၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ဈေးအကြီးဆုံး အိမ်တွေရဲ့စာရင်းကို နိုင်ငံတကာ အိမ်ခြံမြေဈေးကွက် လေ့လာစောင့်ကြည့်သူတွေအဖွဲ့ အစည်းက စာရင်းထုတ်ပြန်လိုက်ပါတယ်။ ဒေါ်လာသန်းနဲ့ ဘီလျံနဲ့ ချီပြီးတန်ကြေးရှိတဲ့ နေအိမ်တွေက ကမ္ဘာ့အိမ်ခြံမြေဈေးကွက်ရဲ့ နှစ်စဉ်ထိပ်ဆုံးစာရင်းမှာ ပါဝင်ပြီးတော့ အိမ်ခြံမြေတွေရဲ့ဈေးနှုန်း တွေက ဝယ်လက်အသစ်၊ ပိုင်ရှင်အသစ်ထပ်မံ ပေါ်ပေါက်လာဖို့ မ လွယ်ကူတဲ့ ဈေးနှုန်းတွေပဲ ဖြစ်နေပါတယ်။ တစ်နှစ်ထပ်တစ်နှစ် ဈေးနှုန်းကျဖို့မဖြစ်နိုင်သော်လည်းပဲ ဈေးနှုန်းမြင့်တက်လာဖို့ကတော့ နိုင်ငံတွေရဲ့ အမြဲလိုလို ပြောင်းလဲနေတဲ့ အိမ်ခြံမြေဈေးကွက်က တွန်း အားပေးနေသလို ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အိမ်ခြံမြေ ဈေးကွက်ထဲက ယခုနှစ် ၂၀၁၆ ခုနှစ် ရဲ့ ဈေးအကြီးဆုံး အိမ် ၃ လုံးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘက်ကင်မ်ဟန် နန်းတော်- ဒေါ်လာ ၁ ဒသမ ၅၆ ဘီလျံ
အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်လိုပဲ နိုင်ငံရဲ့အုပ်ချုပ်မှု စီမံ ခန့်ခွဲမှုလုပ်ငန်းတွေကို လုပ်ကိုင်နေသော်လည်းပဲ ကမ္ဘာ့သြဇာအ ကြီးမားဆုံးသော မိသားစုဝင်တွေရဲ့ နေထိုင်ရာ အိမ်တော်လည်း ဖြစ်ပါတယ်။ လန်ဒန်မြို့တော်မှာတည်ရှိပြီးတော့ နန်းတော်အိမ်ရဲ့ ကာလပေါက်ဈေးက ဒေါ်လာ ၁ ဒသမ ၅၆ ဘီလျံတန်ကြေးရှိပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး လူနေအိမ်တစ်လုံးဖြစ်ပြီးတော့ ဗြိတိန် ဘုရင်နဲ့ မိဖုရားတော်ဝင်မိသားစုတို့က လက်ရှိမှာပိုင်ဆိုင်ထားပါ တယ်။ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရမယ့် အဖိုးတန်အဆောက်အဦး စာရင်းထဲမှာပါဝင်ပြီးတော့ ရာစုနဲ့ချီပြီးတော့ နှစ်ပေါင်းအတော်ကြာ ဘုရင့်လက်ဆင့်ကမ်း ပိုင်ဆိုင်ထိန်းသိမ်းလာတဲ့ အဖိုးတန်သ မိုင်းအမွေအနှစ်လည်း ဖြစ်ပါတယ်။ နန်းတော်တစ်ခုလုံးရဲ့ အကျယ် အဝန်းအားဖြင့် ၁၀၈ မီတာ အလျား ၊ ၁၂၀ မီတာအနံ၊ ၂၄ မီတာအ မြင့် ပတ်လည်ရှိပါတယ်။ နန်းတော်တစ်ခုလုံး ထဲမှာရှိတဲ့ အခန်း ပေါင်း ၇၇၅ ခန်းရှိပြီး ခန်းမကျယ်ပေါင်း ၁၉ ခန်း၊ တော်ဝင်မိသားစု ဝင်တွေ အိပ်ခန်းပေါင်း ၅၂ ခန်း၊ အမှုထမ်း အိပ်ခန်းပေါင်း ၁၈၈ ခန်း၊ ရုံးခန်း ပေါင်း ၉၂ ခန်း၊ ရေချိုးခန်းပေါင်း ၇၈ ခန်း တို့ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါတယ်။ ဒါ့အပြင် နန်းတော်မှာ ကိုယ်ပိုင်စာ တိုက်၊ ရုပ်ရှင်ရုံ၊ ရေကူးကန်၊ ခွဲစိပ်ခန်းနဲ့ ကျောက်မျက်ရတနာပြခန်း အရောင်းဆိုင်တွေလည်း ထည့်သွင်းပါဝင်ထားပါတယ်။ နန်းတော် တစ်ခုလုံးရဲ့ အပြင်အဆင်ဒီဇိုင်းတွေ၊ ရှေးဟောင်းအမွေအနှစ် ဗိသု ကာ လက်ရာတွေနဲ့ သမိုင်းဝင်ထိန်းသိမ်းရမယ့် အဖိုးတန်ပစ္စည်းလ လက်ရာတွေ ရှိနေတာကြောင့် ဒီနန်းတော်ထဲကို ကမ္ဘာအရပ်ရပ်က လာရောက်လေ့လာတဲ့သူတွေနဲ့ နှစ်စဉ်ဧည့်သည်ပေါင်း ၅၀၀၀၀ ကျော်ကိုလည်း ဝင်ရောက်လေ့လာခွင့်ပြုထားတယ်လို့ သိရပါတယ်။


၂။ အန်တီလာ အထပ်မြင့်ဇိမ်ခံအိမ်ရာ- ဒေါ်လာ ၁ ဘီလျံ
ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ရဲ့ဒုတိယဈေးအများဆုံးအဖြစ် သတ်မှတ် ခြင်းခံထားရတဲ့ လူနေအထပ်မြင့် အိမ်တစ်လုံးဖြစ်ပါတယ်။ ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိပြီး အိန္ဒိယရဲ့ ကြေးရတက်တွေအများအပြားစု ပေါင်းနေထိုင်တဲ့ မွန်ဘိုင်းမြို့တော်မှာ တည်ရှိပါတယ်။ အိန္ဒိယရဲ့ သန်းကြွယ်သူဌေး မူခက်စ်အန်ဘာနီ ဆိုသူက ပိုင်ဆိုင်ပြီး အထပ် မြင့်ပေါင်း ၂၇ ထပ်နဲ့ တည်ဆောက်ထားတဲ့ ဇိမ်ခံအိမ်ရာတစ်လုံး လည်း ဖြစ်ပါတယ်။ လက်ရှိမှာ မိသားစုတစ်စုစာတည်း နေထိုင် နေတဲ့ ဒီ အိမ်ရာအတွက် ဝန်ထမ်းပေါင်း ၆၀၀ ကျော်က နေ့စဉ်လုပ် ငန်းဆောင်တာတွေကို လုပ်ကိုင်နေပါတယ်။ အထပ်မြင့်ပေါင်း ၂၇ ထပ်ပါဝင်တဲ့ ဒီအိမ်က အကျယ် ၄,၅၃၂ စတုရန်းမီတာကျယ်ဝန်းပြီး အထပ်မြင့်ရဲ့ ပေပေါင်း ၅၇၀ ပေကို ဖန်ချပ်တွေချည်းနဲ့ပဲ ကာရံ တည်ဆောက်ပေးထားပါတယ်။ အထပ်တိုင်းစီမှာ အဆင့်မြင့်တဲ့ အတွင်းပိုင်းအပြင်အဆင်နဲ့ ဇိမ်ခံပစ္စည်းအသုံးအဆောင်ပေါင်းများစွာ ထည့်သွင်းပေးထားပါတယ်။ အိပ်ခန်းပေါင်းများစွာနဲ့ လူနေအခန်း ပေါင်းများစွာအပြင် လူအယောက် ၅၀ ဆံ့ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ ရေကူး ကန်များ၊ အထပ်နှစ်ထပ်ပါ ကျန်းမာရေးစင်တာ၊ ကပွဲခန်းမများ၊ နား နေခန်းမများ၊ ကားအစီးရေ ၁၆၈ စီးထားသိုထားတဲ့ မြေအောက် ကားပါကင်ကျယ်၊ အိမ်နဲ့ ကားများအတွက် ကိုယ်ပိုင်ပြုပြင်ရေးခန်း မတို့ စသဖြင့် ထည့်သွင်းတည်ဆောက်ထားပါတယ်။


၃။ ဗီလာ လီယိုပိုလ်ဒါ - ဒေါ်လာ ၇၃၆ သန်း
ဥရောပမှာ ဈေးအကြီးဆုံး ဗီလာတစ်ခုဖြစ်ပါတယ်။ အကျယ်အဝန်း ဧကပေါင်း ၂၀ ရှိပြီး ဘရွတ်ကလင်းနက်ဝက်ပိုင်ရှင် မက်ဟေးလ်ပရို ဟိုက်ရိုဗ်က ပိုင်ဆိုင်ထားပါတယ်။ ပြင်သစ်၊ ကုဒ်ဒီအက်ဇူးရားမှာ တည်ရှိပြီးတော့ တန်ကြေးဒေါ်လာ ၇၃၆ သန်းရှိပါတယ်။ ပေပေါင်း ၅၀ ဧက ကျယ်ဝန်း တဲ့ အဆောက်အအုံတစ်ခုလုံးရဲ့ ဘေးပတ် လည်ဝန်းကျင်မှာ အုပ် ဆိုင်းနေတဲ့ သစ်တောပတ်ဝန်းကျင်နဲ့ ဥယျာဉ်ခြံတွေ တည်ရှိနေတာ ကြောင့် အပြင်လောကနဲ့ ဝေးကွာစေပြီး ကိုယ်ပိုင်သီးသန့်ကမ္ဘာတစ် ခုလို သီးခြားတည်နေတယ်လို့ ထင်ရပါ တယ်။ များပြားလွန်းတဲ့ သစ်တောအုပ်အုပ် သစ်ပင်ဆိုင်းဆိုင်းတွေ ကို ထိန်းသိမ်းစောင့်ရှောက်ရေးတွေ ပြုလုပ်ဖို့ ဥယျာဉ်မှူး အယောက် ၅၀ ကို ခန့်အပ်ထားပါတယ်။ တောအုပ်ထဲမှာ သီးခြား ထွက်နေတဲ့ ဗီလာ အဆောက်အအုံ က ၂၉,၀၀၀ စတုရန်းပေကျယ် ဝန်းပြီး အတွင်းမှာ အိပ်ခန်းပေါင်း ၁၁ ခန်း၊ လူနေအခန်းပေါင်းများ စွာ၊ အဆင့်မြင့်ဇိမ်ခံအခန်းပေါင်းများစွာနဲ့ ကိုယ်ပိုင်သီးသန့်ခန်းတွေ ဖြစ်တဲ့ ရေကူးကန်၊ ရေချိုးဇိမ်ခံကန်၊ မီးဖိုချောင်ကျယ်၊ ဧည့်ခန်း ကျယ်၊ အစရှိသဖြင့် လူနေဇိမ်ခံအခန်းပေါင်းများစွာတို့က အပြင်အ ထူးခြားဆုံးကတော့ ဥယျာဉ်မှူးတွေများစွာနဲ့ ဂရုတစိုက်မွမ်းမံပြင် ဆင် စိုက်ပျိုးပေးထားတဲ့ ဥယျာဉ်ခြံဝန်းတွေပဲ ဖြစ်ပါတယ်။
Ref:alux
Shwe innlay
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။