Friday, July 29, 2016

Image result for women use social app image




၁. လူတွေကိုမယုံပါနဲ့
လူတွေဆိုတာက အွန်လိုင်းပေါ်မှာတွေ့တဲ့ ဘယ်သူကိုမဆို အယုံအကြည်မရှိဖို့ဆိုလိုခြင်းဖြစ်ပါတယ်။
နာမည်ကြီးတဲ့ လူတစ်ယောက်ဖြစ်နေပါစေဦး အကောင့်တုတွေ များတဲ့ခေတ်မှာ ဘယ်အရာကိုမဆို
ချင့်ချိန်နိုင်ဖို့လိုပါမယ်။ ဒါကြောင့် ချင့်ချိန်ပြီးမှ ယုံကြည်ပါ။

၂. မိမိနေရပ်ကို လူတိုင်းပေးမသိပါနဲ့
တချို့ ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ ရောက်လေရာ အရပ်တိုင်း check in ဝင်တတ်ကြတယ်။ ဒါက တကယ်တော့
ကောင်းတဲ့ အလေ့အထိတော့မဟုတ်ပါဘူး။ မသမာတဲ့ လူတွေက သင်ဘယ်သွားတတ်တယ်ဆိုတာကို အနည်းဆုံး သင့်ကို ခြေရာခံမိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင်ဘယ်အချိန်မှာ ဘယ်ကိုသွားလေ့ရှိတယ်၊ ဘာတွေလုပ်လေ့ရှိတယ် ဆိုတာကို အနည်းဆုံးတော့ သင့်အကြောင်းကို အပေါ်ယုံသိရှိပြီးဖြစ်တယ်။ ပြီးတော့ တချို့တွေ မိမိအိမ်တည်နေရာကို check in
လုပ်ပြီး Status တင်ကြတယ်။ ဒါကြောင့် သင့် အိမ် လိပ်စာကို သင်မပေးပဲနဲ့လည်း အလွယ်တကူ ရရှိသွားနိုင်မှာဖြစ်တဲ့အတွက် ဆင်ခြင်ဖို့လိုပါမယ်။

၃.မိမိဓာတ်ပုံတွေကို ဆင်ခြင်ပြီးတင်ပါ
သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ပုံတွေကို အမှတ်တရတင်ချင်တယ်ဆိုရင်တောင် only friend လောက်တင်ရင်ကို လုံလောက်ပါတယ်။ အကယ်လို့ ကိုယ်က နာမည်ကြီးချင်တယ်ဆိုရင်တော့ Public တင်လိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်ကို ရင်ဆိုင်ဖြေရှင်းဖို့ အဆင့်သင့်
ရှိနေတယ်ဆိုရင်တော့ ရဲရဲသာတင်လိုက်ပါ။ ရုပ်ချောတဲ့ သာမန်မိန်းကလေးတစ်ယောက်ဟာ ဘယ်တော့မှ Public မတင်ပါဘူး။ Cele ကလွဲလို့ပါ။

၎. စိတ်ခံစားချက်တွေ ထုတ်မပြပါနဲ့
မိမိစိတ်ခံစားချက် စတေးအပ်တွေ မတင်ပဲနေနိုင်ရင် အကောင်းဆုံးပါပဲ။ သင့်ခံစားချက် feeling တွေကို စတေးအပ်တင် ပြီး ဖီးလ်ပြနေခြင်းဟာ သင့်အားနည်းချက်ကို ထုတ်ဖော်ပြသလိုက်တာနဲ့အတူတူပါပဲ။ ဒါကြောင့် သင့်အကြိုက်ကိုလိုက်ဖို့အတွက် လွယ်ကူသွားခြင်းဖြစ်ပါတယ်။ သင်ကိုယ်တိုင်ကလည်း
အယုံလွယ်သူဆိုရင်တော့ ထောင်ခြောက်ထဲရောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါကိုလည်း ဆင်ခြင်ဖို့လိုပါမယ်။

အထက်ပါ လေးချက်ကတော့ လူမှုကွန်ယက်ကို အန္တရာယ်ကင်း လုံခြုံစွာ အသုံးပြုချင်သူတွေအတွက် ဝေမျှခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ခွန်နေ(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook