Wednesday, May 25, 2016



ယောင်္ကျားတွေ မကောင်းဘူး
မိန်းမတွေ မကောင်းဘူးလို့
ပြောကြတဲ့ လူတွေတော်တော်များများက
သူတို့ဘဝမှာ လက်တွဲဖော်ကို
ရွေးချယ်မှု အမှားကြီးမှားခဲ့ဖူးကြတဲ့သူတွေ
ဖြစ်တယ် ။ အဓိကအချက်ကတော့
ကိုယ်ရဲ့ ကံအကြောင်းမလှခဲ့လို့ လူကဲခတ်ညံ့
ခဲ့တာရယ် ၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အယုံလွယ်ခဲ့တာရယ် ၊
ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်ခဲ့တာရယ်တွေကြောင့်
ချစ်ကံဆိုးခဲ့ကြသူတွေဖြစ်တယ် ။ ဒါတွေကို
ဂရုစိုက်နိုင်သွားရင် မကောင်းမြင်တတ်တဲ့
အမြင်တွေ ကျဉ်းသွားပါလိမ့်မယ် ။
ကောင်းတာမကောင်းတာကို
ယောင်္ကျားတိုင်း ၊ မိန်းမတိုင်းဆိုပြီး
ရောချလို့မရပါဘူး ။ ကောင်းတာရော
မကောင်းတာရော သူ့ဟာနဲ့သူရှိနေပါတယ် ။
တကယ်တမ်း မကောင်းဘူးလို့ ဆိုနေကြ ပေမယ့်
အတိတ်မှာ အရမ်းချစ်ခဲ့ရတဲ့ လူတစ်ယောက်တော့
ရှိခဲ့ဖူးမှာပဲ ။

ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook