Wednesday, May 25, 2016


ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းနေဖို့ပဲလို ပါတယ်။

ဘယ်သူတရားပျက်ပျက် မပျက်ပျက် ကိုယ်တရားမပျက်ဖို့ပဲ လိုပါတယ်။
သူမကောင်းနိုင်တာ သူ့အကြောင်း၊ ကိုယ်ကောင်းနိုင်တာ ကိုယ့်အ ကြောင်း။
သူမကောင်းလို့ ကိုယ်ပါလိုက် မကောင်းစရာမလိုဘူး။ သူကောင်းပေးလို့ ကိုယ်ပြန်ကောင်းနိုင်ဖို့ပဲ လိုပါတယ်။

မကောင်းတဲ့သူက သူ မကောင်းတဲ့အတိုင်း သွားပါလိမ့်မယ်။
ကောင်းတဲ့သူက သူကောင်းတဲ့အတိုင်းပဲ သွားပါလိမ့်မယ်။

မကောင်းတာတွေလုပ်ရင် မကောင်းတာတွေဖြစ်လာမယ်။ 
ကောင်းနေတဲ့ ကံအခံလေး ရှိနေသေးလို့ ဟန်ကျကျနေနိုင်သေးပေမယ့် ကိုယ့်ကောင်းတဲ့ ကံ တွေကုန်ဆုံးသွားခဲ့ရင်တော့ ကိုယ့်မကောင်းခဲ့တာတွေ ကိုယ့်ဆီဖြည်းဖြည်း ချင်းရောက်လာပါလိမ့်မယ်။

ကောင်းတာတွေလုပ်ရင် ကောင်းတာတွေဖြစ်လာမယ်။ 
ကံအကျိုးပေး မပေါ်သေးလို့ပဲ ဟန်ကျကျမနေနိုင်သေးတာပဲ ရှိပါမယ်။ 
ကိုယ့်ရဲ့ကောင်း ကျိုးတွေ ပြန်ပေါ်မယ့်အချိန်ကျ မလိုချင်လည်း ရောက်လာပါလိမ့်မယ်။ 
အဲ့ဒီ အခါက ကိုယ့်ကောင်းကျိုးလေးတွေ ပြန်ပေးလို့ ဟန်ကျပန်ကျ ဖြစ်လာမှာပါ။

ပြုသူအသစ်၊ ဖြစ်သူအဟောင်းပါ.....

တူသောအကျိုးဆိုတာ ပေးပါတယ်....

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook