Wednesday, May 25, 2016
11:00 AM
Unknown
ပညာပေးစာတို
No comments
လူတချို့ ကိုယ်တိုင်မစွမ်းဆောင်နိုင်တဲ့အခါ
ကိုယ့်ထက်သာတဲ့လူကို ကြည့်မရတာမျိုးရှိတတ်တယ် ။
ဘယ်သူ ဘာလုပ်လုပ် ဘေးထိုင်ဘုပြောပြီး
ကိုယ်ကိုတိုင် နောက်မှာ ကျန်နေခဲ့တယ်ဆိုတာ
ကိုယ်တိုင် မေ့နေတတ်ကြတယ် ။
တကယ်တမ်း မကောင်းပြောခံရတဲ့လူ
ဝေဖန်ခံရတဲ့လူက တစ်နေ့ပြီးတစ်နေ့
ကိုယ်ထက် ခြေလှမ်းပေါင်းများစွာ ကျော်တက်သွားတယ် ။
ဝေဖန်ခံရတဲ့လူက မကောင်းတာရော ၊ ကောင်းတာရော
အပြောခံရတဲ့အတွက်
အမှားထဲက အမှန်ကိုရှာပြီး ဝေဖန်နေသူတွေထက်
ပိုပိုပြီး ခြေလှမ်းသာ သွားရခြင်း ဖြစ်တယ် ။
ဒါကြောင့် သင်မကောင်းပြောတဲ့လူက
သင့်ကို ဘယ်တော့မှ စိတ်ဆိုးမှာမဟုတ်သလို
သင်လုပ်ရပ်တိုင်းကိုကြည့်ပြီး ဝေဖန်နေမှာမဟုတ်ပါဘူး ။
ဘာလို့လည်းဆိုတော့ သူရှေ့ဆက်သွားဖို့အတွက်
သူ့အချိန်တွေ အကုန်မခံနိုင်လို့ပဲဖြစ်တယ် ။
ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။