်အခိုင်မာဆုံးသူပါ။
အရင်ဆုံး မေ့ပစ်တဲ့သူက စိတ်အချမ်းသာဆုံးသူပါ။
ကိုယ်က တစ်စုံတစ်ယောက်အပေါ် ကျူးလွန်ထားမိတဲ့ အမှားကို ဝန်ခံရဲတဲ့သူက တကယ့်ကိုသတ္တိရှိပြီး ရဲရင့်တဲ့သူတစ်ယောက်ပါပဲ။ တစ်ဖက်သားက ကိုယ့်အပေါ်ဘယ်လိုမျိုးဆိုးဆိုးရွားရွားတုန့်ပြန် လာလိမ့်မယ်ဆိုတာတောင် မကြောက်မလန့်ပဲ ကိုယ့်အပြစ်ကိုယ်သိ ပြီး ကိုယ့်တာဝန် ကိုယ်ယူရဲတယ်ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုပါပဲ။ ကိုယ်က တစ်ပါးသူအပေါ် ကျူးလွန်မိခဲ့တဲ့အပြစ်အတွက်ဝန်ခံတောင်းပန်ရဲတဲ့ သတ္တိက တကယ့်ကိုအင်အားကြီးမားလွန်းပါ တယ်။ ဒါ့ကြောင့် သူသာလျှင် စိတ်ဓာတ်ရဲရင့်ဆုံးသူဖြစ်ပါတယ်။
ကိုယ့်အပေါ် တစ်စုံတစ်ဦးက အပြစ်လုပ်ထားတဲ့တာကို ခွင့်လွှတ်ပေး နိုင်တဲ့သူကတော့ စိတ်ဓာတ်အခိုင်မာဆုံးသူပါပဲ။ ကိုယ့်အပေါ်အပြစ် လုပ်ထားတဲ့သူကလာပြီးတော့ တောင်းပန်သည်ဖြစ်စေ၊ မတောင်း ပန်ပဲဖြစ်စေ ထိုသူအပေါ် ခွင့်လွှတ်ပေးပြီး ပြန်မတုန့်ပြန်တော့တဲ့ သူရဲ့စိတ်ထားက တကယ်ကို အင်အားကြီးမားလွန်းပါတယ်။ ကိုယ် အပေါ် မကောင်းတာလုပ်တဲ့သူကို အပြစ်မမြင်တဲ့အပြင် ခွင့်လွှတ် နိုင်တယ်ဆိုတဲ့ စိတ်ထားက တကယ့်ကိုလူကြီးဆန်ပြီး စိတ်ဓာတ် မြင့်မြတ်ခိုင်မာလွန်းပါတယ်။
ကိုယ့်အသိဥာဏ်ထဲက ဖြစ်ပျက်ပြီးခဲ့တဲ့ မကောင်းတဲ့အရာအဖြစ် အပျက်တွေကို အရင်ဆုံးမေ့ပစ်ထားတဲ့သူကတော့ စိတ်အချမ်းသာ ဆုံးသူပါပဲ။ မကောင်းတဲ့ကိစ္စတွေကို ထပ်တလဲလဲတွေးပြီး စိတ်ဆင်းရဲ နေမယ့်အ စား မေ့ပစ်ပြီး အကောင်းဆုံးပြန်လည် လုပ်ဆောင်ဖို့ ကြိုးစားရမယ်ဆိုတဲ့ စိတ်ကိုမွေးမြူသင့်ပါတယ်။ ဒီလိုဆိုရင် စိတ်ချမ်းသာ အေးချမ်းသွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ မေ့သင့်တာကို မေ့ပစ်ပြီး စိတ်အချမ်းသာဆုံးလူသားဖြစ် လာအောင် နေထိုင်တတ်ရပါမယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။