Zawgyi Font
ခြန္ေန - Khun Nay
အရင္က idea Contest တစ္ခုမွာေဆာင္းပါးတုိအျဖစ္ ဝင္ေရာက္ေရးသား ဖူးတယ္ ။ ကုိယ္တုိင္လည္း Online Marketing နဲ႔ပတ္သက္ၿပီး ေလ့လာလုပ္ကုိင္ ေနတာရယ္ ၊ ျမန္မာျပည္ရဲ ႔ Social Network အသုံးျပဳမႈ ႀကီးထြားလာတာရယ္ အေၾကာင္းျပဳၿပီးအြန္လုိင္းဝန္ေဆာင္မႈနဲ႔ ပတ္သက္လုိ႔အနည္းငယ္ေဆြးေႏြးၾကည့္ခ်င္တယ္ ။ စိတ္ဝင္စားသူတုိင္း လုိအပ္တာေလးမ်ားရွိရင္ ေဆြးေႏြးအႀကဳံျပဳေစလုိပါတယ္ ။
Online Marketing လုိ႔ေျပာလိုုက္ရင္ သူ႔ရဲ ႔ဘာသာရပ္ေအာက္မွာ က႑ငါးမ်ဳိး ကြဲသြားတယ္ ။
1. Social Media Marketing
2. SEO/SEM
3. PR – Public Relation
4. Email Marketing
5. Pay per Click ဆုိၿပီး သတ္မွတ္လုိ႔ရတယ္ ။
-------------------------------------------------------------------
1. Social Media Markeing
လက္ရွိျမန္မာျပည္အေနအထားအရ Social Media အပုိင္းမွာ လုပ္ငန္းရွင္ေတြ အေနနဲဲ႔ Marketing လုပ္ဖုိ႔အေကာင္းဆုံး Network ကေတာ့ လူသုံးမ်ား ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာပါပဲ ။ မုိဘုိင္းလ္ဖုန္းအသုံးျပဳမႈ ျမင့့္တက္လာသလုိ ဖုန္းသုံးၿပီဆုိတာနဲ႔ လူေတြရဲ ႔အသိမွာ အင္တာနက္(ေဖ့စ္ဘြတ္ခ္) ဆုိတာ တြဲပါေနၿပီးသားပါ ။ စာေပ၊ ဗဟုသုုတ၊ သတင္းအခ်က္အလက္ ၊ ဟာသ ၊ ရသ ၊ ရင့္ဖြင့္ခံစားခ်က္ေတြကအစ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတစ္ခုတည္းမွာသာ စုံစုံ လင္လင္ ျမင္ေတြ႔ခံစားႏုိင္တာမုိ႔႔ လူေတြဟာ ေဖ့စ္ဘြတ္ခ္ကုိ စြဲလမ္းႏွစ္သက္ ၾကတာအဆန္းေတာ့မဟုတ္ပါဘူး ။ ဒါေၾကာင့္ အခ်ဳိ ႔ေသာ ဝန္ေဆာင္မႈ လုပ္ငန္းေတြဟာ လူသုံးမ်ား ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေတြမွာ စတင္ ထုိးေဖာက္လာပါတယ္ ။ ထိေရာက္မႈလည္းရွိသလုိ ၊ အက်ဳိးသက္ေရာက္မႈက တုိက္ရုိက္အခ်ဳိးက်တယ္ ။ ထိေရာက္မႈဘယ္ေလာက္ေတာင္ရွိသလဲဆုိရင္ ဝါဒျဖန္႔ေဝမႈ ၊ မႏၱေလး ပဋိပကၡျဖစ္ပြားခဲဲ့မႈေတြမွာ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ မွတဆင့္ စတင္ခဲ့တယ္ဆုိတာ အေကာင္းဆုံးသာဓကပါပဲ ။ အျခားေသာ Social Network ေတြကေတာ့ Twitter , Linkedin , Google+ , Instgram အျပင္ မ်ားစြာက်န္ရွိ ပါေသးတယ္ ။
1. Search Engine Optimization (SEO/SEM)
အြန္လုိင္းမွာျပဳလုပ္ထားတဲ့ မိမိရဲ ႔ဝန္ေဆာင္မႈကုိ Google Search Engine မွာ User တစ္ေယာက္က သိခ်င္တဲ့အေၾကာင္းအရာေတြကုိ ရွာဖြာရာမွာ မိမိႏွင့္ သက္ဆုိင္တဲ့ လုပ္ငန္းဆုိဒ္ဟာ Google Search မွာထိပ္ဆုံးေရာက္္ရွိေအာင္ ျပဳလုပ္ရျခင္းျဖစ္ပါတယ္ ။ Search Engine Opimization လုိ႔ေခၚပါတယ္ ။ မိမိ လုပ္ငန္းဆုိဒ္ရဲ ႔ သတ္မွတ္ထားတဲ့ အရည္အေသြး ၊ အျခားေသာ ၿပဳိင္ဘက္ဆုိဒ္မ်ားထက္ SEM(Search Engine Marketing) ျပဳလုပ္ထားႏုိင္မႈ ၊ မိမိရဲ ႔ဝက္ဆုိဒ္လိပ္စာ အျခား နာမည္ႀကီးေသာ သတင္းဆုိဒ္ေတြမွာ လင့္ခ္ကူးေဖာ္ျပခံရမႈ တုိ႔အေပၚမူတည္ပါတယ္ ။ Online Marketing ေတြထဲမွာေရရွည္လုပ္ကုိင္ရမယ့္ အခုိင္မာဆုံး ၊ ရင္းႏွီးျမဳပ္ႏွံမႈ ေရရွည္လုပ္ကုိင္ရျခင္း ျဖစ္ပါတယ္ ။ Website တစ္ခုဖန္တီးတဲ့အခါ ဝက္ဆုိဒ္တစ္ခုေအာင္ျမင္ဖို႔အတြက္ အေျခခံအက်ဆုံး Channel ျဖစ္ပါတယ္။ SEO သေဘာတရားကုိ ဆက္ၿပီးရွင္းျပရင္ အမ်ားႀကီးရွည္သြားမွာ ျဖစ္တဲ့အတြက္ေနာက္မွဆက္လက္ရွင္းျပပါဦးမယ္။
3.Pay Per Click
ေအာင္ျမင္ေသာအျခားဝက္ဆုိဒ္မွာ မိမိရဲ ႔ကုန္ပစၥည္းေတြကုိ ေၾကာ္ျငာတာျဖစ္ၿပီးတုိက္ရုိက္တုံ႔ျပန္လာတဲ့ ရလဒ္အေပၚ ဝက္ဆုိဒ္ပုိင္ရွင္ ေတြကုိ အခေၾကးေငြေပးၿပီး ေၾကာ္ျငာတဲ့ သေဘာပါ ။ ဒီအပုိင္းမွာ အနီးစပ္ဆုံးရွင္းျပရရင္ အခုျပည္တြင္းကုမၸဏီအခ်ဳိ ႔ အသုံးျပဳေနတဲ့ ဥပမာ www.ihomeonlinshopping.com မွာ ေၾကာ္ျငာကုိ ၾကည့္တာနဲ႔ Point ရတာမ်ဳိးေတြ ၊ အဆုိပါပြဳိင့္ကုိ User ေတြကရတာျဖစ္ၿပီး ၊ သက္ဆုိင္သည့္ ေၾကာ္ျငာကုိ ၾကည့္ရႈသူမ်ားေလေလ လုပ္ငန္းရွင္က ဆုိဒ္ပုိင္ရွင္ကုိ ပိုက္ဆံေပးရ ေလေလပါပဲ ။ အကုန္အက်မ်ားတဲ့ Online Marketing Channel တစ္ခုလုိ႔ ဆုိႏုိင္ ပါတယ္ ။
4.Public Relation(PR)
ဒါကေတာ့ မိမိကုန္ပစၥည္း ၊ မိမိထုတ္ကုန္ ၊ ထုတ္ကုန္အသစ္ ၊ ပရုိးမုိးရွင္း ႏွင့္ ပြဲလမ္းသဘင္ အစရွိတာေတြ ကုိ မီဒီယာ ၊ သတင္စာ ရွင္းလင္းပြဲေတြျပဳလုပ္ေပး ရတာျဖစ္ၿပီး မိမိရဲ ႔အဖြဲ႔အစည္းကုိအျပဳသေဘာေဆာင္ လူသိမ်ားလာေအာင္ လုပ္ေပးရျဖင္းျဖစ္ပါတယ္ ။ Offline တစ္ဝက္ Online တစ္ဝက္လုိ႔ဆုိႏုိင္ၿပီး မီဒီယာေလာကမွာ PR လုပ္ေဆာင္သူတစ္ေယာက္ ရဲ ႔အေရးပါအေရာ ေရာက္မႈအေပၚအမ်ားႀကီးမူတည္ ပါတယ္ ။ အေရးပါအရာ ေရာက္မႈ ေတြဆုိတာကေတာ့ စာေစာင္ေတြထဲမွာ မိမိလုပ္ငန္းနဲ႔သက္ဆုိိင္တဲ့
သတင္းအခ်က္အလက္ေတြ ေဖာ္ျပခံရေအာင္လုပ္ေဆာင္ႏုိင္မႈ ၊ မိမိရဲ ႔ ထုတ္ကုန္နဲ႔ ပတ္သက္လုိ႔ အင္တာဗ်ဴးအစီအစဥ္ေတြကုိ ရုပ္သံမွာေဖာ္ျပခံရမႈ
အစရွိတဲ့ အခ်က္ေတြေပၚမွာ အမ်ားႀကီးမူတည္ပါတယ္ ။
5.Email Marketing
မိမိရဲ ႔ ဝက္ဆုိဒ္ေတြဆီကုိလာေရာက္လည္ပတ္ၿပီး Email ေတြနဲ႔
Subscribe လုပ္ထားတဲ့သူေတြဆီကုိ Electronic Direct Mailing ျပဳလုပ္
ျခင္းပါပဲ ၊ Email ေပါင္းမ်ားစြာကုိ Newsletter နဲ႔တစ္ႀကိမ္ထဲ email ေပါင္း သိန္းဂဏန္း၊ သန္းဂဏန္းထိ ျဖန့္ေဝၿပီး လုပ္ေဆာင္ျခင္းျဖစ္ပါတယ္။ အခ်ဳိ ႔ ေသာသတင္းဆုိဒ္ေတြမွာ သတင္းလႊာမ်ားရရယူရန္ ဆုိၿပီး မိမိရဲ ႔အီးေမးလ္ ကုိ ရုိက္္ထည့္ေပးလိုက္တာနဲ႔ တင္သမွ်သတင္းအသစ္ေတြ မိမိရဲ ႔အီးေမးလ္ဆီ
ေရာက္ေနတာမ်ဳိးကုိ အၾကမ္းဖ်င္း ေျပာလုိ႔ရပါတယ္ ။ အလုပ္အကုိင္ဝန္ေဆာင္ မႈဝက္ဆုိဒ္္ႏွင့္ အြန္လုိင္းေရွာ့ပင္ဆုိဒ္ေတြမွာ အမ်ားဆုံးအသုံးျပဳတဲ့ Online Marketing Channel တစ္ခုလုိ႔ဆုိင္ႏုိင္ပါတယ္။
အထက္က ကြ်န္ေတာ္ရွင္းျပခဲ့တဲ့ အခ်က္ေတြကေတာ့ သေဘာတရားအရ သိထားသင့္တဲ့ အေၾကာင္းအရာေတြျဖစ္ၿပီး Channel တစ္ခုခ်င္းစီအလုုိိက္
လုပ္ေဆာင္မႈက အမ်ားႀကီးက်ယ္ျပန္႔ပါေသးတယ္ ။ စိတ္ဝင္စားမယ္ဆုိရင္
ေနာက္မွ တစ္ခုခ်င္းစီရဲ ႔ထိေရာက္မႈမ်ားအျပင္ လုပ္ေဆာင္ပုံမ်ားကုိပါ ေရးသား တင္ဆက္ေပးသြားဦးမယ္ ။ လုိအပ္မႈမ်ားရွိပါကလည္း အႀကံျပဳေဆြးေႏြးေပး
ၾကပါလုိ႔ ေမတၱာရပ္ခံ နိဂုံးခ်ဳပ္လုိက္ရပါတယ္ ။
ခြန္ေန - Khun Nay
Unicode font
ခွန်နေ - Khun Nay
အရင်က idea Contest တစ်ခုမှာဆောင်းပါးတိုအဖြစ် ဝင်ရောက်ရေးသား ဖူးတယ် ။ ကိုယ်တိုင်လည်း Online Marketing နဲ့ပတ်သက်ပြီး လေ့လာလုပ်ကိုင် နေတာရယ် ၊ မြန်မာပြည်ရဲ ့ Social Network အသုံးပြုမှု ကြီးထွားလာတာရယ် အကြောင်းပြုပြီးအွန်လိုင်းဝန်ဆောင်မှုနဲ့ ပတ်သက်လို့အနည်းငယ်ဆွေးနွေးကြည့်ချင်တယ် ။ စိတ်ဝင်စားသူတိုင်း လိုအပ်တာလေးများရှိရင် ဆွေးနွေးအကြုံပြုစေလိုပါတယ် ။
Online Marketing လို့ပြောလိုုက်ရင် သူ့ရဲ ့ဘာသာရပ်အောက်မှာ ကဏ္ဍငါးမျိုး ကွဲသွားတယ် ။
1. Social Media Marketing
2. SEO/SEM
3. PR – Public Relation
4. Email Marketing
5. Pay per Click ဆိုပြီး သတ်မှတ်လို့ရတယ် ။
-------------------------------------------------------------------
1. Social Media Markeing
လက်ရှိမြန်မာပြည်အနေအထားအရ Social Media အပိုင်းမှာ လုပ်ငန်းရှင်တွေ အနေနဲဲ့ Marketing လုပ်ဖို့အကောင်းဆုံး Network ကတော့ လူသုံးများ ဖေ့စ်ဘွတ်ခ် စာမျက်နှာပါပဲ ။ မိုဘိုင်းလ်ဖုန်းအသုံးပြုမှု မြင့့်တက်လာသလို ဖုန်းသုံးပြီဆိုတာနဲ့ လူတွေရဲ ့အသိမှာ အင်တာနက်(ဖေ့စ်ဘွတ်ခ်) ဆိုတာ တွဲပါနေပြီးသားပါ ။ စာပေ၊ ဗဟုသုုတ၊ သတင်းအချက်အလက် ၊ ဟာသ ၊ ရသ ၊ ရင့်ဖွင့်ခံစားချက်တွေကအစ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုတည်းမှာသာ စုံစုံ လင်လင် မြင်တွေ့ခံစားနိုင်တာမို့့ လူတွေဟာ ဖေ့စ်ဘွတ်ခ်ကို စွဲလမ်းနှစ်သက် ကြတာအဆန်းတော့မဟုတ်ပါဘူး ။ ဒါကြောင့် အချို ့သော ဝန်ဆောင်မှု လုပ်ငန်းတွေဟာ လူသုံးများ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ စတင် ထိုးဖောက်လာပါတယ် ။ ထိရောက်မှုလည်းရှိသလို ၊ အကျိုးသက်ရောက်မှုက တိုက်ရိုက်အချိုးကျတယ် ။ ထိရောက်မှုဘယ်လောက်တောင်ရှိသလဲဆိုရင် ဝါဒဖြန့်ဝေမှု ၊ မန္တလေး ပဋိပက္ခဖြစ်ပွားခဲဲ့မှုတွေမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှတဆင့် စတင်ခဲ့တယ်ဆိုတာ အကောင်းဆုံးသာဓကပါပဲ ။ အခြားသော Social Network တွေကတော့ Twitter , Linkedin , Google+ , Instgram အပြင် များစွာကျန်ရှိ ပါသေးတယ် ။
1. Search Engine Optimization (SEO/SEM)
အွန်လိုင်းမှာပြုလုပ်ထားတဲ့ မိမိရဲ ့ဝန်ဆောင်မှုကို Google Search Engine မှာ User တစ်ယောက်က သိချင်တဲ့အကြောင်းအရာတွေကို ရှာဖွာရာမှာ မိမိနှင့် သက်ဆိုင်တဲ့ လုပ်ငန်းဆိုဒ်ဟာ Google Search မှာထိပ်ဆုံးရောက််ရှိအောင် ပြုလုပ်ရခြင်းဖြစ်ပါတယ် ။ Search Engine Opimization လို့ခေါ်ပါတယ် ။ မိမိ လုပ်ငန်းဆိုဒ်ရဲ ့ သတ်မှတ်ထားတဲ့ အရည်အသွေး ၊ အခြားသော ပြိုင်ဘက်ဆိုဒ်များထက် SEM(Search Engine Marketing) ပြုလုပ်ထားနိုင်မှု ၊ မိမိရဲ ့ဝက်ဆိုဒ်လိပ်စာ အခြား နာမည်ကြီးသော သတင်းဆိုဒ်တွေမှာ လင့်ခ်ကူးဖော်ပြခံရမှု တို့အပေါ်မူတည်ပါတယ် ။ Online Marketing တွေထဲမှာရေရှည်လုပ်ကိုင်ရမယ့် အခိုင်မာဆုံး ၊ ရင်းနှီးမြုပ်နှံမှု ရေရှည်လုပ်ကိုင်ရခြင်း ဖြစ်ပါတယ် ။ Website တစ်ခုဖန်တီးတဲ့အခါ ဝက်ဆိုဒ်တစ်ခုအောင်မြင်ဖို့အတွက် အခြေခံအကျဆုံး Channel ဖြစ်ပါတယ်။ SEO သဘောတရားကို ဆက်ပြီးရှင်းပြရင် အများကြီးရှည်သွားမှာ ဖြစ်တဲ့အတွက်နောက်မှဆက်လက်ရှင်းပြပါဦးမယ်။
3.Pay Per Click
အောင်မြင်သောအခြားဝက်ဆိုဒ်မှာ မိမိရဲ ့ကုန်ပစ္စည်းတွေကို ကြော်ငြာတာဖြစ်ပြီးတိုက်ရိုက်တုံ့ပြန်လာတဲ့ ရလဒ်အပေါ် ဝက်ဆိုဒ်ပိုင်ရှင် တွေကို အခကြေးငွေပေးပြီး ကြော်ငြာတဲ့ သဘောပါ ။ ဒီအပိုင်းမှာ အနီးစပ်ဆုံးရှင်းပြရရင် အခုပြည်တွင်းကုမ္ပဏီအချို ့ အသုံးပြုနေတဲ့ ဥပမာ www.ihomeonlinshopping.com မှာ ကြော်ငြာကို ကြည့်တာနဲ့ Point ရတာမျိုးတွေ ၊ အဆိုပါပွိုင့်ကို User တွေကရတာဖြစ်ပြီး ၊ သက်ဆိုင်သည့် ကြော်ငြာကို ကြည့်ရှုသူများလေလေ လုပ်ငန်းရှင်က ဆိုဒ်ပိုင်ရှင်ကို ပိုက်ဆံပေးရ လေလေပါပဲ ။ အကုန်အကျများတဲ့ Online Marketing Channel တစ်ခုလို့ ဆိုနိုင် ပါတယ် ။
4.Public Relation(PR)
ဒါကတော့ မိမိကုန်ပစ္စည်း ၊ မိမိထုတ်ကုန် ၊ ထုတ်ကုန်အသစ် ၊ ပရိုးမိုးရှင်း နှင့် ပွဲလမ်းသဘင် အစရှိတာတွေ ကို မီဒီယာ ၊ သတင်စာ ရှင်းလင်းပွဲတွေပြုလုပ်ပေး ရတာဖြစ်ပြီး မိမိရဲ ့အဖွဲ့အစည်းကိုအပြုသဘောဆောင် လူသိများလာအောင် လုပ်ပေးရဖြင်းဖြစ်ပါတယ် ။ Offline တစ်ဝက် Online တစ်ဝက်လို့ဆိုနိုင်ပြီး မီဒီယာလောကမှာ PR လုပ်ဆောင်သူတစ်ယောက် ရဲ ့အရေးပါအရော ရောက်မှုအပေါ်အများကြီးမူတည် ပါတယ် ။ အရေးပါအရာ ရောက်မှု တွေဆိုတာကတော့ စာစောင်တွေထဲမှာ မိမိလုပ်ငန်းနဲ့သက်ဆိုိင်တဲ့
သတင်းအချက်အလက်တွေ ဖော်ပြခံရအောင်လုပ်ဆောင်နိုင်မှု ၊ မိမိရဲ ့ ထုတ်ကုန်နဲ့ ပတ်သက်လို့ အင်တာဗျူးအစီအစဉ်တွေကို ရုပ်သံမှာဖော်ပြခံရမှု
အစရှိတဲ့ အချက်တွေပေါ်မှာ အများကြီးမူတည်ပါတယ် ။
5.Email Marketing
မိမိရဲ ့ ဝက်ဆိုဒ်တွေဆီကိုလာရောက်လည်ပတ်ပြီး Email တွေနဲ့
Subscribe လုပ်ထားတဲ့သူတွေဆီကို Electronic Direct Mailing ပြုလုပ်
ခြင်းပါပဲ ၊ Email ပေါင်းများစွာကို Newsletter နဲ့တစ်ကြိမ်ထဲ email ပေါင်း သိန်းဂဏန်း၊ သန်းဂဏန်းထိ ဖြန့်ဝေပြီး လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အချို ့ သောသတင်းဆိုဒ်တွေမှာ သတင်းလွှာများရရယူရန် ဆိုပြီး မိမိရဲ ့အီးမေးလ် ကို ရိုက််ထည့်ပေးလိုက်တာနဲ့ တင်သမျှသတင်းအသစ်တွေ မိမိရဲ ့အီးမေးလ်ဆီ
ရောက်နေတာမျိုးကို အကြမ်းဖျင်း ပြောလို့ရပါတယ် ။ အလုပ်အကိုင်ဝန်ဆောင် မှုဝက်ဆိုဒ််နှင့် အွန်လိုင်းရှော့ပင်ဆိုဒ်တွေမှာ အများဆုံးအသုံးပြုတဲ့ Online Marketing Channel တစ်ခုလို့ဆိုင်နိုင်ပါတယ်။
အထက်က ကျွန်တော်ရှင်းပြခဲ့တဲ့ အချက်တွေကတော့ သဘောတရားအရ သိထားသင့်တဲ့ အကြောင်းအရာတွေဖြစ်ပြီး Channel တစ်ခုချင်းစီအလုုိိက်
လုပ်ဆောင်မှုက အများကြီးကျယ်ပြန့်ပါသေးတယ် ။ စိတ်ဝင်စားမယ်ဆိုရင်
နောက်မှ တစ်ခုချင်းစီရဲ ့ထိရောက်မှုများအပြင် လုပ်ဆောင်ပုံများကိုပါ ရေးသား တင်ဆက်ပေးသွားဦးမယ် ။ လိုအပ်မှုများရှိပါကလည်း အကြံပြုဆွေးနွေးပေး
ကြပါလို့ မေတ္တာရပ်ခံ နိဂုံးချုပ်လိုက်ရပါတယ် ။
ခွန်နေ - Khun Nay
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။