Wednesday, May 25, 2016
11:22 AM
Unknown
ရသ
No comments
သူငယ်ချင်း နှစ်ယောက် ရှေ့တန်းထွက်တဲ့ စစ်မျက်နှာပြင်မှာ
တိုက်ပွဲအပြင်းအထန်ဖြစ်လို့ သူငယ်ချင်းတစ်ယောက် ထိမှန်သွားတယ် ။
တိုက်ပွဲအခြေအနေမကောင်းတာကြောင့် အရာရှိဖြစ်သူက
စစ်မြေပြင်က စွန့်ခွာဖို့ အမိန့်ပေးတယ် ။ ကျည်ဆန်ထိမှန်လို့
လှုပ်ရှားမှုမရှိတော့တဲ့ သူငယ်ချင်းကို ကျန်ရစ်တဲ့သူငယ်ချင်းက
အတူတွဲခေါ်လာတယ် ။ ခေါင်းဆောင်ဖြစ်သူက ဒါကိုမြင်ပြီး
" မင်းသူငယ်ချင်းကို ထားခဲ့လိုက်တော့ သုံးလို့မရတော့ဘူး "
ဒါပေမယ့် သူငယ်ချင်းဖြစ်သူက ဇွဲမလျော့ပဲ သူနဲ့အတူ
တွဲခေါ်လာခဲ့တယ် ။ သေနေတဲ့အလောင်းကို တွဲခေါ်လာတဲ့
လက်အောက်ငယ်သားကိုကြည့်ပြီး အရာရှိဖြစ်သူက ထပ်ဆိုပြန်တယ်
" ငါမင်းကိုပြောမယ် ၊ မင်းသူငယ်ချင်းသေပြီ ၊ တန်ဖိုးမရှိတဲ့ အရာတွေမလုပ်နဲ့ ၊ ထားခဲ့လိုက်တော့ "
" ဆရာ ကျွန်တော်သယ်လာပါရစေ ၊ ကျွန်တော်တို့လည်း တစ်နေ့သူ့လိုဖြစ်လာမှာပဲ "
သင်ခန်းစာ -
သင် အသက်ရှင် အောင်မြင်နေစဉ်အချိန်မှာ
သင့်ဘေးမှာ အပေါင်းအသင်းမိတ်ဆွေတွေ များနေလိမ့်မယ် ။
အကယ်လို့ သင်ကျရှုံးတဲ့ တစ်နေ့ရောက်ရင်တော့
သင့် မိတ်ဆွေအစစ်က ဘယ်သူဆိုတာ သဲသဲကွဲကွဲသိခွင့်ရလိမ့်မယ် ။
ခွန်နေ(ရွှေအင်းလေး)
#KN
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။