" ယောင်္ကျားရေ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ"
ယောင်္ကျားဖြစ်သူက ပြုံးပြီး သူမကို ကြင်နာယုယစွာ နမ်းတယ် ။
" မိန်းမ မင်းပြောတာမှားတယ် "
" မင်းနဲ့ငါနဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်ကြတယ်...
အတူတူပေါင်းသင်းနေထိုင်တယ်... ကိုယ်ဝန်ရတယ်..
ဒီတော့ ခုရနေတဲ့ ကိုယ်ဝန်က မင်းတစ်ဝက် ၊
ငါတစ်ဝက်ပိုင်တယ်...အဲ့တော့ ကျွန်မမှာကိုယ်ဝန်ရှိတယ်ဆိုတဲ့
အသုံးအနှုန်းက ငါတာဝန်မဲ့သလိုခံစားရတယ်....
မင်းနဲ့ငါ နှစ်ဦးပေါင်းဖက်လို့ရလာတဲ့ကိုယ်ဝန်ဖြစ်တဲ့အတွက်
မင်းပြောရမှာက ယောင်္ကျား ရှင်နဲ့ကျွန်မတို့မှာ ကိုယ်ဝန်ရှိနေပြီ လို့ပြော..
ငါ့ရင်သွေးလေးအတွက် ငါဟာအဖေကောင်းတစ်ယောက်
ဖြစ်ချင်တယ်.... :) "
အိမ်ထောင်ကျပြီးဖြစ်တဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ဘဝတစ်ခုလုံးကို
ချစ်ရတဲ့ အမျိုးသားတွေဆီမှာ အားလုံးပုံအပ်ထားရပါတယ် ။ သူတို့တွေရဲ့
ရင်ထဲကခံစားချက်တွေကို အမူအရာအားဖြင့်သေချာ ထုတ်ပြလေ့မရှိပေမယ့်
အချို့သော အပြောအဆိုလေးတွေက စိုးရိမ်မှုနဲ့
ဝမ်းနည်းမှုတွေ ထင်ဟပ်တာမျိုး ရှိတတ်ကြတယ် ။
ဒါကြောင့် ကိုယ်ချစ်လို့ တာဝန်ယူရထားရတဲ့ အမျိုးသမီးအပေါ် တာဝန်ကျေယုံ မဟုတ်ပဲ စကားလုံးတိုင်းမှာလည်း ကြင်နာယုယမှု နွေးထွေးမှု ၊ လုံခြုံမှု ၊
တာဝန်ယူရဲမှု အပြည့်အဝ ပေးနိုင်တဲ့ ယောင်္ကျားကောင်းတစ်ယောက်
ဖြစ်ဖို့ အကြံပြုဝေမျှလိုက်ရပါတယ် ။
ခွန်နေ(ရွှေအင်းလေး)
#KN
တာဝန်ယူရဲမှု အပြည့်အဝ ပေးနိုင်တဲ့ ယောင်္ကျားကောင်းတစ်ယောက်
ဖြစ်ဖို့ အကြံပြုဝေမျှလိုက်ရပါတယ် ။
ခွန်နေ(ရွှေအင်းလေး)
#KN
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။