Wednesday, May 25, 2016



ကလေးဘဝအရွယ် ကျောင်းတက်ရမှာ သေမလောက်
ပျင်းခဲ့ကြဖူးတယ် ။ နွေကျောင်းပိတ်ရက်ကို မြန်မြန်ရောက်ချင်လို့
စောင့်ခဲ့ရတဲ့ အချိန်တွေကြာတယ်လို့ခံစားခဲ့ကြဖူးတယ် ။
လမ်းသလားနေတဲ့ ဆယ်ကျော်သက်အရွယ်တွေကိုမြင်တိုင်း
သူတို့အရွယ်အမြန်ရောက်ချင်လို့ အချိန်တွေအမြန်ကုန်စေချင်ခဲ့ကြတယ် ။
လူပြည့်နေတဲ့ ဂိမ်းဆိုင်မှာ ကိုယ့်အလှည့်ရောက်ဖို့
စောင့်ခဲ့ရတဲ့အချိန်တွေ ကြာခဲ့ကြတယ် ။
ခုတော့ အားလုံးဆန့်ကျင်ဘက်တွေဖြစ်လို့ မစောင့်ပဲ ရောက်ခဲ့တဲ့
ရက်တွေနဲ့ မလိုချင်ပဲရခဲ့တဲ့အရာတွေ ။
ကိုယ့်ဘဝရပ်တည်မှု ပိုပြီး ခိုင်ခံ့လာအောင်
ကြိုစားတည်ဆောက်ရင်း အသက်တွေ တဖြေးဖြေးကြီးလာတယ် ။
ပတ်ဝန်းကျင်သစ်မှာ အားလုံးတစ်ကွဲတစ်ပြားစီဖြစ်လို့ ခင်မင်ရတဲ့ 
သူငယ်ချင်းတွေ အတွက်ရော မိသားစုတွေအတွက်ပါ တစ်ယောက်နဲ့တစ်ယောက် အချိန်တွေပေးဖို့တွန့်တိုလာကြတယ် ။
ငယ်ငယ်က တစ်ခုခုဆို ကြာခဲ့တဲ့အချိန်တွေ ခုတော့ ရက် ၊ လ ၊ နှစ်တွေ
တော်တော်မြန်လာမှန်းသိလာတယ် ။
လူကြီးတွေပြောတဲ့ " အချိန်သည် လူကိုမစောင့် "
ဆိုတဲ့စကား သိပ်မှန်တယ် ။
ခုချိန်သင်လည်း ဒီလိုခံစားနေရပြီဆိုရင် သေချာတယ်
ခင်ဗျားလည်း အသက်တွေမငယ်တော့ဘူး ။

ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.om

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook