Tuesday, July 26, 2016






ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ မြန်မာတွေအနေနဲ့ မြန်မာကို ငွေလွှဲဖို့အဆင်ပြေရန်အတွက် True Money က စတင်ဝန်ဆောင်မှုပေးနေပြီလို့သိရပါတယ်။ အဆိုပါဝန်ဆောင်မှုကို လာမယ့် ၂၀၁၆၊ သြဂုတ်လမှာ စတင်သွားမယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံကနေလွှဲလိုက်တဲ့ငွေကို ပြည်တွင်း True Money ကိုယ်စလှယ် တွေမှာ သွားရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ True Money ကိုယ်စလှယ်များကို မြန်မာပြည်အနှံ့ ထားရှိပေးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရပ်ကွက်အတွင်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်များ၊ Mi Thar Su Mart ဆိုင်ခွဲအားလုံး၊ ရပ်ကွက်တွင်းရှိ ကုန်စုံဆိုင်များနှင့်ဈေးဆိုင်ငယ်တွေမှာ ထားရှိပေးထားကြောင်းသိရပါတယ်။ ငွေလွှဲကခကိုတော့ ငွေပမာဏပေါ်မူတည်ပြီး ကောင်ခံပေးသွားမှာဖြစ်ပါတယ်။ True Money Myanmar ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိုထွန်းထွန်းလင်းက “ ထိုင်းနိုင်ငံရောက်မြန်မာတွေအနေနဲ့ ကိုယ့်လုပ်အားခကို အိမ်ပြန်လွှဲချင်ရင် True Money Thailand ကကိုယ်စားလှယ် ကနေသွားလွှဲနိုင်တယ်။ ပြီးရင်ပြည်တွင်းမှာ ချထားပေးထားတဲ့ True Money ကိုယ်စားလှယ်တွေမှာသွားပြီးထုတ်ယူနိုင်တယ်။ လက်ရှိပြည်တွင်းမှာ ကိုယ်စလှယ်ပေါင်း ၂၀၀၀ ကျော်ချထားပြီးဖြစ်တဲ့အပြင် ဆက်လက်တိုးချဲ့ပြီးချသွားပေးပါမယ်” လို့ဆိုပါတယ်။

True Money ဟာလက်ရှိမြန်မာပြည်အနှံ့ စက်တွေကို ကိုယ်စလှယ်များထံ အခမဲ့ချပေးနေပြီး ငွေလွှဲဝန်ဆောင်မှုများအပြင် ဖုန်းငွေဖြည့်ဝန်ဆောင်မှု၊ မီတာဆောင်တဲ့ဝန်ဆောင်မှုနှင့် Aeon ငွေသွင်းပေးတဲ့ဝန်ဆောင်မှုများကို ပြုလုပ်ပေးလျက်ရှိနေပါတယ်။ True Money ကလက်ရှိအချိန်မှာလဲ AGD Bank နဲ့လည်းပူးပေါင်းထားကြောင်းသိရပါတယ်။

ခွန်နေ(ရွှေအင်းလေး)

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook