Thursday, December 17, 2015
Huawei မှတရားဝင် တင်သွင်းခြင်းမရှိသည့် သည့် စမတ်ဖုန်းများ ဈေးကွက်တွင်းပျံ့နှံ့လျက်ရှိပြီး သုံးစွဲသူနှင့် မြန်မာပြည်တွင်း တရားဝင် ဖွင့်လှစ်ထားသော Huawei Services Center တို့အကြား နားလည်မှုလွဲပြီး အဆင်မပြေမှုဖြစ်ပွားနေတယ်လို့ သိရပါတယ် ။ ဈေးကွက်အတွင်း တရားဝင် ဖြန့်ချိထားခြင်းမရှိပဲ Honor 4A၊ Honor 5X၊ Honor 4C၊ Honor 7၊ Honor 7i နှင့် Honor Enjoy 5S တို့ ပျံ့နှံ့လျက်ရှိနေပါတယ် ။ ယခုဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာပြည် Huawei ရုံးချုပ်ရဲ့  တရားဝင် သတင်းထုတ်ပြန်ချက်ကို Huawei ဖုန်းသုံးစွဲသူများ သတိပြုရလေအောင် ကူးယူဖော်ပြပေးလိုက်ရပါတယ် ။
သုံးစွဲသူများ သတိပြုမိနိုင်စေရန် Huawei မှ အကြောင်းကြားခြင်း
Huawei ၏ တရားဝင် Service Center များတွင် Huawei မှ တရားဝင်တင်သွင်းထားခြင်းမရှိသော ဟန်းဆက်များကို လာရောက်ပြုပြင်ကြသည်ကို တွေ့ရှိရပါသည်။ ဈေးကွက်ထဲတွင် Huawei မှ တရားဝင်မတင်သွင်းထားသည့် ဟန်းဆက် များဖြစ်သည့် Honor 4A၊ Honor 5X၊ Honor 4C၊ Honor 7၊ Honor 7i နှင့် Honor Enjoy 5S တို့ကို တွေ့ရှိနေရသည့်အတွက် သုံးစွဲသူများမှ သတိပြုပြီး ၀ယ်ယူစေနိုင်ရန် အကြောင်းကြားအပ်ပါသည်။ သို့ဖြစ်ပါ၍ ထိုဟန်းဆက် မော်ဒယ်လ်များကို ၀ယ်ယူထားရှိသော သုံးစွဲသူများအနေဖြင့် အရည်အသွေးနှင့်ပတ်သက်သော ပြဿနာများဖြစ်ပေါ်ပါက မိမိတို့ဝယ်ယူခဲ့သော ဖုန်းဆိုင်များကိုသာ ဆက်သွယ်ကြပါရန် ပန်ကြားအပ်ပါသည်။ Huawei ၏ တရားဝင် Service Center များတွင် တရားဝင်တင်သွင်းထားသော ဟန်းဆက်များကိုသာ ပြုပြင်ပေးလျက်ရှိပါသည်။ Huawei မှ တရားဝင်တင်သွင်းထားခြင်းမရှိသော ဟန်းဆက်များကို ၀ယ်ယူမိပါက Huawei မှပေးအပ်သော အောက်ပါ ၀န်ဆောင်မှုများမရရှိနိုင်ပါ။
Ø တစ်နှစ်အာမခံ အခမဲ့ပြုပြင်ပေးသော ၀န်ဆောင်မှု မရရှိနိုင်ခြင်း။
Ø သုံးစွဲထားသောအပိုပစ္စည်းများမှာ original မဟုတ်သည့်အတွက် အရည်အသွေးကိုစိတ်ချ၍မရနိုင်ခြင်း။
Ø ဘက်ထရီမှာလည်း original မဟုတ်သည့်အတွက် ကြာရှည်အသုံးမခံနိုင်ခြင်း။
Ø Huawei တရားဝင် software များထည့်သွင်းထားခြင်းမဟုတ်သောကြောင့် လက်ကိုင်ဖုန်းနှင့်ကိုက်ညီမှု မရှိနိုင်ခြင်း။
Huawei မှ တရားဝင်တင်သွင်းထားသော ဟန်းဆက်များဟုတ်မဟုတ် စစ်ဆေးနိုင်သော နည်းလမ်းများ
No.
Huawei မှ တရားဝင် တင်သွင်းထားသော ပစ္စည်းဆိုလျှင်
No.
Huawei မှ တရားဝင်မတင်သွင်းထားသော ပစ္စည်းဆိုလျှင်
၁။
မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းသော လက်ကိုင်ဖုန်းများ၏ ဘူးခွံပေါ်တွင် တရုတ်စာလုံးများပါဝင်ခြင်းမရှိပါ။
၁။
တရုတ်စာလုံးများပါဝင်နိုင်ပါသည်။
၂။
Huawei ၏အာမခံစစ်ဆေးသော လင့်ခ် http://consumer.huawei.com/mm/support/warranty-query/index.htm ကိုသုံးသော်လည်းကောင်း၊ Wechat/viber တို့မှတဆင့် QR code ကို scan ဖတ် မိမိဖုန်း၏ အာမခံသက်တမ်းကာလကို စုံစမ်းစစ်ဆေးနိုင်သည်။
၂။
ထိုလင့်ခ် နှင့်စစ်ဆေးလိုက်ပါက “ Huawei မှတရားဝင်တင်သွင်းထားသောလက်ကိုင်ဖုန်းမဟုတ်ပါ” ဟုတွေ့ရမည်ဖြစ်သည်။
၃။
Huawei Original ပစ္စည်းမှန်ကန်ပါက စမတ်ဖုန်းဘူးခွံပေါ်တွင် warranty logo ပါဝင်သည်။
၃။
Warranty logo မပါဝင်ပါ/ ပါဝင်သော်လည်း ယခင်လက်ဟောင်း warranty logo များဖြစ်နိုင်ပါသည်။
၎။
စမတ်ဖုန်းဘူးခွံပေါ်တွင် ကပ်ထားသော IMEI/SN/MEID စသောနံပါတ်များသည် စမတ်ဖုန်း၏ IMEI/SN/MEID စသောနံပါတ်များနှင့် ကိုက်ညီမှုရှိရမည်။( *#06#  ကိုရိုက်နှိပ် မိမိလက်ကိုင်ဖုန်း၏ IMEI/SN/MEID နံပါတ်များကို စစ်ဆေးနိုင်ပါသည် )
၎။
ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေသည်။
၅။
စမတ်ဖုန်းဘူးအတွင်းတွင် Huawei ၏တရားဝင် အာမခံကတ်ပြားပါဝင်သည်။
၅။
Huawei ၏တရားဝင် အာမခံကတ်ပြားမပါဝင်ပါ။
Huawei မှ သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန်အတွက် အစဉ်အမြဲ ၀န်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။ Huawei မှ တရားဝင်တင်သွင်းထားသော ဟန်းဆက်များအသုံးပြုသူများအတွက် Service Center များတွင် အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
Ø တစ်နှစ်အာမခံဖြင့် အခမဲ့ပြင်ဆင်ပေးသော ဝန်ဆောင်မှုများပေးအပ်ခြင်း။
Ø ၁၀၀% Original အပိုပစ္စည်းများ အသုံးပြုထားခြင်း။
Ø Original ဘက်ထရီ သုံးစွဲထားခြင်း။
Ø လက်ကိုင်ဖုန်းနှင့် ကိုက်ညီမှုရှိသော Huawei တရားဝင် software များ ထည့်သွင်းပေးထားခြင်း။
Ø တရားဝင် ပစ္စည်းဖြစ်သည့်အတွက် Huawei မှ ပေးအပ်သော အထူး Service promotion များကိုလဲ ခံစားခွင့်ရရှိနိုင်ခြင်း။
ထို့အပြင် မော်ဒယ်လ်မြင့်ဖုန်းများဖြစ်သည့် Mate7၊ P8၊ G7Plus အစရှိသည့် ဟန်းဆက်များအတွက် VIP Services များကို သီးသန့်ဝန်ဆောင်မှုပေးလျက်ရှိသည်။ VIP Service တွင် VIP ၀န်ဆောင်မှု ကောင်တာသီးသန့်ထားရှိပေးထားသည့် အတွက် စောင့်ဆိုင်းရန်မလိုဘဲ မိမိဖုန်းကို ပြသနိုင်ခြင်း၊ ဖုန်းပြင်ဆင်ချိန် တစ်ရက်သာ ကြာမြင့်ခြင်း၊ ဖုန်းကို စမ်းသပ်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ Version Update ပြုလုပ်ပေးခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို အခမဲ့နှစ်ကြိမ်ပြုလုပ်ပေးခြင်းတို့ပါဝင်ပါသည်။
Huawei Service Center များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ မူဆယ်၊ ပြည် စသောမြို့များတွင် ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင် Huawei မှ Service Center မရှိသေးသောမြို့များ (လားရှိုး၊ မြိတ်၊ ဘားအံ၊ ထားဝယ်၊ တောင်ငူ၊ မြ၀တီ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ ကျိုင်းတုံ၊ ကလေး၊ မကွေး၊ ပခုက္ကူ ) က ဖုန်းဆိုင်များတွင် Huawei Collection Point များ ဖွင့်လှစ်ထားပြီး ထို Collection Point တွင် မိမိတို့ပြုပြင်လိုသော ဟန်းဆက်များကို သွားရောက်ပေးထားလျှင် Huawei မှ အခမဲ့သယ်ယူပေးပြီး နီးစပ်ရာ Huawei Service Center များသို့ ပို့ဆောင်ပြုပြင်ပေးမည်ဖြစ်ပါသည်။ ထို့ပြင် Huawei သီးသန့် Hotline ကိုလည်း ထားရှိပေးထားပြီး Hotline နံပါတ် ၀၁-၉၀၀၀၉၀၀ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။
Thursday, November 19, 2015
Innlay Media's photo.ပြီးခဲ့တဲ့ သောကြာနေ့ည ISIS တွေရဲ့  ပဲရစ်အကြမ်းဖက်မှုမှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြပြီး ပြင်သစ်ရဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ရပါတယ် ။ သေဆုံးခဲ့တဲ့ထဲမှာ လူကြီး ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး ပေါင်းစုံပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း ဝမ်းနည်း ထိန့်လန့်စရာ ကောင်းခဲ့ရသလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေရဲ့  ကျန်ရစ်မိသားစုတွေ ယူကျုံးမရ ဝမ်းနည်းဒေါသ ဖြစ်ခဲ့ရပါတယ် ။ ကျန်ရန်ရစ်သူမိသားစုတွေထဲက Antoine Leiris လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး သေနတ်ဒါဏ်ရာနဲ့ သေဆုံးသွားတဲ့အမျိုးသမီးဖြစ်သူ Helen Muyel-Leiris အတွက် ISIS တွေကို " ငါမင်းကိုမမုန်းဘူး " ဆိုတဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စာကို ကောက်နုတ်ဖော်ပြ ပေးလိုက်ပါတယ် ။
ပြီးခဲ့တဲ့ သောကြာနေ့ည ISIS တွေရဲ့  ပဲရစ်အကြမ်းဖက်မှုမှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြပြီး ပြင်သစ်ရဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ရပါတယ် ။ သေဆုံးခဲ့တဲ့ထဲမှာ လူကြီး ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး ပေါင်းစုံပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း ဝမ်းနည်း ထိန့်လန့်စရာ ကောင်းခဲ့ရသလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေရဲ့  ကျန်ရစ်မိသားစုတွေ ယူကျုံးမရ ဝမ်းနည်းဒေါသ ဖြစ်ခဲ့ရပါတယ် ။ ကျန်ရန်ရစ်သူမိသားစုတွေထဲက Antoine Leiris လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး သေနတ်ဒါဏ်ရာနဲ့ သေဆုံးသွားတဲ့အမျိုးသမီးဖြစ်သူ Helen Muyel-Leiris အတွက် ISIS တွေကို " ငါမင်းကိုမမုန်းဘူး " ဆိုတဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စာကို ကောက်နုတ်ဖော်ပြ ပေးလိုက်ပါတယ် ။
“ သောကြာနေ့ညက ငါ့ဘဝမှာ တန်ဖိုးအထားရဆုံးဖြစ်တဲ့ အသက် တစ်ချောင်းကို မင်းတို့ယူသွားတယ် ။ အဲ့ဒီ အသက်ပိုင်ရှင်ဟာ ငါ့ရင်သွေးလေးရဲ့ မိခင် ၊ ငါ့ဘဝနဲ့ရင်းပြီးချစ်ရတဲ့သူ ။ မင်းတို့ ဘယ်သူလဲငါမသိဘူး ။ မင်းတို့ဘယ်မှာရှိတယ်ဆိုတာလဲငါမသိဘူး ။ အသက်ရှင်ပြီး ဘဝသေနေတဲ့ မင်းတို့ဘယ်သူဆိုတာ ငါသိလိုစိတ်လည်း မရှိဘူး ။ ယခုလုပ်ရက်ဟာ မင်းတို့ဘုရားအတွက်ဆိုရင် ငါ့အမျိုးသမီးရဲ့  ကိုယ်ပေါ်က ကျည်ဆံရာ တစ်ချက်ဆီဟာ မင်းတို့ ဘုရားရဲ့ နှစ်လုံးသားမှာ ဒါဏ်ရာတစ်ချက်ဆီ ဖြစ်စေလိမ့်မယ် ။ ဒါကြောင့်ငါ မင်းတို့ကို မမုန်းဘူး ။ မင်းတို့တောင်းဆိုနေတဲ့ အမုန်းတရားကို ငါမပေးဘူး ။ အမုန်းတရားတွေကို လက်ကိုင်ထားပြီး ဒီလိုလုပ်ရပ်တွေ ကျူးလွန်တဲ့ မင်းတို့ကို ငါက အမုန်းနဲ့မတုန့်ပြန်ဘူး ။ ငါ့ကိုကြောက်စေချင်တယ် ၊ ငါ့နိုင်ငံသားတွေကို ယုံမှားသံသယဖြစ်စေချင်တယ် ၊ လုံခြုံမှုတွေအတွက် ငါတို့ရဲ့ လွတ်လပ်ခွင့်ကို စတေးချင်တယ်ဆိုရင် မင်းတို့ရှုံးပြီးသားပါ ။ နေ့တွေညတွေ စောင့်ခဲ့ပြီး ဒီနေ့မနက်မှ ငါ့ဇနီးရုပ်အလောင်းကိုတွေ့လိုက်ရတယ် ။ ခုချိန်ထိသူမဟာ သောကြာနေ့ည အိမ်ကမထွင်ခင်လို လှပဲနေတုန်းပဲ ။ လွန်ခဲ့တဲ့ ဆယ်နှစ် သူမကိုမြတ်မြတ်နိုးနိုး စချစ်ခဲ့ရတုံးကလို လှပဲနေဆဲပဲ ။ ငါရဲ့ နာကျင်မှုတွေကို မင်းတို့ရဲ့  ယာယီအောင်မြင်မှုအနေနဲ့ ငါပေးလိုက်မယ် ။ ဒါပေမယ့် ဒီနာကျင်မှုက ပြီးဆုံးသွားမှာပါ ။ သူမရဲ့  အငွေ့အသက် ၊ ဝိဥာဏ်တွေဟာ ငါတို့နဲ့အတူအမြဲရှိနေပြီး နောင်တစ်ချိန်ငါတို့ ပြန်ဆုံဆည်းမယ်ဆိုတာ ငါသိနေလို့ပဲ ။ အခုငါရဲ့ ၁ နှစ်ခွဲသားလေးရယ် ၊ ငါရယ် နှစ်ယောက်ပဲ ကျန်တော့တယ် ။ ဒါပေမယ့် နှစ်ယောက်တည်းလည်း ငါတို့ဟာ စပ်တပ်တွေထက် ကြံ့ကြံ့ခံနိုင်တယ် ။ ခဏနေငါ့သားလေး နိုးလာတော့မယ် ။ မင်းတို့အတွက် ငါအချိန်ထပ်ကုန်ခံစရာမရှိတော့ဘူး ။ ငါးသားလေးနိုးလာရင် အရင်လို ပျော်ပျော်ရွှင်ရွင် လွတ်လပ်စွာဖြတ်သန်းလို့မင်းတို့ကို တုန်လှုပ်စေမှာပါ ။ စိတ်ချ ငါ့သားလေးလည်းမင်းတို့ကို ဘယ်တော့မှ မမုန်းစေရဘူး ။ “
" Antoine Leiris "
(ဘာသာပြန် ဝေဖြိုးမောင်ရဲ့ ကောက်နုတ်ချက်ကို ကိုးကားလို့ ဖော်ပြပေးလိုက်ပါတယ်)
ခွန်နေ - Khun Nay
Thursday, November 12, 2015
Innlay Media's photo.
ခွန်နေ - Khun Nay
ဘဝကပေးတဲ့သင်ခန်းစာဆိုတာ
ကျောင်းကနေလူတိုင်းကိုပေးလိုက်တဲ့
သင်ခန်းစာနဲ့တူမနေဘူး ။ ကျောင်းကပေးတဲ့
တူညီသင်ခန်းစာကို ထူးချွန်နေပါစေဦးတော့
ဘဝအတွေ့အကြုံလို့ခေါ်တဲ့ သင်ခန်းစာမှာ လူတိုင်းထူးချွန်ချင်မှထူးချွန်နေလိမ့်မယ် ။
ဘဝသင်ခန်းစာဆိုတာ ကျွန်တော်တို့စားနေတဲ့ ထမင်းလိုပဲ ။
အစာမကျေရင် အဟာရမဖြစ်ဘူး ။
ဘဝသင်ခန်းစာမကျေရင်လည်း
ဘယ်တော့မှ လူတော်တစ်ယောက် မဖြစ်ဘူး ။
ဘဝသင်ခန်းစာတိုင်းက ယူတတ်သူတွေအတွက်
အတွေ့အကြုံကောင်းပဲ ။ အတွေ့အကြုံဆိုတာကလည်း ပညာပဲ ။
ဒီပညာကို ကောင်းကောင်းအသုံးချတတ်ရင်
ပညာတတ်တစ်ယောက် ဖြစ်လာမှာပဲ ။
ဘွဲ့ ရမှ ပညာတတ်မဟုတ်ဘူး ။
အတွေ့အကြုံက သင်ခန်းစာကိုရှာဖွေပြီး
ကောင်းကောင်းအသုံးချတတ်ရင် ပညာတတ်ပဲ ။
ဒါကြောင့် ပညာတတ်ဆိုတဲ့အရာကို
ဘွဲ့ရလို့ခေါ်တဲ့ စံချိန်းစံညွှန်းနဲ့ သတ်မှတ်လို့မရဘူး ။
ဘွဲ့ရ ပညာတတ်ရှိတယ် ၊ ဘွဲ့မရ ပညာတတ်ရှိတယ် ၊
ဘွဲ့ရ ပညာမတတ်ရှိတယ် ။ ကွဲကွဲပြားပြား သိစေချင်ပါတယ် ။
ခွန်နေ - Khun Nay
လူတစ်ယောက်မှာ အရေးကြီးဆုံးက ဘာပဲလုပ်လုပ် ရည်မှန်းချက် ၊
ခံယူချက် နဲ့ ကိုယ်ပိုင် အတွေးအခေါ်ကောင်းရှိဖို့ အရေးကြီးပါတယ် ။ အလုပ်တစ်ခုကိုလုပ်တဲ့အခါ ရည်ရွယ်ချက် ရည်မှန်းချက်မရှိရင် ကိုယ်သွားမယ့် ပန်းတိုင်ကို ရေရေရာမသိနိုင်သလို ခံယူချက် ဆိုတာလဲရှိလာမှာမဟုတ်ပါဘူး ။ ခံယူချက်ဆိုတာလည်း မရှိတဲ့အတွက် ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းလည်း အားနည်းလာပါတယ် ။ ဒါကြောင့် ဘယ်အရာကိုပဲလုပ်လုပ် ရည်မှန်းချက်ထားပြီး ၊ ဘဝအတွက် ခံယူချက်နဲ့ ကိုယ်ပိုင်တွေးမြင်နိုင်စွမ်း အတွေးအခေါ်ကောင်းရှိမှသာ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ် ။
ခွန်နေ - Khun Nay
Thursday, November 5, 2015
လောကမှာ အလွယ်ဆုံးအလုပ် ၂ မျိုးရှိတယ် ။
သူများမကောင်းကြောင်းပြောခြင်းနဲ့
အပျင်းကြီးခြင်းဆိုတဲ့အလုပ်တွေပဲ ။
ဒီလိုလွယ်ကူတဲ့အရာတွေကို စွဲစွဲမြဲမြဲလုပ်နေသေးသ၍
ဘယ်တော့မှတိုးတက်တဲ့ 
လူတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး ။
တိုးတက်ချင်စိတ်ရှိတဲ့ သူတွေဟာ
သူတို့စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့အကျင့်ဆိုးတွေကို
ကိုယ်ကိုတိုင်ပဲ ပြောင်းလဲခဲ့ရတာပါ ။
ဒါပေမယ့် လူတွေက ပြောင်းလဲခြင်းသဘောတရားကို 
အင်မတန်ကြောက်ကြတယ် ။
လက်ရှိအနေအထားအတိုင်းလေးပဲ
မပြောင်းမလဲနေရတာကိုပဲ ပျော်မွေ့နေကြသူတွေဖြစ်တယ် ။
ကိုယ့်ဆီမှာရှိတဲ့ အကျင့်ဆိုးတွေကို
ကိုယ်ကိုတိုင် မပြောင်းနိုင်သေးသ၍
ဘဝကလဲ ဘယ်တော့မှ
တိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူး ။
ခွန်နေ - Khun Nay
Tuesday, November 3, 2015
ပြိုင်ဆိုင်မှုရှိတဲ့သူတွေကြားမှာပဲဖြစ်ဖြစ်
စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်
တကယ်တော်တဲ့လူတွေဟာ သူတို့ကိုယ်သူတို့ အသေးစိတ်မိတ်ဆက်လေ့မရှိပဲ
တစ်ဖက်လူရဲ့ ပြောစကားကိုသာ
အရင်နားထောင် တတ်သူတွေဖြစ်တယ် ။
လိုအပ်မှသာ စကားနည်းနည်းနဲ့ ထိထိမိမိပြောတတ်သူတွေဖြစ်ပြီး
စကားတိုင်းဟာလဲ နားထောင်သူတွေအတွက် အလွန်စိတ်ဝင်စားဖို့ကောင်းလေ့ရှိတယ် ။
ဒီလို စကားကောင်းကောင်း ပြောတတ်တဲ့သူတွေနဲ့ ပတ်သက်လို့
ဂန္တဝင် စာရေးဆရာ ပညာရှင် Christopher Morley က “ လူတွေကို သိမ်းသွင်းစည်းရုံးပြီး
စကားအပြောကောင်းသူ ဖြစ်ဖို့ လိုက်နာရမယ့် ဥပဒေက တစ်ခုပဲရှိတယ် ။ များများ နားထောင်ပေးဖို့ပါပဲ “
ခွန်နေ - Khun Nay
Monday, November 2, 2015
လူဆိုတာ ကိုယ့်ရဲ့  ကိုယ်ရည်ကိုယ်သွေးကို 
တစ်နှစ်ထက်တစ်နှစ် upgrade လုပ်နေရပါတယ် ။
လက်ရှိအနေအထားတိုင်း အဆင်ပြေနေလို့ 
ဒီတိုင်းပဲ နေနေလို့မရပါဘူး ။ 
ပတ်ဝန်းကျင်က အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက် 
ကိုယ်နဲ့ အံ့ကိုက်အံဝင်ခွင်ကျဖြစ်အောင် 
ကိုယ့်ဆီမှာရှိတဲ့ အသိပညာ ၊ အတတ်ပညာတွေကို ပိုပိုပြီးတိုးလာအောင်လုပ်ထားဖို့လိုပါတယ် ။ 
ဥပမာ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာတောင် 
သူတို့ရဲ့ software တွေကို တစ်နှစ်ပြီးတစ်နှစ် 
ပိုပိုပြီးကောင်းလာအောင် upgrade လုပ်နေရပါတယ် ။ 
upgrade လုပ်လာတာနဲ့အမျှ အသုံးပြုတဲ့သူတွေအတွက်
ပိုပိုပြီးအဆင်ပြေလာတယ် ။ software တွေကို Upgrade မလုပ်ပဲ 
ဒီတိုင်းပဲထားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ upgrade လုပ်ထားတဲ့ 
ကွန်ပျူတာလောက် အသုံးတည့်တော့မှာ မဟုတ်ပါဘူး ။ 
ကွန်ပျူတာ ဥပမာလိုပဲ ကျွန်တော်တို့ သိနေတဲ့ အသိပညာ ၊ 
အတတ်ပညာတွေဟာ အမြဲ upgrade ဖြစ်မနေနိုင်ပါဘူး ။ 
အသက်တွေကြီးလာတာနဲ့ အတူ ကိုယ့်ရဲ့  
ကိုယ်ရည်ကိုယ်သွေးတွေတိုးဖို့ လိုအပ်တယ် ။ 
ဒါကြောင့် အမြဲ သင်ယူလေ့လာဖို့လိုသလို 
သင်ယူလို့ပြီးမြောက်သွားရင်လဲ ဒီတိုင်းထားလို့မရသေးပါဘူး ။ 
အလေ့အကျင့်ရှိဖို့လဲ လိုပါသေးတယ် ။ Aristotle ပြောသလို 
“ အရည်အသွေးဆိုတာ မွေးရာပါ မဟုတ်ပါဘူး ။ အလေ့အကျင့်ပါပဲ “ ။ 
ဒါကြောင့် ကိုယ့်ရဲ့  အရည်အသွေးတွေကို upgrade လုပ်ဖို့အတွက် 
သင်ယူလေ့လာပြီး အမြဲတမ်းလေ့ကျင့်နေနိုင်စေဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
Friday, October 30, 2015
Innlay Media's photo.
[Zawgyi]
စိတ်ဓာတ်ကျတတ်ပါတယ် ။
ခွန်နေ - Khun Nay
[Unicode]
အခက်အခဲတွေ့တိုင်း လူတော်တော်များများဟာ
စိတ်ဓာတ်ကျတတ်ပါတယ် ။
အမျှော်အမြင်ရှိသူတွေကတော့
အခက်အခဲကို အတွေ့အကြုံသစ်အဖြစ်ဖန်တီးကြတယ် ။
ဒီအတွေ့အကြုံကို ဖြေရှင်းနိုင်သူတွေက
ရှေ့ရောက်သွားပြီး မဖြေရှင်းပဲ နောက်ပြန်လှည့်သူတွေကတော့
ရှိမြဲအတိုင်းရှိပြီး နေမြဲအတိုင်းကျန်ရစ်သူတွေဖြစ်သွားကြရတယ် ။
ခွန်နေ - Khun Nay
လူမှန်ရင် အမှားနဲ့မကင်းကြပါဘူး ။ 
လူတိုင်းမှားဖူးကြပါတယ် ။ အမှားလုပ်မိတိုင်း
အပြစ်ရှိတယ်လို့ မဆိုနိုင်ပါဘူး ။
မှားမှန်းသိလျက်နဲ့ ဆက်ပြီးမှားနေမှသာ
အပြစ်ကျူးလွန်တယ်လို့ခေါ်ပါတယ် ။
ခွန်နေ - Khun Nay
လူတိုင်း ကံအမြဲတမ်းမဆိုးသလို
ကံလဲအမြဲ မကောင်းနိုင်ပါဘူး ။
လောကသဘာဝအရ အဆိုးအကောင်း
ဒွန်တွဲတာဟာ သဘာဝပါ ။
ထီ ၂ ခါဆက်တိုက်ပေါက်လို့ ကံထူးလွန်းသူ
ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ကြီမ်မှာတော့
ကံဆိုးစွာ ထီလက်မှတ် ပျောက်ချင်ပျောက်နေတတ်ပါတယ် ။
တစ်ဖက်မှာလဲ လောင်းကစားနဲ့ ကံအကျိုးပေးလို့
လောင်းကစားပဲအမြဲလုပ်နေရင်
လောင်းကစားသမားပဲဖြစ်လာတာကလွဲလို့
ထူးချွန်ထက်မြတ်တဲ့လူတစ်ယောက်တော့
ဖြစ်လာနိုင်မှာမဟုတ်ပါဘူး ။
ဒါကြောင့် ကံစမ်းတိုင်း အမြဲတမ်းကောင်းနေရင်
ကောင်းတယ်လို့ မဆိုနိုင်ပါဘူး ။
ခွန်နေ - Khun Nay
Monday, October 26, 2015
လူတစ်ယောက်ကို ကူညီခဲ့လို့
သူအောင်မြင်သွားရင်
ကိုယ့်ကို ပြန်ကြည့်မှာပဲဆိုတဲ့စိတ် အစကတည်းကရှိရင် 
မကူညီလိုက်တာဟာအကောင်းဆုံးပါပဲ ။
ကူညီလိုက်ကတည်းက ပြန်ရမှာပဲဆိုတဲ့စိတ်ရှိနေရင်
ဒါဟာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်းသာဖြစ်တယ် ။
လူတစ်ယောက်ကို ကူညီခဲ့လို့သူ အောင်မြင်သွားတာဟာ
ကိုယ်ရဲ့ လမ်းပြပေးခဲ့မှုမှန်ပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့
ပေါင်းစပ်ရတာပါ ။ ဒါကို ကိုယ့်ဘက်က ပီတိဆိုတဲ့အရာကို
အပြည့်အဝစားသုံး နိုင်ဖို့လိုပါတယ် ။
ခွန်နေ - Khun Nay
လူတိုင်းအလုပ်တစ်ခုကိုမလုပ်ခင် စိတ်ကနေပဲ စတင်အကောင်ထည်ဖော်ရတာပါ ။
စိတ်ထဲက အကောင်အထည်ဖော်ပြီးမှ
လက်တွေ့ကို စိတ်ဓာတ်အပြည့်ထည့်ပြီး
လုပ်ကိုင်မှ အောင်မြင်ရတာပါ ။ ဒါနဲ့ ပတ်သက်လို့ လူတစ်ယောက်ပြောပြဖူးတဲ့
စိတ်ဓာတ်သုတေသနပြုချက်လေးတစ်ခုရှိတယ် ။
နေမကောင်းဖြစ်တဲ့ လူအယောက် ၂၀ ကို
တစ်ဖက် ၁၀ ယောက်စီခွဲပြီးထားလိုက်တယ် ။
ဆယ်ယောက် အဖွဲ့ ဖြစ်တဲ့ တစ်ဖွဲ့ကို ဆေးစွမ်းထက်တဲ့ 
တကယ့်ဆေးအစစ်ကိုတိုက်ပြီး ကျန်တစ်ဖက်ကို
ဘာမှအာနိသင်မရှိတဲ့ ဆေးကိုတိုက်တယ် ။
ဒါပေမယ့် နှစ်ဖွဲ့လုံးကိုတော့ တိုက်တဲ့ဆေးတွေကအလွန်စွမ်းပြီး 
ရောဂါအမြန်ပျောက်ကင်းကြောင်း ရှင်းပြထားတယ် ။
လူတွေက ဒီဆေးအပေါ် စိတ်ကယုံကြည်လာကြပြီး
စောင့်ကြည့်တဲ့အခါ အဖွဲ့ နှစ်ဖွဲ့လုံး နေကောင်းကျန်းမာလာတဲ့နှုန်းက အတူတူပဲဖြစ်လာတယ် ။ ဒါဟာ လူတွေရဲ့ စိတ်စွမ်းအား ဘယ်လောက်ကြီးလဲ ဆိုတာပြလိုက်တဲ့ ဥပမာပါပဲ ။ ဒါကြောင့် ကိုယ်ဘာလုပ်ကိုပဲလုပ်လုပ် အောင်မြင်ချင်တဲ့စိတ်ဓာတ် အပြည့်အဝထည့်ပြီး လုပ်ကိုင်မယ်ဆိုရင် ကိုယ့်အိပ်မက်တွေ အကော်ထည်ပေါ်ပြီး အောင်မြင်လာပါလိမ့်မယ်။
ခွန်နေ - Khun Nay
Sunday, October 25, 2015
ခွန်နေ - Khun Nay
မြန်မာပြည်အလုပ်အကိုင်အခွင့်အလမ်းအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီအားဖြည့်ဖို့အတွက် အလုပ်အကိုင်ဝက်ဆိုဒ်သစ် jobnet.com.mm ကိုပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ၊ Sakura Tower မှာစတင် မိတ်ဆက်ခဲ့ပါတယ် ။ သြစတေးလျ ရင်းနှီးမြုပ်နှံမှု MMOne Online Group က Jobnet.com.mm ကိုအဓိ ကျောထောက်နောက်ခံပြုမယ့် အဆိုပါဝက်ဆိုဒ်ဟာ စတင်မိတ်ဆက်တဲ့နေ့မှာပဲ အလုပ်အကိုင် အခွင့်လမ်းပေါင်းများစွာကိုစတင်ရှာဖွေနိုင်ပြီလို့သိရပါတယ် ။
Jobnet.com.mm ရဲ့  မန်နေဂျင်းဒါရိုက်တာဖြစ်သူ Matt De Luca က " မြန်မာပြည်မှာအဓိကလိုအပ်နေတဲ့ အပိုင်းက အလုပ်အကိုင် အခွင့်အလမ်းပြဿနာပါ ၊ ဒါကိုကျွန်တော်တို့ဘက် တစ်ထောင့် တစ်နေရာကနေကူညီပေးတာလည်းဖြစ်သလို ၊ လုပ်ငန်းရှင် ဘက်ကလိုအပ်နေတဲ့ အရည်သွေးပြည့်မှီတဲ့ ဝန်ထမ်းကောင်းတွေကို ရရှိဖို့အတွက်လည်း ပါပါတယ် ။ အလုပ်ရှာတဲ့လူတွေအနေနဲ့လည်း မိမိလုပ်ကိုင်လိုတဲ့အလုပ်ကို တိကျရိုးရှင်းပြီးသဘောပေါက်လွယ်အောင် ကျွန်တော်တို့ဘက်ကလည်း ကြိုးစားပေးထားပါတယ် ။ ကောင်းမွန်တဲ့ လုပ်သားကောင်းရရှိဖို့နဲ့ လုပ်ငန်းရှင်တွေရဲ့ အမှတ်တံဆိပ် ကောင်းမွန်ကြီးကျယ်လာစေဖို့ ဖြည့်ဆည်း ပေးသွားမှာပါ ။ ဒါကကျွန်တော်တို့ ကျွမ်းကျင်တဲ့အပိုင်းဖြစ်ပါတယ် " လို့ဆိုပါတယ် ။
လက်ရှိပြည်တွင်းမှာလည်း အလုပ်အကိုင် ရှာဖွေးရေးအေဂျင်စီတွေလည်းများလာသလို ၊ နယ်မှာရှိတဲ့ လူငယ်တွေဟာလည်း ရန်ကုန်အလုပ်အကိုင် အခွင့်အလမ်းကို စိတ်ဝင်စားမှုမြင့်တက်လာတာကိုတွေ့နေရပါတယ် ။ မိုးဘိုင်းလ်ဖုန်းနှင့်အင်တာနက် အလျင်အမြန်ဖွံ့ဖြိုးလာမှုနဲ့ အတူ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဆိုဒ်တွေဟာလည်း ပေါ်လာသလို ဝက်ဆိုဒ်တွေရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတွေဟာလည်း ကြီးထွားလာပါတယ် ။ မြန်မာပြည်ဖွား ၊ သြစတေးလျနိုင်ငံသားဖြစ်သူ Mr.Sway က “ကျွန်တော်တို့မြန်မာကို အနီးကပ်စောင့်ကြည့်နေတာသုံးနှစ်နီးပါးရှိပါပြီ။ လက်ရှိအချိန်ဟာ ဈေးကွက်ထဲဝင်ဖို့နဲ့ Jobnet.com.mm ကိုအသက်သွင်းဖို့အချိန်ကောင်းပဲလို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြတယ်။
မိုဘိုင်းလ်ဖုန်းလွှမ်းခြုံမှုနဲ့အင်တာနက်ရဲ့ထိုးဖောက်မှုတွေက အံ့မခန်းခြေလှမ်းတွေနဲ့ ကြီးထွားလာနေပြီး မကြာခင်မှာ လူဦးရေအများစုဟာ အပြည့်အ၀ချိတ်ဆက်မိလာတော့မှာပါ။ ဒါဟာတိုင်းပြည်ရဲ့နောက်တစ်ဆင့် ဆင့်ကဲပြောင်း လဲမှုဖြစ်ပြီး ဒီလျင်မြန်တဲ့အပြောင်းအလဲရဲ့တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရတာဟာ စိတ်လှုပ်ရှားစရာ လဲကောင်းသလို စိတ်ကျေနပ်စရာလဲကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ရင်းနှီးမြှပ်နှံမှုကတော့သိသိသာသာပါပဲ။
ပြီးတော့ ကျွန်တော်တို့ရွေးချယ်ထားတဲ့ အွန်လိုင်းဈေးကွက်မှာ ဦးဆောင်ဖြည့်ဆည်းပေးသူဖြစ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ဆိုပါတယ် ။
Mr.Sway ဟာ jobnet.com.mm ရဲ့ ပူးတွဲတည်ထောင်သူပြီး မြန်မာအလုပ်အကိုင်အခွင့်အလမ်းများအတွက် အဆိုပါဝက်ဆိုဒ်ဟာလည်း
ဘယ်လောက်အတိုင်းအတာထိ ကူညီနိုင်မလဲဆိုတာ အခြားအလုပ်အကိုင် ဝက်ဆိုဒ်နည်းတူ လေ့လာစောင့်ကြည့်ရပါတော့မယ် ။
www.khunnaymedia.com
Friday, October 23, 2015
ခွန်နေ - Khun Nay
Huawei P8 လိုစွမ်းဆောင်ရည်မကောင်းပေမယ့် ဈေးနှုန်းနဲ့ လိုက်အောင် ပါဝင်လာတဲ့ Specifications တွေကြောင့် P8 Lite ကသုံးစွဲသူတွေအတွက် သင့်တော်စေမယ့် စမတ်ဖုန်းတစ်လုံးလို့ဆိုနိုင်တယ် ။ မျက်နှာပြင်အကျယ် ၅ လက်မ ဆိုပေမယ့် resolution စွမ်းဆောင်ရည်က 720x1280 resolution ပဲရှိတာကြောင့် အားရမှုတော့သိပ်မရှိဘူး ။ ဒါပေမယ့် တစ်ပြိုင်နက်ထိတွေ့ အသုံးပြုနိုင်တဲ့ Multitouch screen အမျိုးအစားနဲ့ ပုံရိပ်လှုပ်ရှားမှု စွမ်းဆောင်ရည် Emotion 3.0 UI ပါဝင်တာကြောင့် resolution ကိုမေ့ပျောက်နိုင်တယ် ။ 
ပလက်စတစ် ကိုယ်ထည်နဲ့တည်ဆောက်ထားတာတဲ့အတွက် အလေးချိန် ၁၃၁ ဂရမ်နှင့်အထူ ၇.၇ မီလီမီတာပဲရှိတာကြောင့် အလွန်ပေါ့ပါးတာကို တွေ့ရတယ် ။ ကိုယ်တိုင် စမ်းသပ်ချက်အရ ကင်မရာ စွမ်းဆောင်ရည်က ကျပ် ၂ သိန်းခွဲတန်ဝန်းကျင်စမတ်ဖုန်း တစ်လုံးအတွက် စိတ်ကျေနပ်စရာ ကောင်းတယ် ။ Selfie ကြိုက်သူတွေအတွက် ရှေ့ ကင်မရာ 5 MP နှင့် ပုံလှလှရိုက်ချင်သူတွေအတွက် နောက်ကင်မရာ 13 MP ပါဝင်တယ် ။ စွမ်းရည်သင့်ဖုန်းတစ်လုံးအနေနဲ့ RAM 2 GB ပါဝင်ပြီး Andorid နောက်ဆုံး Version 5.0.2 Lollipop ပါဝင်တာက အားရစရာကောင်းတယ် ။ 
ဖုန်းတွင်းသိုလှောင်သိမ်းဆည်းနိုင်မှု ပမာန 16 GB ပါဝင်ပြီး အပို 128 GB အထိထပ်တိုး နိုင်တာကြောင့် video ဖိုင်သိမ်းထားချင်သူတွေအဖို့ အဆင်ပြေတယ် ။ ဒါပေမယ့် SIM Card ၂ ကဒ်ထိုးချင်သူတွေအတွက် memory ထပ်တိုးမယ်ဆိုရင် တစ်ကဒ်ပဲ အသုံးပြုနိုင်မယ် ။
၂ ကဒ်တစ်ပြိုင်နက် သုံးချင်တယ်ဆိုရင်တော့ Memory Card ထည့်တဲ့နေရာမှာ Nano Sim အဖြစ် ထည့်သွင်းနိုင်တယ် ။
" အားနည်းချက်နဲ့ အားသာချက် "
အားနည်းချက် Battery 2200mAh ပမာနက အားရစရာ မကောင်းတာကိုတွေ့ရတယ် ။ ကိုယ်တိုင် စမ်းသပ်ချက်အရ ဂိမ်းကစားရင် ဘက်ထရီအကုန်မြန်တာကိုတွေ့ရတယ် ။ ဒါကြောင့် COC ကို တစ်နေကုန် ဆော့ချင်တဲ့သူတွေအတွက် ကျေနပ်ဖို့တော့ မကောင်းဘူး ။ အရောင်စိုစိုကြိုက်သူတွေအတွက် မျက်နှာပြင်စိုစွတ်မှုအားနည်းတယ် ။ အားသာချက်က ၂ သိန်းခွဲဆိုတဲ့ ဈေးနဲ့မလိုက်အောင် ကင်မရာ အတော်ကောင်းတယ် ။ ဒီဇိုင်းပိုင်း အပြစ်ပြောစမရှိအောင် ခန့်ညားတယ် ။ သွက်လက်မှုရှိပြီး ပေါ့ပါးတဲ့အပြင် Honor စီးရီးတွေမှာ လူကြိုက်များခဲ့တဲ့ Motion Control စနစ်ပါဝင်တယ် ။
" အကြုံပြုချက် "
ဈေးတန်တယ် ။ အမျိုးသမီးတွေ အကြိုက်တွေ့နိုင်တယ် ။ လူကြီးမိဘတွေ အတွက် လက်ဆောင်ဝယ်ပေးရင်လည်း အထူးသင့်လျော်မယ့် စမတ်ဖုန်း တစ်လုံးဖြစ်တယ် ။ Colour အဖြူ ၊ အမည်း ၊ ရွှေရောင် သုံးမျိုးထုတ်ထားပြီး ၂၅၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ Huawei Showroom တွေမှာ ဝယ်ယူနိုင်တယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
Tuesday, October 20, 2015
မိုဘိုင်းဖုန်းတခု၏ အတွင်းပိုင်းလုပ်ဆောင်မှုသည် hardware နှင့် အက်ပလီကေးရှင်းများကို ဆက်စပ်ပေးနေသည့် စနစ်တခုလိုအပ်သည်။ ထို့ကဲ့သို့ ဆက်စပ်မှုများကို အဆင့်မြှင့်တင်ကာ ဗားရှင်းအမျိုးမျိုးဖြင့်လည်း သုံးစွဲသူများကို ဆွဲဆောင်လျက်ရှိသည်။ မျက်နှာပြင်ကိုထိတွေ့လုပ်ဆောင်နိုင်ပြီး လွယ်ကူစွာသုံးစွဲနိုင်မှုများကြောင့် Android ဖုန်းများသည်သုံးစွဲသူများအတွက် ပိုမိုတန်ဖိုးရှိနေရခြင်းဖြစ်သည်။ အွန်လိုင်းဈေးကွက်များဖြစ်သည့် Kaymu, Myanmarblogshop နှင့် 36Streetonlinegroup များတွင်လဲ Android ဆဲလ်ဖုန်းအများအပြားကို ရောင်းချခြင်းဖြင့် ၀ယ်ယူသူများကို ဆွဲဆောင်နေကြပါသည်။ Android များ၏ လျှို့ဝှက်ဆန်းကြယ်ပြီး အံအားသင့်စေမယ့် အချက်များကို ကြည့်ကြည့်ရအောင်။
1. စနစ် မြှင့်တင်ခြင်းများ ကိုလေ့လာခြင်း
စနစ်မြှင့်တင်ခြင်းများတွင် အက်ပလီကေးရှင်းများ၏ ဗားရှင်း မြှင့်တင်ခြင်းနှင့် သုံးစွဲသူအတွက် အသေးစားလုပ်ဆောင်မှုများကို မြှင့်တင်ခြင်းများ ပါဝင်သည်။ Andriod ဗားရှင်းမြှင့်တင်ခြင်း ရရှိနိုင်ခြင်း ရှိ မရှိကို လေ့လာဖို့ရန်အတွက်
· Settings သို့သွားပါ
· ဖုန်း၏ Option ကိုရွေးပါ
· check for new update ကိုနှိပ်၍ကြည့်ပါ
2. ပင်မဖန်သားပြင် မှ icon များကို နေရာချခြင်း
ရံဖန်ရံခါ icon များ၏နေရာများသည် သုံးစွဲသူကို အဆင်မပြေမှုများဖြစ်ပေါ်စေသည်။ နေရာပြန်လည်ချဖို့ဆိုရင်တော့
· နေရာချချင်သည့် icon ကို စက္ကန့်အနည်းငယ် ဖိနှိပ်ထားပါ
· Icon ကို ဆွဲပါ
· လိုချင်သောနေရာရောက်သည့်အခါ ဖိနှိပ်ခါဆွဲထားသော icon ကိုလွှတ်လိုက်ပါ
· Icon ကို ဖန်သားပြင်၏ ညာဘက် (သို့) ဘယ်ဘက် စသဖြင့် ဖိနှိပ်ကာ ဆွဲသွားခြင်းဖြင့် ကြိုက်နှစ်သက်သော ဖန်သားပြင်တွင်ထားနိုင်ပါသည်
3. ရင်းနှီးမှုမရှိသော စကားလုံးအသစ်များအား အဘိဓာန်သို့ ထည့်သွင်းခြင်း
ရှည်လျားထွေပြားသော အချို့သောစကားလုံးများ၏ နာမည်များကို အဘိဓာန်ထဲသို့ ထည့်သွင်းထားနိုင်သည်။ ပုံမှန်အသုံးပြုနေကျ စကားလုံးများဖြင့် သတ်မှတ်ကာ အဘိဓာန်ထဲသို့ထည့်သွင်းခြင်းဖြင့် ပိုမိုလွယ်ကူစေနိုင်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက်
· လိုအပ်သော စကားလုံးကိုရွေးချယ်ပါ
· အဘိဓာန်မှ ရွေးချယ်ခြင်း သို့ထည့်ပါ
· နောင်တချိန်တွင် သင်သည် အစ စကားလုံးအနည်းငယ်ကို ရိုက်ထည့်လိုက်ရုံဖြင့် သင်ထည့်သွင်းထားသော စကားလုံးမှာပေါ်လာမည်ဖြစ်သည်
4. အလိုအလျောက်ပြင်နေသော စာလုံးပေါင်းများကို ပိတ်ခြင်း
အလိုလျောက် ပြင်ဆင်နေသော စာလုံးပေါင်းများသည် ရံဖန်ရံခါ သုံးစွဲသူကို စိတ်အနှောင့်ယှက်ဖြစ်စေသည်။ ထိုအင်္ဂါရပ်ကို ဖယ်ရှားရန်အတွက်
· Settings သို့သွားပါ
· ဘာသာစကားနှင့် ဖြည့်သွင်းချက်ကို ရွေးပါ
· အလိုလျောက် ပြင်ဆင်နေသော tab ကိုရှာ၍ ရွေးပါ
· ရွေးချယ်မှုကို ပိတ်ခြင်း သို့ရွေးပါ
5. ကြိုက်နှစ်သက်သောကွန်ယက်အနေအထား - 3G သို့ 4G
4G ကွန်ယက်သည် ဘက်ထရီအားသုံးမှုများပြားသည့်အတွက် သုံးစွဲသူများကို 3Gစနစ်သာသုံးစွဲစေရန်သာ ရွေးချယ်စေခြင်းဖြစ်သည်။ ထို့ကြောင့်
· settings သို့သွားပါ
· မိုဘိုင်းကွန်ယက်များကို ရွေးချယ်ပါ
· ကွန်ယက်အနေအထားကို ရွေးချယ်ပါ
· CDMA ကို သာရွေးချယ်ပါ
6. Animations များပိတ်ခြင်း
သင့် မိုဘိုင်းဖုန်းလုပ်ဆောင်မှုမြန်ဆန်စေရန်အတွက် animation လုပ်ဆောင်မှုများကို ပိတ်ရပါသည်။
· Settings သို့သွားပါ
· Developer Option ကိုရှာ၍ နှိပ်ပါ
· ထိုလုပ်ဆောင်ချက်များကို ပိတ်ပါ ၊ Window Animation Scale၊ Animator Duration Scale နှင့် Transition Animation Scale
7. လုပ်ဆောင်လျက်ရှိသော အက်ပလီကေးရှင်းများကိုပိတ်ခြင်း
Android သည် လုပ်ဆောင်လျက်ရှိသော ဖွင့်ထားသော အက်ပလီကေးရှင်းများကို အလိုအလျောက်ပိတ်လေ့မရှိပါ သို့ပေမယ့် ပိတ်ကိုပိတ်ရမည် ဟူသော ကိစ္စများလည်း ဖြစ်ပေါ်လျက်ရှိသည်။
· Settings သို့သွားပါ
· လိုအပ်သော အက်ပလီကေးရှင်းများကို ရွေးချယ်ပါ
· “force stop” ဆိုသော tab ကိုနှိပ်ပါ
8. Spaces များဖြင့် အလျင်အမြန်စာရိုက်ခြင်း
စာကြောင်းတကြောင်း၏ အဆုံးပိတ်ရန် လိုအပ်ပါတယ်။ ဆဲလ်ဖုန်းတွင်တော့ စာကြောင်းတကြောင်းပြီးမြောက်ကြောင်း ပြသသည့် အစက်ကလေးကို ရှာနှိပ်ပြီး space နှိပ်ရခြင်းသည် အချိန်အလွန်ကုန်ပါတယ်။ ထို့ကြောင့် Android သည် space နှစ်ခါနှိပ်ခြင်းဖြင့် စာကြောင်းတကြောင်းပြီးမြောက်ကြောင်းပြသသည့် အင်္ဂါရပ်တခုပါရှိပါတယ်။
9. ဘက်ထရီသက်တမ်းတိုးမြှင့်ခြင်း
ဘက်ထရီ ကုန်ဆုံးတော့မည်ဆိုလျှင် battery saver mode ကိုရွေးချယ်ထားခြင်းသည် သင့်ဖုန်းဘက်ထရီကုန်ဆုံး၍ပိတ်သွားခြင်းမှ ကာကွယ်ထားနိုင်ပါသည်။ ထိုကဲ့သို့ပြုလုပ်ရန်အတွက်
· settings ထဲမှ battery သို့သွားပါ
· Battery Saver Mode ကိုရွေးချယ်ပါ
10. အဆက်အသွယ်များကို အမြန်ရှာဖွေခြင်းနာပါတ်ရိုက်ထည့်သည့် နေရာလွတ်တွင် ရှာဖွေချင်သော နာမည်ကိုရိုက်ထည့်ခြင်းဖြင့် အဆက်အသွယ်စာရင်းသို့မသွားဘဲ ကိုယ်လိုအပ်သော အဆက်သွယ်နာမည်ကို ရှာဖွေနိုင်ပါသည်။
Monday, October 19, 2015
Zawgyi]
ခွန်နေ - Khun Nay
အပြန်အလှန် ပိုပိုချစ်လာပြီး တစ်ယောက်အပေါ်တစ်ယောက် ပိုပိုသစ္စာရှိလာစေချင်လို့ ။
www.khunnaymedia.com
[Unicode]
သိစေချင်လို့ !
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
နေ့တိုင်းဖုန်းဆက်တာ အားလွန်းလို့ မဟုတ်ဘူး ။
အချိန်တိုင်း သတိရနေတယ်ဆိုတာ သိစေချင်လို့ ။
တစ်ခါတလေ သိသိကြီးနဲ့ ဖုန်းမဆက်ပဲ
မေ့ချင်ယောင်ဆောင်နေတာ အရွဲ ့ပြန်တိုက်တာခံချင်လို့မဟုတ်ဘူး ။ စိတ်ပူဒေါသသံလေးနဲဲ့ဖုန်းပြန်ဆက်လာတာကို လိုချင်လို့ ။
အချိုးတွေပြင်တာ လုပ်ချင်ရာလုပ် ဆိုးချင်သလိုဆိုးဖို့
လိုက်လျောပေးလိုက်တာမဟုတ်ဘူး ။ နှစ်ယောက်အတူ
တစ်သားတည်းထပ်တူကျပြီး စိတ်တူကိုယ်တူဖြစ်လာစေချင်လို့ ။
ဘယ်လောက်ထိ ချစ်ကြောင်းပြတာ အနိုင်ယူခိုင်းဖို့အတွက်မဟုတ်ဘူး ။
အပြန်အလန် ပိုပိုချစ်လာပြီး တစ်ယောက်အပေါ်တစ်ယောက် ပိုပိုသစ္စာရှိလာစေချင်လို့ ။
တွေ့ဖို့အတွက် တောင်းဆိုနေတာ အချိန်တွေ ပေါလွန်းလို့မဟုတ်ဘူး ။
နှစ်ယောက်သား ပိုပိုနီးကပ်ပြီး သံယောဇဉ်တွေ တိုးလာစေချင်လို့ ။
ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာလို့ ဒေါသထွက်ပြီး ပေါက်ကွဲတာ လမ်းခွဲချင်လို့မဟုတ်ဘူး ။ ကိုယ့်ရဲ ့ သိမ်ငယ်စိတ်တွေ ဒေါသနဲ့ဖုံးပြီး ချစ်သူကို အသိမခံစေချင်လို့ ။
ဒါဟာ အချစ်ကြီးသူတိုင်းမှာ ရှိတတ်တဲ့ခံစားချက်တွေပဲ !
www.khunnaymedia.com
[Zawgyi]
ခွန်နေ - Khun Nay
၁ . အပျင်းကြီးလို့
၎ . အဆိုးမြင်စိတ်များလို့
၇ . အချိန်ဖြုန်းလို့
Ref:whynotyousuccess
[Unicode]
အပေါင်းအသင်းတွေမှာ သင်ဘာကြောင့်နောက်ကျကျန်နေခဲ့သလဲ
ခွန်နေ - Khun Nay
၁ . အပျင်းကြီးလို့
၂ . ဖျော်ဖြေရေး အပျော်အပါးကိုနှစ်သက်ခုံမင်လို့
၃ . ကြောက်စိတ်တွေလွှမ်းမိုးနေလို့
၄ . အဆိုးမြင်စိတ်များလို့
၅ . တစ်ချိန်လုံးတွေးတောနေလို့
၆ . ရည်မှန်းချက် ၊ ရည်ရွယ်ချက်မရှိလို့
၇ . အချိန်ဖြုန်းလို့
၈ . အပြောင်းအလဲ လုပ်ရမှာကိုကြောက်လို့
၉ . ယုံကြည်မှုအားနည်းလို့ စတဲ့အချက်တွေကြောင့် ကိုယ်ဟာ သူများတွေထက် အစစအရာရာ နောက်ကျကျန်နေခဲ့ခြင်းဖြစ်တယ် ။
www.khunnaymedia.com
Monday, October 12, 2015
[Zawgyi]
ခွန်နေ - Khun Nay
၎ . ပတ်ဝန်းကျင်လေ့လာအားကောင်းရပါမယ်
ခွန်နေ - Khun Nay
www.khunaymedia.com
[Unicode]
အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်း ကြုံတွေ့ရမယ့်/ရှိထားရမယ့် ၁၀ ချက်
ခွန်နေ - Khun Nay
၁ . အနာဂတ်ကို ကြိုတင်စိတ်ကူးယဉ်ထားရပါမယ်
ကိုယ့်လုပ်မယ့် အလုပ်ဟာ နှောင်လာမယ့် နှစ်တွေအတွင်း ဘယ်လောက်ကြီးထွားလာမယ် ၊ ဘယ်လိုပြောင်းလဲ သွားနိုင်တယ်ဆိုတာ ကြိုတင်စိတ်ကူးယဉ်ထားဖို့လိုပါတယ် ။ အနာဂတ်အတွက် ကိုယ့်စီမှာ စိတ်ကူးကောင်းကောင်းရှိမှ အိပ်မက်တွေကို အကောင်ထည်ဖော် တည်ဆောက်နိုင်မှာပါ ။
၂ . အကောင်းမြင်စိတ် မွေးထားနိုင်ရမယ်
အဆိုးအကောင်း ဒွန်တွဲတာ သဘာဝဆိုပေမယ့် လူတော်တော်များဟာ အကောင်းမြင်စိတ် မွေးဖို့ အတော်လေး ခက်ခဲတယ် ။ လုပ်ငန်းသဘောမှာ အဆိုးမြင်စိတ်တွေများနေမယ်ဆိုရင် အမှားတွေတိုးလာနိုင်ပြီး လုပ်ငန်းအောင်မြင်ဖို့အတွက် အခက်အခဲ ဖြစ်လာစေပါတယ် ။ ဒါကြောင့် ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် ရေရှည်ရှေးရှုထားတယ်ဆိုရင် အကောင်းမြင်စိတ်ရှိဖို့ဟာ အလွန်အရေးကြီးတယ် ။
၃. အရှုံးတွေကို ရင်ဆိုင်ရဲရပါမယ်
အောင်မြင်တဲ့လူတိုင်း ၊ ကျရှုံးဖူးပါတယ် ။ ဆိုလိုချင်တာက လူတိုင်းကျရှုံးခြင်းကိုရင်ဆိုင် ရပါလိမ့်မယ် ။ ဒါပေမယ့် စိတ်ပျက် မသွားဖို့တော့လိုတယ် ။ အရှုံးထဲက သင်ခန်းစာရှာပြီး ရှေ ့ဆက်ဖို့ အားသစ်တွေ ရှိနေရပါမယ် ။
၄ . ပတ်ဝန်းကျင်လေ့လာအားကောင်းရပါမယ်
ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်မူတည်ပြီး လိုအပ်ရင် ခရီးထွက်သင့်ရင်လည်း ထွက်ရပါမယ် ။ ဒေသတစ်ခုနဲ့တစ်ခု မတူကွဲပြားတဲ့ အလေ့အထတွေ ရှိတာကြောင့် ကိုယ့်လုပ်ငန်းတိုးတက်ဖို့ ပတ်ဝန်းကျင်ကို လေ့လာနိုင်စွမ်းရှိဖို့လိုပါတယ် ။ အိမ် မှာ ငုတ်တုပ်ထိုင်ပြီး စိတ်ကူးယဉ်တာထက် အပြင်လောကကို လက်တွေ့ကျကျ လေ့လာတာက ပိုပြီး အကျိုးရှိစေပါလိမ့်မယ် ။
၅ . Partner ကောင်းကောင်း ရှာထားနိုင်ရပါမယ်
လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ အကြံအဉာဏ်ကောင်းပေးနိုင်တဲ့လူ နဲ့ မိတ်ဆွေကောင်း ရှိဖို့ အလွန်အရေးကြီးတယ် ။ ဒါမှသာလျင် လုပ်ငန်း အောင်မြင်မှာဖြစ်ပြီး ရေရှည်ရပ်တည်နိုင်မှာပါ ။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အတွက်အရေးကြီးတဲ့ အချက်တစ်ချက်လို့ဆိုနိုင်ပါတယ် ။
၆ . အခက်ခဲ အတားအဆီးတွေ ကျော်နိုင်ရပါမယ်
ဘယ်အလုပ်မဆို လွယ်လွယ်ကူကူ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားတယ်ဆိုတာ မရှိပါဘူး ။ သူ့နည်းသူ့ဟန်နဲ့ အခက်အခဲ အတားအဆီးကတော့ ရှိကြစမြဲပါ ။ အခက်အခဲအတားအဆီးတွေ ကြုံလာတဲ့အခါကျရင်လည်း စိတ်ပျက်မသွားဖို့နဲ့ ဒီအခက်အခဲဲကို ဘယ်လိုပြောင်းနိုင်သလဲ ဆိုတာ ကြိုးစားဖြေရှင်းနိုင်ဖို့ အဆင့်သင့် ဖြစ်နေရပါမယ် ။
၇ . စွန့်စားနိုင်ရပါမယ်
ကြီးမားတဲ့ စွန့်စားမှုမရှိရင် ကြီးမားတဲ့ အောင်မြင်မှုမျိုးမရနိုင်ပါဘူးဆိုတဲ့ စကားပုံတောင်ရှိပါတယ် ။ လုပ်ငန်းလုပ်တဲ့အခါ တစ်ခါတလေ ရင်းနှီးမြုပ်နှံမှုမှာ စွန့်စားမှုရှိရသလို ၊ တခါတလေ လုပ်အားအရပါ စွန့်စားလိုက်ရတာမျိုးရှိတတ်ပါတယ် ။ စွန့်စားမှုမှာလည်း ရွေးချယ်မှု မှန်ကန်ဖို့လိုသလို အကယ်လို့ ဆုံးရှုံးခဲဲ့ရင်လည်း အစောက ကျွန်တော်ပြောခဲ့တဲ့ အချက် - ၃ ကိုပြန်ပြီး အမှတ်ရဖို့လိုပါတယ် ။
၈ . ကိုယ့်ပတ်ဝန်းကျင်မှာ လူကောင်းတွေ မွေးထားနိုင်ရပါမယ်
ဒီတစ်ချက်ကလည်း အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ။ လုပ်ငန်းအောင်မြင်ဖို့တင်မဟုတ်ပါဘူး ။ လူတစ်ယောက် အောင်မြင်ဖို့ ၊ အမြင့်ကိုရောက်ဖို့ဆိုတာ ဘေးပတ်ဝန်းကျင်ကောင်း မရှိပဲ မရနိုင်ပါဘူး ။ ပတ်ဝန်းကျင်ကောင်း အဆက်အသွယ်ကောင်းရှိမှသာ အောင်မြင်မှုရဖို့ ပိုပြီးလွယ်ကူစေပါတယ် ။
၉ . မေးခွန်းမေးရမှာကို ဘယ်တော့မှမရှက်ပါနဲ့
ပညာရှိတွေပြောခဲဲ့တဲ့စကားပုံတစ်ခုရှိပါတယ် ။ မသိတဲ့အရာကို မေးခွန်းမေးလိုက်လို့ ၅ မိနစ်လောက်ပဲ လူတွေအထင်သေးတာခံရင် ခံရလိမ့်မယ် ၊ ၅ မိနစ်လောက် အထင်သေးခံရမှာရှက်လို့ မမေးပဲနေမယ် ဆိုရင်တော့ တစ်သက်လုံး လူတွေအထင်သေးတာကိုခံရပါလိမ့်မယ် ။ ဒါကြောင့် မေးခွန်းမေးရမှာ လေ့လာသင်ယူရမှာကို အရှက်အကြောက်ကြီးနေလို့မရပါဘူး ။
၁၀ . ဒီနေ့ထက်သေချာတာ ဘယ်အရာမှမရှိ
မနက်ဖြန်သေရမယ်ဆိုတဲ့စိတ်နဲ့ အသက်ရှင်ပြီး ငါဘယ်တော့မှ မသေသေးဘူးဆိုတဲ့စိတ်နဲ့ ကြိုးစားလုပ်ကိုင်ပါ ။ ယနေ့ထက် သေချာတာဘယ်အရာမှမရှိတဲဲ့အတွက် ယနေ့လုပ်ရမယ့်အရာကို ပြီးမြောက်အောင် လုပ်ခဲ့ပါ ။ မှန်ကန်တဲ့ ရွေးချယ်မှုမျိုးရှိနေပါစေ။
ခွန်နေ - Khun Nay
www.khunaymedia.com
Friday, October 9, 2015
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
www.khunnaymedia.com
[Unicode]
အရွဲ ့တိုက်ခြင်းဆိုတာ
ခွန်နေ - Khun Nay
www.facebook.com/nay.tun2
တကယ်ချစ်တဲ့ ချစ်သူနှစ်ယောက်မှာ တစ်ယောက်ပေါ်တစ်ယောက် ပွင့်လင်းရိုးသားဖို့ အရေးကြီးတယ် ။ တစ်ဘဝလုံးအတွက် လက်တွဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် ပိုလို့တောင်မှအရေးကြီးပါသေးတယ် ။ တစ်ယောက်အပေါ် တစ်ယောက် မကျေနပ်မှုရှိရင် ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း ပြောဖို့လိုပြီး တစ်ဖက်သတ် မျိုသိပ်ထားလို့မရပါဘူး ။ အကျိုးဆက်အနေနဲ့ ခံစားလွယ်ခြင်း ၊ ထိရှလွယ်ခြင်းနှင့် အရွဲ ့တိုက်ခြင်းတွေ ဖြစ်လာစေပါတယ် ။ လူဆိုတာ စဉ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်းမြင့်တဲ့အတွက် သတ္တဝါထဲမှာ ဉာဏ်ရည်အမြင့်ဆုံး လို့သတ်မှတ်ထားပါတယ် ။ ဖြစ်ချင်တဲ့ စိတ်ဆန္ဒကို ဦးစားပေးလွန်းပြီး စိတ်အာရုံနောက်ကိုလိုက်လွန်းရင် မဖြစ်သင့်တာ ဖြစ်သွားရသလို အရွဲ ့တိုက်ခြင်းဟာ ဘယ်သူ တစ်ဦးတစ်ယောက်အတွက် ကောင်းလာစရာ မရှိပါဘူး ။ ဒါကြောင့် အကြောင်းအရာ တစ်ခုအပေါ်လုပ်ဆောင်တဲ့အခါ တစ်ဒင်္ဂ စိတ်ပြေသွားဖို့ဆိုတာထက် အချိန် ၁၅ မိနစ်လောက်ပေးပြီး ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားနိုင်ဖို့လိုပါတယ် ။ ချစ်သူနှစ်ယောက်မှာ ဂရုစိုက်တာ လိုချင်လို့ အခြားတစ်ယောက်နဲ့ အရွဲ ့တိုက်ပြီးတွဲတယ်ဆိုတာ ဇာတ်လမ်းထဲမှာသာကြည့်ကောင်းပေမယ့် လက်တွေ့ဘဝမှာတော့ ဒါဟာ သစ္စာဖောက်ခြင်း သက်သက်ပါပဲ ။ ချစ်လို့ အရွဲ ့တိုက်ပြတာ ဆိုပေမယ့် ဆင်ခြေပေးခြင်းသာဖြစ်ပြီး အနှုတ်ဘက်ကိုသာဦးတည်စေပါတယ် ။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် တကယ်ကိုရည်ရွယ်ထားတယ်ဆိုရင် ချစ်သူနှစ်ယောက်မှာ ပွင့်လင်းရိုးသားပြီး နားလည်မှုရှိဖို့သာ လိုပါတယ် ။ အရွဲ ့တိုက်ခြင်းဆိုတာ ချစ်သူနှစ်ယောက်မှာတင်မဟုတ်ပါဘူး
အိမ်ထောင်ကျသွားသည့်တိုင်အောင် မရှိသင့်တဲ့ တလွဲမာနမျိုးသာ ဖြစ်တယ် ။
Friday, September 18, 2015
အလုပ်အကိုင်အခွင့်အလမ်းတွေများလာပြီး လူနေထူထပ်လာတဲ့ ရန်ကုန်မြို့ ဟာ နယ်လူငယ်တွေအတွက် မျက်စိကျချင်စရာနေရာဖြစ်လာပါတယ် ။ အလုပ်အကိုင် အခွင့်အလမ်းများပြားလာမှုနဲ့ အတူ ရန်ကုန် အိမ်၊ ခြံ ၊ မြေ ဈေးမြင့်တက်လာမှုနှင့် စားဝတ်နေရေး ပြဿနာက လုပ်ငန်းခွင်ဝင် လူငယ်တွေအတွက် အဓိက စိန်ခေါ်မှုဖြစ်လာစေပါတယ် ။  တစ်ကိုယ်ရေ တစ်ကာယ သမားဖြစ်တဲ့ လူငယ်တွေအတွက် ရန်ကုန်မှာ တိုက်ခန်းငှားနေဖို့ အကုန်ကျစရိတ်ကြီးမြင့်လွန်းတာကြောင့် အဆောင်နေ စနစ်ဟာ ပိုမိုကြီးမားလာပါတယ် ။ အဆောင်တွေ အများအပြားရှိတဲ့  လှည်းတန်း၊ စမ်းချောင်း၊တာမွေ နဲ့ ကြည့်မြင်တိုင် အစရှိတဲ့ 
မြို့ နယ် တွေမှာ အဆောင်အများအပြားပေါ်ထွက်လာသလို အဆောင်နေလူငယ်တွေ လည်း နေ့စဉ်တိုးပွားလို့လာပါတယ် ။ တိုက်ခန်းငှားတဲ့ ဈေးနှုန်းထက် အဆောင်နေ လူငယ်တစ်ယောက်အတွက် ကုန်ကျစရိတ် သက်သာသွားပေမယ့် အခန်းဖော်ကောင်းရဖို့နဲ့ ကိုယ့်ကြိုက်နှစ်သက်တဲ့ နေရာဖို့အတွက်က အခက်အခဲတစ်ခု ဖြစ်လာစေတယ် ။ ဒါကြောင့် ရန်ကုန်နေ လူငယ်အချို့ အတွက် တိုက်ခန်းစုငှားတဲ့ စနစ်ဖြစ်ပိုပြီးများပြားလာပါတယ် ။ တိုက်ခန်း စုငှားတဲ့ စနစ်များပြားလာတာနဲ့အမျှ လူသုံးအများ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်တွေပေါ်မှာလည်း Group တွေအသီးသီးပေါ်ထွက်လာပါတယ် ။ အလားတူပဲ မြန်မာနိုင်ငံ အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ် ဝက်ဆိုဒ်ဖြစ်တဲ့ house.com.mm ကလည်း လူမှုကွန်ယက် Flat share Group တစ်ခုအဖြစ် 
 ( FlatShare အိမ်ခန်းစပ်တူငှားလိုသူများ ဆုံဆည်းရာ ) ကိုဖန်တီးလာပါတယ် ။  အဆိုပါ Group 
( FlatShare အိမ်ခန်းစပ်တူငှားလိုသူများ ဆုံဆည်းရာ ) မှာ လူငယ်တွေအတွက် အဆောင်ခန်းရှာဖွေရခက်ခဲတဲ့ ပြဿနာနှင့် တိုက်ခန်းရှာရခက်ခဲတဲ့ ပြဿနာတွေကို လွယ်ကူစေဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ် ။ အဆိုပါ Group ကို လွန်ခဲ့တဲ့ သုံးလလောက်က ဖန်တီးထားတာဖြစ်ပြီး စုငှားဖို့ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေအတွက် အဆင်ပြေစေဖို့ မျှဝေပေးလိုက်ပါတယ် ။နောက်လည်း စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်မယ့် Group တွေရှိလာရင် မျှဝေပေးသွားပါဦးမယ် ။ 
ခွန်နေ - Khun Nay
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook