Monday, May 11, 2015


Zawgyi Font
ခြန္ေန - Khun Nay

လက္ရွိ ျမန္မာျပည္အလုပ္အကုိင္အခြင့္အလမ္း ၊ ပညာေရးစနစ္ကုိ လူေပါင္းစုံ ၊ အလႊာေပါင္းစုံ ေတြကေနေဝဖန္မႈ အမ်ဳိးမ်ဳိးေပၚထြက္လုိ႔ ေနပါတယ္ ။ ျပည္တြင္း ပညာေရးႏွင့္ အလုပ္အကုိင္ အခြင့္အလမ္း ျပႆာနာဟာ ျမန္မာျပည္ရဲ ႔ ႏွစ္ရွည္လမ်ားစြာ အျမစ္တြယ္ေနတဲ့ ႏုိင္ငံေရးျပႆနာ တစ္ခုတစ္ဖြယ္ တည္ရွိလုိ႔ေနပါတယ္ ။

ပညာေရးစနစ္မဖြံ႔ၿဖဳိးမႈ ၊ မိရုိးဖလာ သင္ၾကားေရးစနစ္မွာ အနာဂတ္လူငယ္ေတြ ရည္မွန္းခ်က္ ေပ်ာက္ဆုံးမႈေတြေၾကာင့္ ျမန္မာျပည္ရဲ ႔ လုပ္သားလုိအပ္ခ်က္ ၊ အလုပ္အကုိင္အခြင့္အလမ္းေတြဟာ အနာဂတ္ မွာ စိန္ေခၚလာႏုိင္တဲ့ အဓိက ေျဖရွင္းရမယ့္ အေၾကာင္းအရာ လုိ႔ ေဝဖန္သုံးသပ္သူေတြက ဆုိၾကပါတယ္ ။

အဲဒီရဲ ႔အျခားတစ္ဘက္ လုပ္ငန္းခြင္ဝင္ေနတဲ့ လူငယ္ေတြကေရာ သူတုိ႔ရဲ ႔ အျမင္မွာ ဘယ္လုုိေတြ ေဝဖန္သုံးသပ္ထားသလဲ ဆုိတာ ေတြ႔ဆုံေမးျမန္းျဖစ္ခဲ့ပုံေလးမ်ားကုိ စုစည္းတင္ဆက္ေပးလုိက္ပါတယ္ ။

#########
လက္ရွိ Blink PR and Digital Marketing Agency မွာ Head of Social Media ရာထူးနဲ႔ လုပ္ငန္းခြင္ဝင္ေနတဲ့ ေမာင္ျပည့္ၿဖဳိးႏုိင္က ပညာေရးနဲ႔
အလုပ္အကုိင္အခြင့္အလမ္း ေတြအေပၚ ယခုလုိ သုံးသပ္ထားပါတယ္ ။
" ကြ်န္ေတာ့္ရဲ ႔ပညာအရည္အခ်င္း 2nd MB(စာေမးပြဲက် ေက်ာင္းထုတ္ခံရ) , အေ၀းသင္ First year (ဘာမွမထူးဘူးထင္လို႔ စာေမးပြဲမေျဖေတာ့တာ ၂ႏွစ္ရိွၿပီ) , Business IT first year ၿပီး (အလုပ္ေၾကာင့္ ဆက္မတတ္ျဖစ္ေတာ့ ) အခုေတာ့ ICM မွာ Public Relation diploma တတ္ေနတယ္ ။
အျမင္ကေတာ့ အစိုးရက ျပင္တာမျပင္တာထက္ ဥပေဒေတြ ခ်ဳပ္ကိုင္တာေတြ တရားတာေတြ မတရားတာေတြထက္ ကိုယ္လုပ္မွ ကိုယ္ျဖစ္မွာပါပဲ ....
က်ေနာ္ဆို ဘာေက်ာင္းမွ မၿပီးဘူး ... စာေမးပြဲက်လို႔ ေက်ာင္းကေတာင္အထုတ္ခံခဲ့ရဖူးတယ္ ။ ဒါေပမယ့္ ကိုယ္စိတ္၀င္စားတဲ့ အားသန္တဲ့ဘက္ကို
တစ္စိုက္မတ္မတ္ လိုက္လာခဲ့တယ္ ... ေအာင္ျမင္ေနတာေတာ့မဟုတ္ေပမယ့္ အထိုက္အေလ်ာက္ေတာ့ အဆင္ေျပေနတာပဲ ....
ဘုရားေတာင္ေဟာ သြားေသးတာပဲ ... အတၱာဟိ အတၱေနာ နာေထာ တဲ့ .... မိမိကိုယ္သာ ကိုးကြယ္ရာ တဲ့ ...လက္ညိဳးေတြထိုးေနမယ့္အစား စိတ္သန္တဲ့ ဘက္ကို တစိုက္မတ္မတ္လုပ္ရင္ ေနရာတစ္ခုေတာ့ရလာမွာပဲ ၊ ကြ်န္ေတာ္ အၿမဲသုံးေနတဲ့ လက္စြဲစကားလုိေပါ့.."
"I don't have fancy education like most of the people in here. But I tried my best for my employee life." ဆုိၿပီး သူရဲ အျမင္ေတြကို ယခုလုုိပဲ
ေျပာၾကားထာပါတယ္ ။
#############

လက္ရွိျပည္တြင္း အေျခစုိက္ ႏုိင္ငံတကာ အြန္လုိင္းဝန္ေဆာင္မႈ ကုမၸဏီ တစ္ခုမွာ လုပ္ငန္းခြင္ဝင္ေနတဲ့ ေမာင္ထူးရေက်ာ္က လည္းသူရဲ ႔ အျမင္ကုိ ယခုလုိေျပာပါတယ္ ။
" ဘယ္လိုေျပာရမလဲဆိုေတာ့ အခုလက္ရွိဆႏၵျပတာနဲ႔ ပတ္သတ္ျပီး ႏိုင္ငံမွာ ဘာေတြ ဆံုးရံႈးမႈေတြရွိသြားလဲ ဆိုတာ အရင္စဥ္းစားရမယ္ ..
ဘာမွ မယ္မယ္ရရ မဆံုးရံႈးသြားဘူး ... တကယ္လို႔ သူတို႔ သပိတ္ေမွာက္တာ ေအာင္ျမင္ျပီး ပညာေရးတိုးတက္မႈေတြ ျဖစ္လာခဲ့မယ္ဆိုရင္
ဒါအျမတ္ပဲေလ ေလာေလာဆယ္ ပညာေရးက တစ္ျခားႏိုင္ငံေတြနဲ႔ ယွဥ္ရင္ နိမ့္က်ေနတာ အသိသာၾကီးပါ ။ လည္သူေတြကေတာ့ ေအာင္ျမင္ေနမွာပဲ
၊ ဟိုလိုလိုဒီလိုလိုေတြကေတာ့ ေအာက္္မွာ က်န္ခဲ့မွာ ၊ အခုဆႏၵျပမႈက ဘယ္ပါတီအတြက္မွလည္း မဟုတ္သလို အမ်ားအတြက္ေရွ႕ေရးကို ႀကဳိေတြးျပီး ဆႏၵျပတာျဖစ္တဲ့ အတြက္ ျဖစ္သင့္တယ္လို႔ ထင္တယ္ ၊ ဒီထက္ေကာင္း တဲ့ နည္းလမ္းေတြ လည္းရွိရင္ ရွိမွာေပ့ါ ဆႏၵျပတယ္ဆုိတာ ကူမယ့္ ကယ္မယ့္သူ မရွိလို႔ အရပ္ကူပါ ၀ိုင္းေအာ္ တာနဲ႔ အတူူတူပါပဲ ၊ လက္ရွိႏိုင္ငံေရး အေနနဲ႔ ဒီလိုလုပ္မွ ပဲရမယ့္အေနအထားမွာ ရွိတယ္ ၊ ျမင္ေတြ႔ေနရတာေတြ ကထူးခၽြန္ျပီးသားသူေတြကဒီ သပိတ္ေမွာက္ပဲြ ကိုသိပ္မၾကိဳက္ၾကဘူး ၊
ဒါေပမယ့္ က်ေနာ္ ႏိုင္ငံတကာကုမၸဏီတစ္ခုမွာ အလုပ္လုပ္တယ္ အလုပ္ၾကမ္း မဟုတ္သလို လခလဲ မဆိုးပါဘူး ၊ အဓိကကေတာ့ ေက်ာင္းက သင္တဲ့ ပညာထက္ ကိုယ့္ဟာကိုေလ့လာခ်င္စိတ္ ရွိဖို႔ လိုအပ္ပါတယ္။
ဘြဲ႕တစ္ခုကေတာ့ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္လံုး၀လိုအပ္ပါတယ္.. လက္ရွိ က်ေနာ့္အေနနဲ႔လည္း ဘြဲ႔ရေအာင္ ၾကိဳးစားေနဆဲပါ..
ဒါေပမယ့္ ဘြဲ႕ ရတာထက္ ပညာတတ္တစ္ေယာက္ျဖစ္ဖုိ႔က ပုိအေရးႀကီးပါတယ္ " လုိ႔သူကဆုိပါတယ္ ။
##############

Online English Learinging Website www.moeshinn.com တည္ေထာင္သူ မိုးရွင္း (I.M.T)က "ကြ်န္ေတာ့္အျမင္ကေတာ့ သူတို႔မွားတယ္လို႔မဆိုလိုခ်င္သလို မွန္တယ္လို႔ လည္းမဆိုလို ခ်င္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ မွန္တယ္လုိ႔ ေၿပာဖို႔က်ေတာ့ ပညာအရည္အခ်င္းသိပ္မရွိပဲနဲ႔ ေအာင္ျမင္ေန ၾကတဲ့ သူေတြလည္း ရွိေနပါတယ္။ သူတို႔ရဲ ႔ပင္ကိုယ္အသိစိတ္ေၾကာင့္ႀကဳိးစားခဲ့လို႔ပါ။
မွားတယ္လို႔ ေျပာရင္လည္း မတရားရာ က်ပါမယ္။ ကြ်န္ေတာ္ သူတို႔ေနခဲ့သလို မေနခဲ့ဖူးပါဘူး ။ ဆုိလုိခ်င္တာက လူေတြဟာ ေမြးဖြားရာပတ္၀န္းက်င္ က လူေတြေပၚမွာမူတည္ၿပီး ခံယူခ်က္ေၿပာင္းလဲတတ္ၾကပါတယ္။ ဥပမာဆိုပါဆို႔။
ကြ်န္ေတာ့္အေဖဆိုရင္ ၾကိဳးစားတယ္။ ဘယ္ေတာ့မွအရံႈးမေပးတတ္ဘူး ။ အခြင့္အေရးက တံခါးလာမေခါက္ရင္ တံခါးတစ္ခုဖန္တီးတတ္တဲ့သူမ်ိဳးပါ ။
ကြ်န္ေတာ္ကလည္း အဲ့ဒီ ဗီဇပါလာပါတယ္။ ဒါေပမယ့္ သူတို႔ကုိမွားတယ္လို႔ မဆိုလိုခ်င္တာ ကြ်န္ေတာ္ခံယူထားတဲ့ ခံယူခ်က္တစ္ခုေၾကာင့္ပါ။ ကြ်န္ေတာ့္ခံယူခ်က္က
"အမွန္တရားအေၾကာင္းသူမ်ားကိုမေမးပါနဲ႔ ။ သူတို႔က သူတို႔ထင္တာပဲ ေျပာပါလိမ့္မယ္ ။ အမွန္တရားဆိုတာ သင္ကုိယ္တိုင္ရွာေဖြရမဲ့အရာပါ"
ဒါေၾကာင့္ သူတို႔မွန္လားမွားလား အခ်ိန္အတိုင္းအတာ ကာလတစ္ခုက သူတို႔ကုိဆံုးၿဖတ္ေပးပါလိမ့္မယ္ " လုိ႔ေျပာပါတယ္ ။
##################

ႏုိင္ငံျခားအြန္လုိင္းအိမ္ၿခံေျမ လုပ္ငန္းခြင္ဝင္ေရာက္လုပ္ကုိင္ေနတဲ့ လူငယ္
ေမာင္းေကာင္းထုိက္ကသူရဲ ႔အျမင္ကုိ ယခုလုိေျပာပါတယ္ ။

" ေက်ာင္းသားေတြဆႏၵျပၾကတာနဲ႔ ပက္သက္လုိ႔ေတာ့ ဘယ္သူမွမွန္တယ္ မွားတယ္လုိ႔ေတာ့ မေျပာခ်င္ပါဘူး..။ ဒါေပမယ့္လုိ႔နယ္ကလူေတြ၊
အထူးသျဖင့္ လူငယ္ေတြအတြက္ အခြင့္အလမ္းနည္းတာေတာ့အမွန္ပါဘဲ..။ ရန္ကုန္ ၊ မႏၲေလးမွာဘဲ အလုပ္အကုိင္ေတြ၊ အခြင့္အလမ္းေတြ က စုျပံဳေနတာေတာ့ တျခားေနရာေဒသေတြ အတြက္ေတာ့ မတရားဘူးလုိ႔ ထင္ပါတယ္။ ဘြဲ႕ရရ၊ မရရ ႀကိဳးစားတဲ့ လူအတြက္ အခြင့္အေရးရွိတယ္ ဆုိေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ေမြးရပ္ေဒသကုိမစြန႔္ႏုိင္ေသးတဲ့သူေတြ၊ မိသားစု၊ အိမ္ကုိ ပစ္ၿပီး တစ္နယ္တစ္ေက်းမသြားႏုိင္ေသးတဲ့သူေတြ အတြက္ေတာ့ အခြင့္အေရးနည္းေနတယ္လုိ႔ထင္ပါတယ္။ ပတၱျမားဆုိတာ ႏံြနစ္နစ္၊မနစ္နစ္ တန္ဖုိးမေျပာင္းေပမယ့္ ဘယ္သူမွမသိလုိက္ရင္ေတာ့ တန္ဖုိးလည္းေပၚလာမွာမဟုတ္ပါဘူး။ ေနရာေဒသတုိင္းအတြက္ မတူညီရင္ေတာင္သိပ္မကြာတဲ့ အခြင့္အေရးရွိသင့္တယ္လုိ႔ထင္ပါတယ္။ ဒါေပမယ့္လုိ႔ အခြင့္အေရးကုိ ခ်ည္းထုိင္ေစာင့္ေနလုိ႔လဲ မျဖစ္ပါဘူး။ ကုိယ့္ဘက္ကလည္းျပင္ဆင္စရာရွိတာ၊ လုိအပ္တာေတြကုိ ျဖည့္သင့္၊ ျပင္ဆင္ထားသင့္တယ္လုိ႔ထင္ပါတယ္ " လုိ႔ဆုိပါတယ္ ။

အထက္ကတင္ျပထားတဲ့ အေၾကာင္းအရာေတြက အနီးနားလုပ္ငန္းခြင္ဝင္ေန
တဲ့လူငယ္ေတြရဲ ႔ သူတုိ႔အျမင္ ၊ သူတုိ႔ရဲ ႔ ေဝဖန္သုံးသပ္မႈေတြပါ ။ စာဖတ္သူေတြကေရာ " ျမန္မာျပည္ အလုပ္အကုိင္ ႏွင့္ ပညာေရးစနစ္ " ဒီလုိေခါင္းစဥ္မ်ဳိးနဲ႔ ေမးခြန္းထုတ္ခဲ့မယ္ ဆုိရင္ေရာ ဘယ္လုိမ်ား ေဝဖန္သုံးသပ္ၾကမလဲ ကြန္မက္ေရး လုိ႔ ယဥ္ေက်းစြာ ဝင္ေရာက္ ေဆြးေႏြးႏုိင္ ပါတယ္ ။

ခြန္ေန - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
Photo Credit - Google

Unicode font
ခွန်နေ - Khun Nay 

လက်ရှိ မြန်မာပြည်အလုပ်အကိုင်အခွင့်အလမ်း ၊ ပညာရေးစနစ်ကို လူပေါင်းစုံ ၊ အလွှာပေါင်းစုံ တွေကနေဝေဖန်မှု အမျိုးမျိုးပေါ်ထွက်လို့ နေပါတယ် ။ ပြည်တွင်း ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ပြဿာနာဟာ မြန်မာပြည်ရဲ ့ နှစ်ရှည်လများစွာ အမြစ်တွယ်နေတဲ့ နိုင်ငံရေးပြဿနာ တစ်ခုတစ်ဖွယ် တည်ရှိလို့နေပါတယ် ။ 

ပညာရေးစနစ်မဖွံ့ဖြိုးမှု ၊ မိရိုးဖလာ သင်ကြားရေးစနစ်မှာ အနာဂတ်လူငယ်တွေ ရည်မှန်းချက် ပျောက်ဆုံးမှုတွေကြောင့် မြန်မာပြည်ရဲ ့ လုပ်သားလိုအပ်ချက် ၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အနာဂတ် မှာ စိန်ခေါ်လာနိုင်တဲ့ အဓိက ဖြေရှင်းရမယ့် အကြောင်းအရာ လို့ ဝေဖန်သုံးသပ်သူတွေက ဆိုကြပါတယ် ။

အဲဒီရဲ ့အခြားတစ်ဘက် လုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တွေကရော သူတို့ရဲ ့ အမြင်မှာ ဘယ်လုုိတွေ ဝေဖန်သုံးသပ်ထားသလဲ ဆိုတာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံလေးများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ် ။ 

#########
လက်ရှိ Blink PR and Digital Marketing Agency မှာ Head of Social Media ရာထူးနဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ မောင်ပြည့်ဖြိုးနိုင်က ပညာရေးနဲ့ 
အလုပ်အကိုင်အခွင့်အလမ်း တွေအပေါ် ယခုလို သုံးသပ်ထားပါတယ် ။ 
" ကျွန်တော့်ရဲ ့ပညာအရည်အချင်း 2nd MB(စာမေးပွဲကျ ကျောင်းထုတ်ခံရ) , အဝေးသင် First year (ဘာမှမထူးဘူးထင်လို့ စာမေးပွဲမဖြေတော့တာ ၂နှစ်ရှိပြီ) , Business IT first year ပြီး (အလုပ်ကြောင့် ဆက်မတတ်ဖြစ်တော့ ) အခုတော့ ICM မှာ Public Relation diploma တတ်နေတယ် ။
အမြင်ကတော့ အစိုးရက ပြင်တာမပြင်တာထက် ဥပဒေတွေ ချုပ်ကိုင်တာတွေ တရားတာတွေ မတရားတာတွေထက် ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာပါပဲ .... 
ကျနော်ဆို ဘာကျောင်းမှ မပြီးဘူး ... စာမေးပွဲကျလို့ ကျောင်းကတောင်အထုတ်ခံခဲ့ရဖူးတယ် ။ ဒါပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အားသန်တဲ့ဘက်ကို 
တစ်စိုက်မတ်မတ် လိုက်လာခဲ့တယ် ... အောင်မြင်နေတာတော့မဟုတ်ပေမယ့် အထိုက်အလျောက်တော့ အဆင်ပြေနေတာပဲ .... 
ဘုရားတောင်ဟော သွားသေးတာပဲ ... အတ္တာဟိ အတ္တနော နာထော တဲ့ .... မိမိကိုယ်သာ ကိုးကွယ်ရာ တဲ့ ...လက်ညိုးတွေထိုးနေမယ့်အစား စိတ်သန်တဲ့ ဘက်ကို တစိုက်မတ်မတ်လုပ်ရင် နေရာတစ်ခုတော့ရလာမှာပဲ ၊ ကျွန်တော် အမြဲသုံးနေတဲ့ လက်စွဲစကားလိုပေါ့.."
"I don't have fancy education like most of the people in here. But I tried my best for my employee life." ဆိုပြီး သူရဲ အမြင်တွေကို ယခုလုုိပဲ
ပြောကြားထာပါတယ် ။ 
#############

လက်ရှိပြည်တွင်း အခြေစိုက် နိုင်ငံတကာ အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုမှာ လုပ်ငန်းခွင်ဝင်နေတဲ့ မောင်ထူးရကျော်က လည်းသူရဲ ့ အမြင်ကို ယခုလိုပြောပါတယ် ။
" ဘယ်လိုပြောရမလဲဆိုတော့ အခုလက်ရှိဆန္ဒပြတာနဲ့ ပတ်သတ်ပြီး နိုင်ငံမှာ ဘာတွေ ဆုံးရှုံးမှုတွေရှိသွားလဲ ဆိုတာ အရင်စဉ်းစားရမယ် .. 
ဘာမှ မယ်မယ်ရရ မဆုံးရှုံးသွားဘူး ... တကယ်လို့ သူတို့ သပိတ်မှောက်တာ အောင်မြင်ပြီး ပညာရေးတိုးတက်မှုတွေ ဖြစ်လာခဲ့မယ်ဆိုရင်
ဒါအမြတ်ပဲလေ လောလောဆယ် ပညာရေးက တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နိမ့်ကျနေတာ အသိသာကြီးပါ ။ လည်သူတွေကတော့ အောင်မြင်နေမှာပဲ
၊ ဟိုလိုလိုဒီလိုလိုတွေကတော့ အောက််မှာ ကျန်ခဲ့မှာ ၊ အခုဆန္ဒပြမှုက ဘယ်ပါတီအတွက်မှလည်း မဟုတ်သလို အများအတွက်ရှေ့ရေးကို ကြိုတွေးပြီး ဆန္ဒပြတာဖြစ်တဲ့ အတွက် ဖြစ်သင့်တယ်လို့ ထင်တယ် ၊ ဒီထက်ကောင်း တဲ့ နည်းလမ်းတွေ လည်းရှိရင် ရှိမှာပေ့ါ ဆန္ဒပြတယ်ဆိုတာ ကူမယ့် ကယ်မယ့်သူ မရှိလို့ အရပ်ကူပါ ၀ိုင်းအော် တာနဲ့ အတူူတူပါပဲ ၊ လက်ရှိနိုင်ငံရေး အနေနဲ့ ဒီလိုလုပ်မှ ပဲရမယ့်အနေအထားမှာ ရှိတယ် ၊ မြင်တွေ့နေရတာတွေ ကထူးချွန်ပြီးသားသူတွေကဒီ သပိတ်မှောက်ပွဲ ကိုသိပ်မကြိုက်ကြဘူး ၊ 
ဒါပေမယ့် ကျနော် နိုင်ငံတကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ် အလုပ်ကြမ်း မဟုတ်သလို လခလဲ မဆိုးပါဘူး ၊ အဓိကကတော့ ကျောင်းက သင်တဲ့ ပညာထက် ကိုယ့်ဟာကိုလေ့လာချင်စိတ် ရှိဖို့ လိုအပ်ပါတယ်။
ဘွဲ့တစ်ခုကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်လုံးဝလိုအပ်ပါတယ်.. လက်ရှိ ကျနော့်အနေနဲ့လည်း ဘွဲ့ရအောင် ကြိုးစားနေဆဲပါ.. 
ဒါပေမယ့် ဘွဲ့ ရတာထက် ပညာတတ်တစ်ယောက်ဖြစ်ဖို့က ပိုအရေးကြီးပါတယ် " လို့သူကဆိုပါတယ် ။ 
##############

Online English Learinging Website www.moeshinn.com တည်ထောင်သူ မိုးရှင်း (I.M.T)က "ကျွန်တော့်အမြင်ကတော့ သူတို့မှားတယ်လို့မဆိုလိုချင်သလို မှန်တယ်လို့ လည်းမဆိုလို ချင်ပါဘူး။ ဘာလို့လည်းဆိုတော့ မှန်တယ်လို့ ပြောဖို့ကျတော့ ပညာအရည်အချင်းသိပ်မရှိပဲနဲ့ အောင်မြင်နေ ကြတဲ့ သူတွေလည်း ရှိနေပါတယ်။ သူတို့ရဲ ့ပင်ကိုယ်အသိစိတ်ကြောင့်ကြိုးစားခဲ့လို့ပါ။ 
မှားတယ်လို့ ပြောရင်လည်း မတရားရာ ကျပါမယ်။ ကျွန်တော် သူတို့နေခဲ့သလို မနေခဲ့ဖူးပါဘူး ။ ဆိုလိုချင်တာက လူတွေဟာ မွေးဖွားရာပတ်ဝန်းကျင် က လူတွေပေါ်မှာမူတည်ပြီး ခံယူချက်ပြောင်းလဲတတ်ကြပါတယ်။ ဥပမာဆိုပါဆို့။ 
ကျွန်တော့်အဖေဆိုရင် ကြိုးစားတယ်။ ဘယ်တော့မှအရှုံးမပေးတတ်ဘူး ။ အခွင့်အရေးက တံခါးလာမခေါက်ရင် တံခါးတစ်ခုဖန်တီးတတ်တဲ့သူမျိုးပါ ။ 
ကျွန်တော်ကလည်း အဲ့ဒီ ဗီဇပါလာပါတယ်။ ဒါပေမယ့် သူတို့ကိုမှားတယ်လို့ မဆိုလိုချင်တာ ကျွန်တော်ခံယူထားတဲ့ ခံယူချက်တစ်ခုကြောင့်ပါ။ ကျွန်တော့်ခံယူချက်က
"အမှန်တရားအကြောင်းသူများကိုမမေးပါနဲ့ ။ သူတို့က သူတို့ထင်တာပဲ ပြောပါလိမ့်မယ် ။ အမှန်တရားဆိုတာ သင်ကိုယ်တိုင်ရှာဖွေရမဲ့အရာပါ"
ဒါကြောင့် သူတို့မှန်လားမှားလား အချိန်အတိုင်းအတာ ကာလတစ်ခုက သူတို့ကိုဆုံးဖြတ်ပေးပါလိမ့်မယ် " လို့ပြောပါတယ် ။ 
##################

နိုင်ငံခြားအွန်လိုင်းအိမ်ခြံမြေ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေတဲ့ လူငယ်
မောင်းကောင်းထိုက်ကသူရဲ ့အမြင်ကို ယခုလိုပြောပါတယ် ။ 

" ကျောင်းသားတွေဆန္ဒပြကြတာနဲ့ ပက်သက်လို့တော့ ဘယ်သူမှမှန်တယ် မှားတယ်လို့တော့ မပြောချင်ပါဘူး..။ ဒါပေမယ့်လို့နယ်ကလူတွေ၊
အထူးသဖြင့် လူငယ်တွေအတွက် အခွင့်အလမ်းနည်းတာတော့အမှန်ပါဘဲ..။ ရန်ကုန် ၊ မန္တလေးမှာဘဲ အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ က စုပြုံနေတာတော့ တခြားနေရာဒေသတွေ အတွက်တော့ မတရားဘူးလို့ ထင်ပါတယ်။ ဘွဲ့ရရ၊ မရရ ကြိုးစားတဲ့ လူအတွက် အခွင့်အရေးရှိတယ် ဆိုပေမယ့် အကြောင်းကြောင်းကြောင့် မွေးရပ်ဒေသကိုမစွန့်နိုင်သေးတဲ့သူတွေ၊ မိသားစု၊ အိမ်ကို ပစ်ပြီး တစ်နယ်တစ်ကျေးမသွားနိုင်သေးတဲ့သူတွေ အတွက်တော့ အခွင့်အရေးနည်းနေတယ်လို့ထင်ပါတယ်။ ပတ္တမြားဆိုတာ နွံနစ်နစ်၊မနစ်နစ် တန်ဖိုးမပြောင်းပေမယ့် ဘယ်သူမှမသိလိုက်ရင်တော့ တန်ဖိုးလည်းပေါ်လာမှာမဟုတ်ပါဘူး။ နေရာဒေသတိုင်းအတွက် မတူညီရင်တောင်သိပ်မကွာတဲ့ အခွင့်အရေးရှိသင့်တယ်လို့ထင်ပါတယ်။ ဒါပေမယ့်လို့ အခွင့်အရေးကို ချည်းထိုင်စောင့်နေလို့လဲ မဖြစ်ပါဘူး။ ကိုယ့်ဘက်ကလည်းပြင်ဆင်စရာရှိတာ၊ လိုအပ်တာတွေကို ဖြည့်သင့်၊ ပြင်ဆင်ထားသင့်တယ်လို့ထင်ပါတယ် " လို့ဆိုပါတယ် ။

အထက်ကတင်ပြထားတဲ့ အကြောင်းအရာတွေက အနီးနားလုပ်ငန်းခွင်ဝင်နေ
တဲ့လူငယ်တွေရဲ ့ သူတို့အမြင် ၊ သူတို့ရဲ ့ ဝေဖန်သုံးသပ်မှုတွေပါ ။ စာဖတ်သူတွေကရော " မြန်မာပြည် အလုပ်အကိုင် နှင့် ပညာရေးစနစ် " ဒီလိုခေါင်းစဉ်မျိုးနဲ့ မေးခွန်းထုတ်ခဲ့မယ် ဆိုရင်ရော ဘယ်လိုများ ဝေဖန်သုံးသပ်ကြမလဲ ကွန်မက်ရေး လို့ ယဉ်ကျေးစွာ ဝင်ရောက် ဆွေးနွေးနိုင် ပါတယ် ။ 

ခွန်နေ - Khun Nay 
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
Photo Credit - Google

0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook